Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1အကြံပေးခြင်း Empty အကြံပေးခြင်း 16th March 2010, 2:59 pm

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ဒါကို ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်ဘူး....အဆင့်သတ်မှတ်တာနဲ့ ပတ်သတ်ပြီးပြောချင်တာပါ....ပိုစ့်ကိုကြည့်ပြီး အဆင့်သတ်မှတ်တော့ တိုတိုလေးကျေးဇူးတင်ကြောင်းပြောပြီး လည်းပိုစ့်တစ် ခုဖြစ်သွား
တော့သိပ်ပြီး ဘ၀င်မကျဘူး..... ကိုယ့်ကိုကိုယ်ဘ၀င်မကျတာပါ......ခုကြည့်လိုက်တော့ Reader ဖြစ်နေပြီ...ဒါပေမယ့် ဘာမှအကျိုးမပြုပေး နိုင်သေးလို့ ရှက်မိတယ်......ဘယ်လိုလုပ်ရင်ကောင်းမလဲ
ဆိုတာတော့မစဉ်းစားတတ်ဘူးဗျ.... Razz ဒါပေမယ့် မင်မင်တို့ အချိန်ရရင်စဉ်းစားကြပါဦးနော်....အော်ဒါအကြံပြုတာနော် ဟိုလူကြီးပြောသလို အကျိုးမရှိတာတွေမတင်နဲ့ဆိုလို့ နဲနဲလန့်နေရတယ်..... :cry



Last edited by $ƴǩǾ on 17th March 2010, 4:07 pm; edited 2 times in total (Reason for editing : TEMPORARY PLACE မှပြောင်းထားပါသည်။)

2အကြံပေးခြင်း Empty Re: အကြံပေးခြင်း 16th March 2010, 4:02 pm

solakoko

solakoko
Moderator



Moderator
ကျနော်ကတော့ အကျိုးမရှိရင် နေပါစေ
တစ်ဦးနဲ့ တစ်ဦး အငြင်းပွားစေလိုတဲ့ Post,ထိခိုက်အောင် စောင်းမြောင်းပြောဆိုတဲ့ Post,
တစ်ဦးတစ်ယောက်ရဲ့ ချို့ ယွင်းချက်တွေပဲ ရှာကြံပြီးတင်တဲ့ Post စသည်ပေါ့ဗျာ.အများကြီးပါ
အဲဒါမျိုးတွေက ရိုးရိုး ကျေးဇူးတင်ပါသည် ဆိုပြီးတင်တဲ့ Post ထက် အကျိုးရှိပါတယ်လို့ ထင်ပါကြောင်း၊
ပြီးတော့...........
ကျေးဇူးတင်ပါသည်။ ဆိုတာ လောက်ပဲ ပြောတဲ့သူကိုလဲ ကျနော်တို့ သတိပေးပါတယ်။နောက်မလုပ်ဖို့ အတွက်ပေါ့။
သုံးခါထပ် ကျော်ပြီး ကျေးဇူးတင်ပါသည်လုပ်ရင် လည်း Warning ပေးပါလိမ့်မယ်ဗျာ။
အဆင့်သတ်မှတ်တာနဲ့ ပတ်သတ်ပြီးတော့လဲ Admin တွေထပ်ရှင်းပြပါလိမ့်မယ်။(ပို့ လိုက်ပြီ :shout )
ဖိုရမ်အတွက် အခုလိုဝေဖန်ပေးတာ ကိုပဲ ကျေးဇူးတင်ရှိပါကြောင်း။ ။ :shout

3အကြံပေးခြင်း Empty Re: အကြံပေးခြင်း 16th March 2010, 4:10 pm

mars

mars
Moderator



Moderator
Code:
ပိုစ့်ကိုကြည့်ပြီး အဆင့်သတ်မှတ်တော့ တိုတိုလေးကျေးဇူးတင်ကြောင်းပြောပြီး လည်းပိုစ့်တစ် ခုဖြစ်သွား
တော့သိပ်ပြီး ဘ၀င်မကျဘူး....
အဲဒိအတွက်က $ƴǩǾ တို့က အစောကြီးကတည်းက စီစဉ်ပေးပြီးသားပါ... ပို့စ်တစ်ခုအတွက်ကျေးဇူးတင်တယ်ဆိုရင် Thanks ဆိုတဲ့ Button လေးကိုနှိပ်ပေးရင်ကိုပဲ အဆင်ပြေပါတယ်...
Code:
ခုကြည့်လိုက်တော့ Reader ဖြစ်နေပြီ...ဒါပေမယ့် ဘာမှအကျိုးမပြုပေး နိုင်သေးလို့ ရှက်မိတယ်......ဘယ်လိုလုပ်ရင်ကောင်းမလဲ
ဆိုတာတော့မစဉ်းစားတတ်ဘူးဗျ....
အဲဒါအတွက်ကကျတော့ အကိုကိုယ်တိုင်ပို့စ်တစ်ခုကို စတင်ကြည့်ပါ... reply လေးတွေ၊ အဲဒိကနေပြန်လာမယ့် Feedback လေးတွေကို မျှော်မိတတ်ပါတယ်... အဲဒိအတွက် ကိုယ်တင်တဲ့ပို့စ်ကို ဂရုတစိုက်ဖတ်ပြီး တလေးတစားစာပြန်ပေးတော့ တင်ရတဲ့သူတွေအတွက် ပိုပြီးပီတိဖြစ်ရတာပေါ့ဗျာ... အဲဒါကြောင့် ဖိုရမ်မှာ စည်းကမ်းနဲ့အညီ ဘာလုပ်လုပ် အကောင်းလုံးက ၀ိုင်းဝန်းအားပေးနေပါတယ်ဗျာ... ရှက်စရာ အားငယ်စရာမလိုပါဘူး...
Code:
ဟိုလူကြီးပြောသလို အကျိုးမရှိတာတွေမတင်နဲ့ဆိုလို့ နဲနဲလန့်နေရတယ်....
အဲဒါကတော့ ကျနော်ထင်တယ်.. နားလည်မှုနည်းနည်းလွဲနေတယ်လို့... ဘာလို့လဲဆိုတော့ အမြဲတမ်း နည်းပညာအကြောင်းတွေချည်းပြောရမယ်လို့ မဆိုလိုထားပါဘူး... ဘာလို့လဲဆိုတော့ ကျတော်တို့ဖိုရမ်မှာ Free Talkin' ဆိုတာကိုဖွင့်ထားတယ်လေ... အခုလို အမြင်လေးတွေတင်ပြပေးတာကိုလည်း ကြိုဆိုပါတယ်ဗျာ...

http://sidnaing.co.cc/

4အကြံပေးခြင်း Empty Re: အကြံပေးခြင်း 16th March 2010, 7:15 pm

sHa92

sHa92
Founder



Founder
ကို Mars လည်း ရှင်းတော့ရှင်းပြီးပြီ။ လိုချင်တဲ့အဖြေမပါလောက်သေးဘူးထင်လို့။ ကျွန်တော်ပြန်ပြီးတော့ ရှင်းပြပေးပါမယ်။
ဘယ်ကစပြောရမလဲဆိုတော့...

လင်းထက် wrote:ဒါကို ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်ဘူး....အဆင့်သတ်မှတ်တာနဲ့ ပတ်သတ်ပြီးပြောချင်တာပါ....ပိုစ့်ကိုကြည့်ပြီး အဆင့်သတ်မှတ်တော့ တိုတိုလေးကျေးဇူးတင်ကြောင်းပြောပြီး လည်းပိုစ့်တစ် ခုဖြစ်သွားတော့သိပ်ပြီး ဘ၀င်မကျဘူး..... ကိုယ့်ကိုကိုယ်ဘ၀င်မကျတာပါ......
ဒါလေးကို စရှင်းပြပေးမယ်နော်။
၁ အချက်အနေနဲ့ မြန်မာနိုင်ငံတွင် Rank မသတ်မှတ်ထားပါက Post မတင်ချင်ကြပါ။ (Ning တွေနဲ့ မနှိုင်းပါနဲ့။ Smile )
၂ အချက်က ကျွန်တော့်အနေနဲ့ Rank မသတ်မှတ်ဘဲ တခြားနည်းနဲ့ Post တင်ရင် badges လေးတွေကို ဆုတစ်ခုအနေနဲ့ ကိုယ့်နာမည်အောက်မှာပေါ်နေအောင်လည်း လုပ်ကြည့်ဖို့ စဉ်းစားမိပြီးသားပါ။ (အဲလိုလုပ်တာ ဘယ်မှာမှမတွေ့ဖူးသေးဘူး။)
၃ အချက်ကတော့ အဲလိုသာ လုပ်မယ်ဆိုရင် Post ဘယ်လောက်တင်တင် Rank က ပုံသေ New Member ဆိုတာဘဲဖြစ်နေမယ်။
အဲဒီ့တော့ လုပ်စေချင်ရင်လည်း စာမေးပွဲပြီးတာနဲ့ လုပ်လိုက်မယ်။ Forum Version တစ်ခုလုံး System တစ်ခုလုံးကို ကျွန်တော်စာမေးပွဲပြီးတာနဲ့ ပြောင်းဖို့ အစီအစဉ်ရှိတာဆိုတော့ အဲဒါပါထည့်ပြောင်းပါမယ်။ တကယ်ပြောင်းစေချင်ကြရင်ပေါ့။

လင်းထက် wrote:ခုကြည့်လိုက်တော့ Reader ဖြစ်နေပြီ...ဒါပေမယ့် ဘာမှအကျိုးမပြုပေး နိုင်သေးလို့ ရှက်မိတယ်......ဘယ်လိုလုပ်ရင်ကောင်းမလဲ
ဆိုတာတော့မစဉ်းစားတတ်ဘူးဗျ.... Razz ဒါပေမယ့် မင်မင်တို့ အချိန်ရရင်စဉ်းစားကြပါဦးနော်....အော်ဒါအကြံပြုတာနော် ဟိုလူကြီးပြောသလို အကျိုးမရှိတာတွေမတင်နဲ့ဆိုလို့ နဲနဲလန့်နေရတယ်..... :cry
ဟုတ်ကဲ့။ Reader ဖြစ်နေတာ ရှက်စရာလား။ တကယ်လည်း Reader အဆင့်ကိုရောက်နေတာဘဲလေ။
post တွေ ရှာဖတ်တယ်။ Reply တွေပြန်တယ်။ ခေါင်းစဉ်အသစ်တွေရေးပေးတယ်လေ။ အကြံတွေလည်း ပြုတာဘဲ။ မဟုတ်ဘူးလား။
အကျိုးလည်းပြုနေတာဘဲလေ။ (ကြုံတုန်း ပြောရရင် ကို Two Two ဆို တကယ့် Reader အစစ်။ Smile Dead Topic တွေကိုတောင် ရှာဖတ်ပြီး အသက်သွင်းသေးတာဘဲ။) အဲလိုမျိုးဆို Reader Rank က တကယ်တန်တာပေါ့။ ဟုတ်ဘူးလား။

အကျိုးမရှိတာတွေ မတင်နဲ့ဆိုတာ နားလည်မှုလွဲသွားတယ်ထင်ပါရဲ့။
Unicode ပိုစ့်လားမသိဘူး?
အဲဒါကို အကျိုးမရှိဘူးလို့တော့ ပြောပါဘူး။ အကျိုးရှိပါတယ်။ ဒါပေမယ့် တခြားသူတွေ ဘာမှမသိဘဲ Unicode War ထဲ ရောယောင်ပါသွားမှာစိုးလို့။
အဲဒီ့ Post မဟုတ်ရင်တော့ ဘယ်နားမှာ ဘယ်သူပြောထားတယ်ဆိုတာ Link လေး ညွှန်ပေးပါဦး။ ဒါမှ ရှင်းပေးလို့ရမှာပေါ့။

အခုလို အကြံပြုပေးတဲ့အတွက် ကျွန်တော်တို့ အရမ်းကျေးဇူးတင်ပါတယ်ဗျာ။
ကျွန်တော်လုပ်ချင်တဲ့ System ကလည်း အစ်ကိုပေးတဲ့ အကြံနဲ့ နည်းနည်းကိုက်ညီမှုရှိတော့ ထောက်ခံတဲ့သူ တစ်ယောက်ရှိလာပြီဆိုရမယ်။ Smile

Thanks,
$ƴǩǾ

http://www.myanmaritresource.info

5အကြံပေးခြင်း Empty Re: အကြံပေးခြင်း 16th March 2010, 7:49 pm

mars

mars
Moderator



Moderator
$ƴǩǾ ရှင်းလိုက်တော့မှ အားလုံးတကယ်ပြည့်စုံသွားတယ်... အကိုက ရေးမယ့်သူမရှိလို့ ရေးဖို့ ကြံပြီးသာ ရေးလိုက်တာ.. တကယ်တော့ ဖိုရမ်နဲ့ပတ်သတ်တာကို $ƴǩǾ လောက်အတွင်းကျကျမသိတော့ ရေးတာမှားသွားရင် ဖြေတာမှားသွားရင် လည်း ဖိုရမ်တစ်ခုလုံးနဲ့ဆိုင်တော့ ထိန်းထိန်းသိမ်းသိမ်းလေးပဲရေးလိုက်တာပါ... အခုလို $ƴǩǾ ပြောပြတော့မှ ဖိုရမ်ရဲ့ ရှေ့ရေးလုပ်ဆောင်မယ့် အစီအစဉ်သစ်လေးတွေကို တစ်စွန်းတစ်စ သိရတော့တယ်... ညီစွမ်းအကို့ကိုပြောပြတဲ့ ဖိုရမ်လောကထဲမှာ ဘာကို အထူးပြုအလေးထားပြီးလုပ်မယ်ဆိုတာကို အကိုကတော့ တော်တော်တောင့်တနေတယ်... အမြန်ဆုံးဖိုရမ်ကိစ္စကို ဆောင်ရွက်နိုင်ပါစေလို့...

http://sidnaing.co.cc/

6အကြံပေးခြင်း Empty Re: အကြံပေးခြင်း 16th March 2010, 7:59 pm

sHa92

sHa92
Founder



Founder
mars wrote:$ƴǩǾ ရှင်းလိုက်တော့မှ အားလုံးတကယ်ပြည့်စုံသွားတယ်... အကိုက ရေးမယ့်သူမရှိလို့ ရေးဖို့ ကြံပြီးသာ ရေးလိုက်တာ.. တကယ်တော့ ဖိုရမ်နဲ့ပတ်သတ်တာကို $ƴǩǾ လောက်အတွင်းကျကျမသိတော့ ရေးတာမှားသွားရင် ဖြေတာမှားသွားရင် လည်း ဖိုရမ်တစ်ခုလုံးနဲ့ဆိုင်တော့ ထိန်းထိန်းသိမ်းသိမ်းလေးပဲရေးလိုက်တာပါ... အခုလို $ƴǩǾ ပြောပြတော့မှ ဖိုရမ်ရဲ့ ရှေ့ရေးလုပ်ဆောင်မယ့် အစီအစဉ်သစ်လေးတွေကို တစ်စွန်းတစ်စ သိရတော့တယ်... ညီစွမ်းအကို့ကိုပြောပြတဲ့ ဖိုရမ်လောကထဲမှာ ဘာကို အထူးပြုအလေးထားပြီးလုပ်မယ်ဆိုတာကို အကိုကတော့ တော်တော်တောင့်တနေတယ်... အမြန်ဆုံးဖိုရမ်ကိစ္စကို ဆောင်ရွက်နိုင်ပါစေလို့...

Topic ကတော့ ချော်တော့ ချော်တော့မယ်။ ဒါပေမယ့် သက်ဆိုင်နေတော့ တစ်ခါထဲ ပြောလိုက်ဦးမယ်။ Smile
ဖိုရမ်ရှေ့ရေးကတော့ အများကြီး လုပ်ချင်သေးတယ်။ ဒါပေမယ့် တစ်ခုလုပ်ရင် တစ်ခုက အားနည်းသွားမှာ။ အကယ်လို့ ကျွန်တော်က Template ပြင်မယ်ဆိုရင် TuTs တွေ ထွက်လာမှာဟုတ်တော့ဘူး။ အမှန်အတိုင်းပြောရရင်တော့ TuTs တွေထက် Template ပြင်ရမှာကို ပိုကြိုက်တယ်။ Smile

ကျွန်တော်ပြောထားတာကိုကတော့ ရအောင်လုပ်မှာပေါ့။ Smile
အခုတောင် System ကို စရေးနေပြီ။ ဒါပေမယ့် ကျွန်တော်က php နဲ့ ရေးနေတာဆိုတော့ ဒီ Forum နဲ့ ပေါင်းထားလို့မရလို့ ခွဲထုတ်ရမှာဗျ။ Hosting လည်းရှာရဦးမယ်။ Exploits ရှိမရှိလည်း စစ်ဆေးဖို့ ၊ အစ်ကိုတော်တွေကို အကူအညီတွေတောင်းရဦးမယ်။ ကြာတော့ကြာဦးမယ်ထင်တယ်။ Smile

အစ်ကိုတို့အားပေးနေရင် ကျွန်တော် ဆက်လျှောက်မှာပေါ့ဗျာ။ အားလုံးကို ရပ်တန့်ပလိုက်ချင်ပေမယ့် အားပေးနေတဲ့သူတွေကြောင့် ဘယ်လိုမှ ရပ်တန့်လို့မှမရတာ။ Smile

http://www.myanmaritresource.info

7အကြံပေးခြင်း Empty Re: အကြံပေးခြင်း 17th March 2010, 3:08 pm

sHa92

sHa92
Founder



Founder
Rank နဲ့ ပတ်သက်ပြီး ကို လင်းထက် အနေနဲ့ ဘာပြောချင်သေးလဲမသိဘူးခင်ဗျ။

လုပ်ပါဦး။ အကြံလေးတွေပေးကြပေါ့။ ပွင့်ပွင့်လင်းလင်းပြောပါ။

ဟိုစာတွေကိုတော့ Unicode ထဲ ပို့လိုက်ပြီနော်။

http://www.myanmaritresource.info

8အကြံပေးခြင်း Empty Re: အကြံပေးခြင်း 17th March 2010, 4:01 pm

လင်းထက်

လင်းထက်
MITR Reader



MITR Reader
စဉ်းစားနေတယ်ဗျ ဘာလို့လဲဆိုတော့ ပိုစ့်ကအသစ်တင် တိုင်းအမှတ်ပေးရအောင်လည်း..တချို့ဟာကတစ်ကြောင်းပိုစ့်
တွေရှိတယ်ဗျ...(ကျွန်တော့်လိုဟီး Smile ...) ချည်းချားပြီးရင်ထပ်ပြောမယ်လေ........... Razz

9အကြံပေးခြင်း Empty Re: အကြံပေးခြင်း 17th March 2010, 4:09 pm

sHa92

sHa92
Founder



Founder
လင်းထက် wrote:စဉ်းစားနေတယ်ဗျ ဘာလို့လဲဆိုတော့ ပိုစ့်ကအသစ်တင် တိုင်းအမှတ်ပေးရအောင်လည်း..တချို့ဟာကတစ်ကြောင်းပိုစ့်
တွေရှိတယ်ဗျ...(ကျွန်တော့်လိုဟီး Smile ...) ချည်းချားပြီးရင်ထပ်ပြောမယ်လေ........... Razz

ဟုတ်တယ်ဗျ။ အဲဒါကြီးက တော်တော် ခေါင်းစားတဲ့ အလုပ်။
ကျွန်တော်လုပ်ချင်တဲ့ စနစ်ကို အခု နည်းနည်းပြောပြမယ်လေ။

Rank က တစ်ခုထဲရှိမယ်။ Post ဘယ်လောက်တင်တင်။

အကျိုးပြုတဲ့သူတွေကိုမှ Admins, Mods တွေက သက်သက် Rank ထပ်ခွဲပြီး ဆုပေးသလိုပေးထားမယ်။

အဲဒီအကြံမကောင်းဘူးလား

http://www.myanmaritresource.info

10အကြံပေးခြင်း Empty Re: အကြံပေးခြင်း 17th March 2010, 4:15 pm

လင်းထက်

လင်းထက်
MITR Reader



MITR Reader
အကျိုးပြုတယ် မပြုဘူးဆိုကို ဘယ်လိုဆုံးဖြတ်မလဲ ပြောဦးလေ

11အကြံပေးခြင်း Empty Re: အကြံပေးခြင်း 17th March 2010, 4:20 pm

sHa92

sHa92
Founder



Founder
sorry။ နည်းနည်း လိုသွားတယ်။
အကျိုးပြုတယ် ၊ မပြုဘူးဆိုတာက အမျိုးမျိုးရှိတယ်လေ

TuTs တင်တဲ့သူအတွက်ဆို တစ်မျိုး။
Reply ပြန်ပြီးတော့ Problem Solving လုပ်ပေးနေတဲ့သူဆို တစ်မျိုး။
Active လုံးဝဖြစ်တဲ့ ကို TWO TWO တို့လို သူတွေအတွက်ဆို တစ်မျိုး။
Idea သစ်တွေ ၊ ဝေဖန်ချက်တွေ တင်ပြတတ်တဲ့ အစ်ကိုတို့လိုလူမျိုးတွေ အတွက်ဆို တစ်မျိုး။

အများကြီး ၊ အများကြီး ပေးလို့ရပါတယ်။

http://www.myanmaritresource.info

12အကြံပေးခြင်း Empty Re: အကြံပေးခြင်း 17th March 2010, 4:22 pm

sHa92

sHa92
Founder



Founder
အော်။ ပြီးတော့ အခုဆို Forum Template အသစ်ကို ကျွန်တော် အစကနေစဆွဲနေပြီ ၃၀% လောက်တော့ ပြီးပြီလို့ ပြောလို့ရတယ်။
ဒါပေမယ့် သေချာ အချောသတ်ဖို့ဆို နောက် ၂ လ လောက်ထိတော့ ကြာမယ်ထင်တယ်။ Smile

အဲဒီ့ Template အသစ်စက်စက်နဲ့ အခု System တွေကို စနိုင်အောင်လို့ အစ်ကိုတို့လည်း အကြံများများပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ။

ကျေးဇူးတင်စွာဖြင့်
$ƴǩǾ

http://www.myanmaritresource.info

13အကြံပေးခြင်း Empty Re: အကြံပေးခြင်း 17th March 2010, 5:23 pm

kolynn

kolynn
MITR New User



ဟုတ်တယ်ဗျ...
အပေါ်က အစ်ကိုတွေပြောသလို Post Count နဲ့ Rank လုပ်ပြန်တော့လည်း ကျေးဇူးတင်ပါသည် ဆိုတာလောက်နဲ့ Post တစ်ခုကဖြစ်ဦးမယ်...
Warning ပေးနေရပြန်တော့လည်း အမြင်မကြည်ရင် စိတ်ကသိကအောက်တွေကဖြစ်ဦးမယ်...
အဲဒီတော့ Admin နဲ့ Mod တွေ တိုင်ပင်ပြီး ပေးသင့်တဲ့လူကိုပေးဖို့ မဲခွဲကြပေါ့.... Razz Razz
ပြီးတော့မှ Category တစ်ခုခွဲပြီး ဒီလူ.. ဒီလူတွေကို ဒီအတွက်ကြောင့် ဒီလို Rank ပေးလိုက်ပါတယ်ဆိုတာ ချပြလိုက်ပေါ့...
နည်းနည်းလျှာဝင်ရှည်ကြည့်တာပါ... အမှားပါသွားရင် ဆောရီးပါခင်ဗျာ... :cry

http://www.rhythmlessworld.co.cc

14အကြံပေးခြင်း Empty Re: အကြံပေးခြင်း 17th March 2010, 7:18 pm

mars

mars
Moderator



Moderator
ကျနော်လည်း အဲဒါကိုဝင်ဆွေးနွေးလိုက်ဦးမယ်... အဲလိုမျိုးကိစ္စတွေကတော့ ဖိုရမ်တိုင်းမှာ အနည်းနဲ့ အများပဲကွာမယ်... ရှိကြမှာပါ... ဘာလို့လဲဆိုတော့ အကူအညီ တစ်ခုခု အပေးအယူရှိတိုင်းမှာ လူတိုင်းက Feedback ကိုတော့ ပြန်မျှော်မိကြပါတယ်... အဆင်ပြေမပြေကအစပေါ့ဗျာ... အဲဒိတော့ Thanks လေးနှိပ်ရုံနဲ့တော့ ရတယ်ဆိုပေမယ့် ဘယ်သူကကျေးဇူးတင်တာလဲ ဆိုတာကိုမသိရတဲ့အတွက် အဆင်ပြေမပြေကိုလည်းမသိနိုင်ဘူး... အဲဒိအတွက် တစ်ကြောင်းပို့စ်တွေက ဒီဖိုရမ်မှာ ပေါ်လာတာဖြစ်ဖို့များပါတယ်... အဆင်ပြေတဲ့သူကလည်း ပြေတဲ့အကြောင်းကို ပြောပြချင်တာ သဘာဝပါ... အဲဒိအတွက် Thanks ဆိုတာလေး နှိပ်ရုံနဲ့ မလုံလောက်ဘူးထင်တယ်... ဘယ်သူကျေးဇူးတင်တာလဲဆိုတာကိုသိရရင်တော့ တစ်ကြောင်းပို့စ်ကို ရေးစရာလိုမယ်မထင်တော့ပါဘူး... အဲဒိအတွက်ကျနော်အပေါ်မှာရှင်းပြထားတာ ပြန်တွေးကြည့်တော့မှ နည်းနည်းလိုနေတယ်.. မပြည့်စုံဘူးဖြစ်နေတယ်... အခုဒီအချက်လေးကို အခြေခံပြီးစဉ်းစားလိုက်ရင် နည်းနည်းတော့ တစ်ကြောင်းပို့စ်တွေလျှော့လာမယ်ထင်တာပဲ... ဒါကကျနော်အမြင်လေးပါဗျာ... နောက်တစ်ခုက ဖိုရမ်မှာ အဲလိုမျိုး ရေးသားတာမျိုးတွေကိုကအစ လိုက်ပြီးကန့်သတ်နေရင် ဘာမှမရေးရဲ မပြုရဲဖြစ်သွားမှာဆိုးလို့ပါ... အဲလိုရေးစမရှိရင် ဖိုရမ်မှာ အဲဒိမန်ဘာက ရင်းနှီးမှုမရှိတော့ဘူး... အဲဒိကျရင် ဖိုရမ်အတွက် အနှုတ်လက္ခဏာ ဖြစ်လာလိမ့်မယ်... အခုကျနော်တို့ဖိုရမ်က မအောင်မြင်သေးပါဘူး... အောင်မြင်မှုလမ်းကြောင်းပေါ်ကို အခုမှစတတ်လာတာပါ... အဲလိုပြောလို့စိတ်ဆိုးရင်လည်း ကျနော်ခံပါ့မယ်... ဒါပေမယ့် ဒါက တကယ့်လက်ရှိပါ... ဖိုရမ်မှာ လှုပ်ရှားနေတဲ့ မန်ဘာဝင်တွေနဲ့ ပို့စ်တွေကိုကြည့်ရင် ဒီဖိုရမ်ရဲ့ အောင်မြင်မှု၊ လူသိမှုတွေ၊ လူယုံကြည်အားကိုးမှုတွေကို သိရှိနိုင်မှာပါ... လောလောဆယ် တစ်နှစ်ဆိုတဲ့အတိုင်းအတာလေးမှာ ဒီလောက်အထိဖြစ်လာတာ $ƴǩǾ, alt.332 တို့ အများကြီး လုပ်လာကြလို့ပါ... ရင်းနှိးခဲ့ရတဲံအချိန်တွေ မမြင်နိုင်တဲ့ ပေးဆပ်မှုတွေကတော့ ရှိနေမှာပါ... အခုက အဲဒိလမ်းကြောင်းကို သူတို့အပြင် ကျနော်တို့တွေကလည်း တတ်နိုင်သမျှ တတ်စွမ်းသမျှ ၀ိုင်းဝန်းကူညီပေးဖို့ပါ... ဒီဖိုရမ်က မန်ဘာအားလုံးနဲ့ဆိုင်ပါတယ်... အော်ဒါနဲ့ ကျနော် တစ်လက်စတည်း ပြောလိုက်ဦးမယ်.. အခုဖိုရမ်ကို လူပိုသိလာအောင်လို့ Facebook Fan Club လုပ်ပေးထားပါလို့တောင်းဆိုချင်တာပါ... လက်ခံမယ်လို့လည်းထင်ပါတယ်... နောက်ပြီး ကျနော် myanmardaily.net မှာ ကျနော်တို့ဖိုရမ်လေးကို ကြေငြာချင်ပါတယ်... အဲဒါခွင့်ပြုမလားလို့ ဒီက admin တွေကို ခွင့်တောင်းတာပါ... အကယ်၍ အဆင်ပြေမယ်ဆိုရင်လည်း အဲဒိမှာ တစ်ခါတည်း admin တွေပဲ ကြေငြာလိုက်ပါ... admin တွေမအားဘူးဆိုရင် အဲဒိဟာကတော့ ကျနော်လည်း လုပ်ပေးလို့ရပါတယ်လို့...........

http://sidnaing.co.cc/

15အကြံပေးခြင်း Empty Re: အကြံပေးခြင်း 18th March 2010, 7:47 am

z3r0c00l

z3r0c00l
Administrator



Administrator
mars wrote:ကျနော်လည်း အဲဒါကိုဝင်ဆွေးနွေးလိုက်ဦးမယ်... အဲလိုမျိုးကိစ္စတွေကတော့ ဖိုရမ်တိုင်းမှာ အနည်းနဲ့ အများပဲကွာမယ်... ရှိကြမှာပါ... ဘာလို့လဲဆိုတော့ အကူအညီ တစ်ခုခု အပေးအယူရှိတိုင်းမှာ လူတိုင်းက Feedback ကိုတော့ ပြန်မျှော်မိကြပါတယ်... အဆင်ပြေမပြေကအစပေါ့ဗျာ... အဲဒိတော့ Thanks လေးနှိပ်ရုံနဲ့တော့ ရတယ်ဆိုပေမယ့် ဘယ်သူကကျေးဇူးတင်တာလဲ ဆိုတာကိုမသိရတဲ့အတွက် အဆင်ပြေမပြေကိုလည်းမသိနိုင်ဘူး... အဲဒိအတွက် တစ်ကြောင်းပို့စ်တွေက ဒီဖိုရမ်မှာ ပေါ်လာတာဖြစ်ဖို့များပါတယ်... အဆင်ပြေတဲ့သူကလည်း ပြေတဲ့အကြောင်းကို ပြောပြချင်တာ သဘာဝပါ... အဲဒိအတွက် Thanks ဆိုတာလေး နှိပ်ရုံနဲ့ မလုံလောက်ဘူးထင်တယ်... ဘယ်သူကျေးဇူးတင်တာလဲဆိုတာကိုသိရရင်တော့ တစ်ကြောင်းပို့စ်ကို ရေးစရာလိုမယ်မထင်တော့ပါဘူး... အဲဒိအတွက်ကျနော်အပေါ်မှာရှင်းပြထားတာ ပြန်တွေးကြည့်တော့မှ နည်းနည်းလိုနေတယ်.. မပြည့်စုံဘူးဖြစ်နေတယ်... အခုဒီအချက်လေးကို အခြေခံပြီးစဉ်းစားလိုက်ရင် နည်းနည်းတော့ တစ်ကြောင်းပို့စ်တွေလျှော့လာမယ်ထင်တာပဲ... ဒါကကျနော်အမြင်လေးပါဗျာ... နောက်တစ်ခုက ဖိုရမ်မှာ အဲလိုမျိုး ရေးသားတာမျိုးတွေကိုကအစ လိုက်ပြီးကန့်သတ်နေရင် ဘာမှမရေးရဲ မပြုရဲဖြစ်သွားမှာဆိုးလို့ပါ... အဲလိုရေးစမရှိရင် ဖိုရမ်မှာ အဲဒိမန်ဘာက ရင်းနှီးမှုမရှိတော့ဘူး... အဲဒိကျရင် ဖိုရမ်အတွက် အနှုတ်လက္ခဏာ ဖြစ်လာလိမ့်မယ်... အခုကျနော်တို့ဖိုရမ်က မအောင်မြင်သေးပါဘူး... အောင်မြင်မှုလမ်းကြောင်းပေါ်ကို အခုမှစတတ်လာတာပါ... အဲလိုပြောလို့စိတ်ဆိုးရင်လည်း ကျနော်ခံပါ့မယ်... ဒါပေမယ့် ဒါက တကယ့်လက်ရှိပါ... ဖိုရမ်မှာ လှုပ်ရှားနေတဲ့ မန်ဘာဝင်တွေနဲ့ ပို့စ်တွေကိုကြည့်ရင် ဒီဖိုရမ်ရဲ့ အောင်မြင်မှု၊ လူသိမှုတွေ၊ လူယုံကြည်အားကိုးမှုတွေကို သိရှိနိုင်မှာပါ... လောလောဆယ် တစ်နှစ်ဆိုတဲ့အတိုင်းအတာလေးမှာ ဒီလောက်အထိဖြစ်လာတာ $ƴǩǾ, alt.332 တို့ အများကြီး လုပ်လာကြလို့ပါ... ရင်းနှိးခဲ့ရတဲံအချိန်တွေ မမြင်နိုင်တဲ့ ပေးဆပ်မှုတွေကတော့ ရှိနေမှာပါ... အခုက အဲဒိလမ်းကြောင်းကို သူတို့အပြင် ကျနော်တို့တွေကလည်း တတ်နိုင်သမျှ တတ်စွမ်းသမျှ ၀ိုင်းဝန်းကူညီပေးဖို့ပါ... ဒီဖိုရမ်က မန်ဘာအားလုံးနဲ့ဆိုင်ပါတယ်... အော်ဒါနဲ့ ကျနော် တစ်လက်စတည်း ပြောလိုက်ဦးမယ်.. အခုဖိုရမ်ကို လူပိုသိလာအောင်လို့ Facebook Fan Club လုပ်ပေးထားပါလို့တောင်းဆိုချင်တာပါ... လက်ခံမယ်လို့လည်းထင်ပါတယ်... နောက်ပြီး ကျနော် myanmardaily.net မှာ ကျနော်တို့ဖိုရမ်လေးကို ကြေငြာချင်ပါတယ်... အဲဒါခွင့်ပြုမလားလို့ ဒီက admin တွေကို ခွင့်တောင်းတာပါ... အကယ်၍ အဆင်ပြေမယ်ဆိုရင်လည်း အဲဒိမှာ တစ်ခါတည်း admin တွေပဲ ကြေငြာလိုက်ပါ... admin တွေမအားဘူးဆိုရင် အဲဒိဟာကတော့ ကျနော်လည်း လုပ်ပေးလို့ရပါတယ်လို့...........
ကို mars...... မြန်မာပြည်ကို မြန်မြန်ပြန်လာခဲ့တော့ဗျာ။ ဒီမှာအကုန်ပေါင်းပြီး လုပ်ရင် ဖိုရမ် ဒီ့ထက်အောင်မြင်ပြီဗျ။ ကျေးဇူးတင်ပါတယ်အစ်ကို။ myanmardaily.net မှာ ကြော်ငြာမယ့်ကိစ္စကို သဘောတူပါတယ်ဗျာ။ Facebook မှာ Fan Club ဖွင့်ဖို့ကိုလဲ အစ်ကိုအဆင်ပြေရင် အစ်ကိုပဲလုပ်ပေးပါဗျာ။

16အကြံပေးခြင်း Empty Re: အကြံပေးခြင်း 18th March 2010, 1:28 pm

sHa92

sHa92
Founder



Founder
အတိုင်ပင်ခံအရာရှိကြီး က ပေးလိုက်ရင် မှန်တဲ့ အကြံတွေချည်းဘဲ။ Smile
Facebook Fan က ဖွဲ့ထားပြီးသား ၊ ကျွန်တော် အချိန်မရလို့ ဘာမှမလုပ်ဖြစ်ဘဲ ပစ်ထားမိနေတာ။ ဟီး။
အခု အစ်ကို ဆက်လုပ်ပေးမယ်ဆိုရင်တော့ အကောင့် ပြန်ရှာလိုက်ရမလား။ ဒါမှမဟုတ် ၊ အကောင့်သစ်ဖွင့်ပြီးလုပ်မလားဗျ။

myanmardaily.net မှာ ရှိတယ်မဟုတ်လား။ အရင်ကတော့ တွေ့တာဘဲ။ ဘယ်သူထည့်ပေးထားလဲတော့ မသိဘူးဗျ။ Smile

ကို mars ပြောသလိုပါဘဲဗျာ။ ဒီဖိုရမ်က Member အားလုံးနဲ့ သက်ဆိုင်နေပါတယ်။
ကျွန်တော်လည်း အမှန်အတိုင်းပြောရရင် ဒီရက်ပိုင်းက လာကိုမလာသင့်ပါဘူး။ နောက်တစ်ပတ်ဆို စာမေးပွဲလေ။ ခုထိ ဟုတ်တိပတ်တိ ရသေးဘူး။
ဒါပေမယ့် ကျွန်တော် ဒီ ဖိုရမ်ကို ချစ်တယ် ၊ ဒီက Member တွေကို လေးစားတယ် ၊ ခင်မင်တယ် ၊ ဒီထဲကို တစ်ရက်မ၀င်ရရင်ကို မနေနိုင်ဘူး။ (တကယ်ပြောတာပါဗျာ။) အဲဒါတွေကြောင့်လည်း အမြဲလာတယ်။ ဒီက လူတွေရဲ့ အခက်အခဲလေးတွေကို တတ်နိုင်သလောက် ဖြေရှင်းပေးနေလျက်ပါဘဲ။
ပြီးတော့ Forum ကို စလုပ်တုန်းက ဒီလောက်ထိ ဖြစ်လာမယ်လည်း မထင်ဘူး။ တွေးတောင် မတွေးဖူးတဲ့ ကိစ္စပါ။
ဒီကြားထဲ ဒီအခြေအနေထိရောက်လာတာ အားလုံးရဲ့ ကြိုးစားမှုတွေပါ။ (Attacker ရဲ့ ကြိုးစားမှုတွေ ၊ တက်ကြွမှုတွေကလည်း ကျွန်တော်တို့ မမေ့သင့်တဲ့ အရာတွေပါ။ ဒါပေမယ့် သူ့ကြိုးစားမှုတွေ သူ အလကားဖြုန်းတီးပစ်လိုက်တာတော့ စိတ်မကောင်းဘူး။) အားလုံးရဲ့ ကြိုးစားမှုတွေကြောင့် ဒီလိုရောက်လာပြီး ၊ နောင်တစ်ချိန်မှာ ဒီ့ထက် ကောင်းမွန်လာမယ်ဆိုတာလည်း ယုံကြည်ပါတယ်ဗျာ။

လောလောဆယ်မှာတော့ လူတိုင်းက အားထားလေးစား ရလောက်တဲ့ Contributor ဆိုတာ ကျွန်တော်တို့ ဆီမှာ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ကျွန်တော်တို့ member တွေထဲကဘဲ အဲဒီ့လိုမျိုး Contributor တွေအဆင့်ကို ရောက်လာနိုင်မယ်လို့ ယုံကြည်နေတယ်ဗျာ။

နောက်တစ်ခုကတော့ ကျွန်တော့် နဲ့ အသိအစ်ကို တစ်ယောက်ပြောသလိုဘဲ ၊ Contributor လိုချင်ရင် Contributor တွေက မင်းဖိုရမ်ကို လေးစားပြီးတော့ ကိုယ်စားပြုနိုင်အောင် ၊ တခြားနေရာတွေမှာလည်း ငါက MITR Forum က ဆိုတာကို ၀ံ့ကြွားစွာပြောနိုင်အောင် ၊ Forum အပြင်အဆင်ကို သေချာပြင်ဆင်ထားပေါ့ ၊ အဲဒါဆို Contributor ဆိုတာလည်း ရလာမယ် ၊ ပြင်ပက လူတွေကလည်း လေးစားလာမယ် ၊ ဆိုတဲ့ စကားလေးကို ကျွန်တော် လုံးဝမမေ့ပါဘူး။
အဲဒါကြောင့် ကျွန်တော် စာမေးပွဲပြီးတာနဲ့ Forum Template ကို classic ဖြစ်အောင် ၊ ကြည့်လိုက်တာနဲ့ ရှင်းလင်းပြီးနေအောင် ကျွန်တော် ပြင်ဆင်မှာပါ။ သူများ Forum တွေထက် Loading Time အပြတ်အသတ်သာအောင်လည်းပြင်ဆင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံတယ်။

ဘာဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကိုယ့်လူမျိုးအတွက် ကောင်းသည်ထက်ကောင်းအောင် ၊ အကျိုးပြုနိုင်သည်ထက် ပြုနိုင်အောင် ကြိုးစားသွားမှာပါ လို့ ဒီနေရာကနေ ကတိပြုလိုက်ပါတယ်ဗျာ။

Member တွေအနေနဲ့လည်း Forum နဲ့ တစ်သားတည်းဖြစ်လာအောင် နေကြမယ်လို့လည်း ယုံကြည်ပါတယ်ဗျာ။

လေးစားစွာဖြင့်
$ƴǩǾ

http://www.myanmaritresource.info

17အကြံပေးခြင်း Empty Re: အကြံပေးခြင်း 18th March 2010, 1:47 pm

mars

mars
Moderator



Moderator
Facebook Fan ကတော့ ကျနော်မလုပ်တော့ဘူး... admin ထဲက တစ်ယောက်ယောက်လုပ်ထားလိုက်ပါ... ကျနော် မလုပ်ပေးချင်လို့မဟုတ်ပေမယ့် ဖိုရမ်ရဲ့ ဦးဆောင်သူတစ်ယောက် username & pw နဲ့ ကိုင်ပြီးထိန်းချုပ်ထားတာ ပိုကောင်းမယ်ထင်ပါတယ်.... နောက်ပိုင်းဖိုရမ်နဲ့ဆိုင်တဲ့ သတင်းတွေ အချက်အလက်တွေ အကုန်ကိုလည်း ရေးပြုတင်နိုင်အောင် အကောင်းဆုံးက admin တစ်ယောက်ယောက် ရဲ့ ထိန်းချုပ်မှုအောက်မှာထားတာပိုကောင်းမှာပါ...

http://sidnaing.co.cc/

18အကြံပေးခြင်း Empty Re: အကြံပေးခြင်း 18th March 2010, 1:53 pm

sHa92

sHa92
Founder



Founder
ဟုတ်ကဲ့ပါ အစ်ကို။ ဒါဆိုလည်း ကျွန်တော်စာမေးပွဲပြီးရင် (သို့) ကို Zero အားရင် လုပ်လိုက်ပါမယ်။ Smile

ထပ်ပြီးတော့ အကြံကောင်းတွေရှိရင် ပေးဦးနော်။ နောက်က လိုက်ဖြည့်ဖို့ အသင့်ဘဲ။ Smile

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com