Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
လျှပ်စစ်မီးလိုင်းမှ Network ချိတ်ဆက်နိုင်မည့် Home Plug Adapter 2enp81u

လျှပ်စစ်မီးလိုင်းမှတဆင့် Network ချိတ်ဆက်အသုံးပြုနိုင်မည့် Prolink အမှတ်တံဆိပ် Home Plug Adapter တစ်မျိုး ပြည်တွင်းဝင်ရောက်လာကြောင်း သိရသည်။
Network ကြိုးသွယ်တန်းရန် အခက်အခဲဖြစ်နေသည့်နေရာများ၊ စက်ရုံ၊ အဆောက်အဦ:များအတွက် Network ကို လျှပ်စစ်မီးလိုင်းမှ သွယ်တန်းနိုင်မည်ဖြစ်သည်။ အဆိုပါ Home Plug Adapter ကို လျှပ်စစ်မီးအသုံးပြုနိုင်မည့် Power Socket တွင်ထိုး၍ အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုရန်အတွက် အဆောက်အဦတစ်ခုလုံးကို ချိတ်ဆက်ထားသည့် မီးလိုင်း Power Line တွင် တပ်ဆင်လိုက်ပါက အဆိုပါ Home Plug Adapter ကိုအသုံးပြု၍ Network ကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Home Plug Adapter ၏အားသာချက်မှာ Network ကတ်များတွင် Network Speed ကို 100 Mbps သာရရှိသော်လည်း၊ Home Plug Adapter တွင် Network Speed ကို 200 Mbps အထိ ရရှိမည်ဖြစ်သည်။ ထို့ပြင် Plug and Play အမျိုးအစားဖြစ်သောကြောင့် တပ်ဆင်ရလွယ်ကူပြီး၊ အလွယ်တကူလည်း အသုံးပြုနိုင်သည်။ Network ကိုလည်း အကွာအဝေးမီတာ ၂၀၀ အထိ ချိတ်ဆက်ပြီးအသုံးပြုနိုင်မည်ဖြစ်သည်။ ADSL အသုံးပြုချင်သူများအတွက်လည်း ပင်မလိုင်းတွင်ထည့်သွင်းပြီး အခြား Power Socket များတွင် Home Plug Adapter ကိုတပ်ဆင်၍ အသုံးပြုနိုင်မည်ဖြစ်သည်။ Power Saving Mode ပါဝင်ပြီး Network ကို Multi User အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် HD IPTV စနစ်လည်း အထောက်အပံ့ပေးသည်။ OS မလိုဘဲ အလွယ်တကူအသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ Prolink Home Plug Adapter ကို KMD Sale & Service Centre မှ ဖြန့်ချိရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

Ref: myanmarinternetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

How to make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com