Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1M.I.T.R First Anniversary Empty M.I.T.R First Anniversary 5th March 2010, 7:33 pm

sHa92

sHa92
Founder



Founder
ကျွန်တော်တို့ MITR Forum အနေနဲ့ လာမယ့် March ၉ ရက်နေ့ဆိုရင် ၁ နှစ်ပြည့်ပါပြီ။
ဒါပေမယ့် စိတ်မကောင်းစရာက ကျွန်တော် ကိုယ်တိုင်လဲမအားသလို ကျန်တဲ့သူတွေလည်း မအားကြပါဘူး။

ကျွန်တော် Anniversary ကို Member တွေ အတွက် အကောင်းဆုံးလုပ်ပေးချင်ပါတယ်။ (တစ်ခါမှမလုပ်ဖူးတော့ ဘာလုပ်ရမယ်မှန်းတော့ သေချာမသိဘူး)
ဒါပေမယ့်လည်း ကျွန်တော် ကိုယ်တိုင် မအားတော့ ဘယ်လိုလုပ်ရမလဲ??? နောက်တစ်ခုက လုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ကို Sponsor ပေးမယ့်သူရှိမှဖြစ်မယ်။ အခု ကျွန်တော့် အလုပ်က မစသေးဘူးဆိုတော့ အိမ်ကပေးတဲ့ မုန့်ဖိုးကလည်း ဒီလိုပွဲမျိုးလုပ်ဖို့ လောက်ဖူးရယ်။ Sad

ဒါမှမဟုတ် ကျွန်တော်တို့ အားလုံး အားလပ်တဲ့ ၊ အစီအစဉ် စီစဉ်နိုင်မယ့် တခြားတစ်ရက်ရက်ရောက်မှ လုပ်ကြမလား။

ကျွန်တော်ကတော့ ပထမဆုံး ၁ နှစ်ပြည့်ပွဲလေးကို လုပ်ချင်တယ်ဗျာ။ (ဘယ်လိုမှမရရင်တော့လည်း မလုပ်ဘဲနဲ့ လက်လျော့ရမှာပေါ့။ နောက်နှစ်ကိုတော့ ရအောင်လုပ်မယ်။)

http://www.myanmaritresource.info

2M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 6th March 2010, 7:46 am

C0D3R

C0D3R
MITR Master



MITR Master
တစ်နှစ်ပြည့်တော့မယ်ဆိုတော့ ပြန်ကြည့်လိုက်တာ ကိုယ်ရေးတဲ့ Tutorial သိပ်မရှိတာကြောင့်နည်းနည်းရေးပြီးတင်လိုက်တယ်

အော်တစ်နှစ်ပြည့်ပွဲကိုတော့ ဖြစ်အောင်လုပ်စေချင်တယ်နည်းနည်းလေးပေါ့ ဘာပဲ့ဖြစ်ဖြစ်

http://www.myanmaritresource.info

3M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 6th March 2010, 8:10 am

Htet Naing

Htet Naing
Moderator



Moderator
မဖြစ်ဖြစ်တဲ့နည်းနဲ့  လုပ်ဖြစ်အောင် လုပ်သင့်ပါတယ်။
လိုအပ်တဲ့ အကူအညီတွေကိုလည်း ပေးဖို့ အသင့်ပါပဲ။

"May I help you."တော့မဟုတ်ဘူးနော်။ Razz

4M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 6th March 2010, 4:38 pm

sHa92

sHa92
Founder



Founder
ကျွန်တော်လည်း လုပ်ချင်တာပေါ့ဗျာ။

ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားတာလည်း January ထဲကဘဲ။ Sad

ခုထိအဆင်ပြေမယ့်နည်းလမ်းမတွေ့လို့ပေါ့။

ဒါတောင် အခုရက်ပိုင်း စာလုပ်ချင်စိတ်ကုန်လာလို့ ဖိုရမ်ထဲကို ကျွန်တော် ပြန်လာနေတာ။ Very Happy

http://www.myanmaritresource.info

5M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 6th March 2010, 5:28 pm

Htet Naing

Htet Naing
Moderator



Moderator
Admin တွေဆီကနေ ပိုက်ပိုက်နဲနဲဆီကောက်ပြီး လုပ်လေ။
Mod တွေကိုတော့ Pass ပေးနော်။ Razz
နောက်တာနော်။ ထည့်မှာပါ။

6M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 6th March 2010, 7:25 pm

solakoko

solakoko
Moderator



Moderator
အချိန်တောင်မရှိတော့ဘူး....နော်
တစ်ယောက်ယောက်က ဦးစီးပြီး..ပွဲလာမဲ့သူတွေစာရင်းကောက်..
ပြီးရင်...ရံပုံငွေ တတ်နိုင်သလောက်ထည့်ကြ..
ရတဲ့ ငွေနဲ့ ....သင့်တင့်တဲ့..အစီအစဉ်..တစ်ခုလုပ်ကြပေါ့ဗျာ

7M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 7th March 2010, 2:59 pm

shinthant

shinthant
Moderator



Moderator
ကျနော်လည်း အလှုငွေထည့်မယ်ဗျာ

ကျနော်တို့ တနှစ်ပြည့်လေးကိုတော့ တခုခုတော့ ဖြစ်အောင်လုပ်စေချင်တယ်

နောက်ပြီးအမှတ်တရလဲ ဖြစ်အောင်၊ဒေါင်းလော့ဆားဗစ်ပေးတဲ့ ဟာကိုပေးလိုက်ရင် ပိုပြီးလဲ အမှတ်တရဖြစ်မလားလို့

အကြုံပေးကြည့်တာပါ၊မန်ဘာတွေရဲ့စိတ်ထဲ၊Barcamp တက်ခဲ့တဲ့သူတွှေရဲ့ စိတ်ထဲမှာ MITR ကတနှစ်ပြည့်မှာ

ငါတို့တွေအတွက် အကျိုးရှိမယ် ပစည်းလေးရလိုက်ပါလာဆိုပြီး ကျနော်ဖိုရမ်ကို အားလုံးရဲ့စိတ်ထဲမှာ

အမှတ်တရများစွာနဲ့ ကျန်ခဲစေချင်တာပါ

အကြံပေးခြင်းဖြစ်ပါတယ်၊လုပ်နိုင်လျှင်တော့ ပိုကောင်းမယ်ထင်ပါတယ်

ကျနော်လည်းတက်နိုင်သလောက် အရမ်းလုပ်ပေးချင်ပါတယ်၊

တနှစ်ပြည့်လေးကိုတော့ လုပ်ဖြစ်အောင်လုပ်ကြရအောင်လားလို့

အားလုံးကြိုးစားလိုက်ကြရအောင်

8M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 7th March 2010, 6:27 pm

Htet Naing

Htet Naing
Moderator



Moderator
MITR တစ်နှစ်ပြည့်တဲ့အနေနဲ့  ကျွန်တော်က Ubuntu 9.10 Desktop Edition ကို လိုချင်သူတွေကို အလကားပေးပါမယ်။ လိုချင်တဲ့လူအရမ်းများရင်တော့ စီစစ်ပြီးပေးပါမယ်။ လောလောဆယ်တော့ အယောက်(၂၀)ပဲ တတ်နိုင်ပါသေးတယ်။ ကိုယ့်စရိတ်နဲ့ ကိုယ်မို့ လို့ ပါ။ March 9 မှာတော့ရချင်မှရမှာပါ။ ကျန်တဲ့တစ်ရက်ရက်ပေါ့။
နေရာကတော့ Tokyo Donuts ပါပဲ။ အချိန်ကိုတော့ နောက်မှထပ်ပြောပါမယ်။ တစ်နှစ်ပြည့်တဲ့နေ့ (March 9) ဆိုရင်တော့ နေ့ လည် (၂)နာရီ (ဒါမှမဟုတ်)ညနေ ၅ နာရီလောက်ပေါ့။

စာရင်းပေးကြနော်။ တကယ်သုံးချင်တဲ့လူကို ဦးစားပေးမည်။

Hard disk မလိုတဲ့ Open Source Operating System
တရားဝင် Free ပေးတဲ့ Open Source Operating System
Software and game တွေအလကားရတဲ့ Open Source Operating System

9M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 7th March 2010, 8:44 pm

mars

mars
Moderator



Moderator
ဟုတ်တယ်ဗျာ... ဘာပဲပြောပြော တစ်နှစ်အတွင်း ဒီလောက်အထိဖြစ်အောင် လုပ်လာခဲ့တာတွေကို အမှတ်တရအနေနဲ့ တစ်ခုခုလောက်တော့လုပ်စေချင်ပါတယ်... နောက်ဆုံးအလှူငွေကောက်ခံဖို့အတွက် အချိန်ကလည်းတော်တော်နည်းသွားပြီဆိုရင်တောင် အားလုံးစုံညီပုံစံလေးတော့ဖြစ်သွားစေချင်တယ်... ပြီးရင် အမှတ်တရ ဓာတ်ပုံမှတ်တမ်းလေးထားပြီး ဖို၇မ်မှာ Record လုပ်ထားရမယ်... admin တို့က ဦးဆောင်ပေးပါ... နောက်နှစ်ကျရင် ဒီနှစ် ဥပမာကိုယူပြီး ကြိုတင်စီမံကိန်းလေးတော့ လုပ်သွားဖို့ ဆင်ခြင်ရတာပေါ့... ဘာပဲပြောပြော အခုကတော့ တတ်နိုင်သလော်လေး ဖိုရမ်အပေါ် သံယောဇဉ်ရှိတဲ့သူတွေအတွက် တစ်ခုခုလေးလုပ်ပေးပါလို့....
(နောက်နှစ်ကျရင်တော့ ကျနော်ပြန်လာမှာပါ... အဲလိုပွဲမျိုးကိုမလွတ်စေရပါဘူး..)

http://sidnaing.co.cc/

10M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 8th March 2010, 10:46 am

Htet Naing

Htet Naing
Moderator



Moderator
ဒီနေ့ ပဲ March 8 ရှိနေပြီ ဘယ်သူမှလဲမတောင်းသေးပါလားနော်။ နောက်မှယူချင်လဲရတယ်နော်။
အခွေ ၂၀ ကိုတော့ ဒီလထဲမှာရအောင်လုပ်ပေးမှာပါ။

11M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 8th March 2010, 10:59 am

z3r0c00l

z3r0c00l
Administrator



Administrator
အခွေ ၂၀ ဆိုတာ မန်ဘာတွေချည်းပဲဟုတ်တယ်မဟုတ်လား။ Admin Team ကလူတွေက ကိုယ့်အခွေကိုယ်ပေးပြီးယူရင် ရတယ်မဟုတ်လား Razz

12M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 8th March 2010, 11:11 am

z3r0c00l

z3r0c00l
Administrator



Administrator
mars wrote:ဟုတ်တယ်ဗျာ... ဘာပဲပြောပြော တစ်နှစ်အတွင်း ဒီလောက်အထိဖြစ်အောင် လုပ်လာခဲ့တာတွေကို အမှတ်တရအနေနဲ့ တစ်ခုခုလောက်တော့လုပ်စေချင်ပါတယ်... နောက်ဆုံးအလှူငွေကောက်ခံဖို့အတွက် အချိန်ကလည်းတော်တော်နည်းသွားပြီဆိုရင်တောင် အားလုံးစုံညီပုံစံလေးတော့ဖြစ်သွားစေချင်တယ်... ပြီးရင် အမှတ်တရ ဓာတ်ပုံမှတ်တမ်းလေးထားပြီး ဖို၇မ်မှာ Record လုပ်ထားရမယ်... admin တို့က ဦးဆောင်ပေးပါ... နောက်နှစ်ကျရင် ဒီနှစ် ဥပမာကိုယူပြီး ကြိုတင်စီမံကိန်းလေးတော့ လုပ်သွားဖို့ ဆင်ခြင်ရတာပေါ့... ဘာပဲပြောပြော အခုကတော့ တတ်နိုင်သလော်လေး ဖိုရမ်အပေါ် သံယောဇဉ်ရှိတဲ့သူတွေအတွက် တစ်ခုခုလေးလုပ်ပေးပါလို့....
(နောက်နှစ်ကျရင်တော့ ကျနော်ပြန်လာမှာပါ... အဲလိုပွဲမျိုးကိုမလွတ်စေရပါဘူး..)
အဲဒီအစီအစဉ်လေးကောင်းတယ်ဗျ။ ပိုက်ဆံစုမယ်ဆိုရင်လဲစုမယ်။ စုပြီးတော့ ဘာလုပ်ကြမလဲ။ အကုန်လုံး တစ်ရက်လုပ်မှ တစ်လစားရတဲ့လူတွေဆိုတော့ အများကြီးတော့စုလို့ရမှာမဟုတ်ဘူး Razz
အဲဒီတော့ စုပြီးရတာလေးနဲ့ Rapid Share Premium Account ၀ယ်ကြမလား။ ဒါမှမဟုတ် ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးတော့ အကုန်လုံး တစ်နေရာရာမှာ စုပြီး ပျော်ပျော်ရွှင်ရွှင် ဓါတ်ပုံတွေဘာတွေရိုက်ကြမလား။ ဘာလုပ်ချင်ကြလဲ။ ကိုထက်နိုင်က CD ပေးမယ်ဆိုတော့ကောင်းပါတယ်။ အားပေးပါတယ်။ ဆက်လုပ်ပါ။ ကျွန်တော်နဲ့ $ƴǩǾ , alt.332 တို့လဲ မတွေ့ဖြစ်ဘူးဖြစ်နေတယ်။ ဘယ်လိုမှတိုင်ပင်လို့မရဘူး။

13M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 8th March 2010, 12:13 pm

mars

mars
Moderator



Moderator
အမှတ်တရဖြစ်မယ့် ဘယ်အရာကိုမဆို လက်ခံပါတယ်ဗျာ... အားလုံးအတွက် အကောင်းဆုံးနည်းလမ်းလေးကို အမြန်ဆုံးရှာပါဦး... အချိန်က မရှိတောဘူးနော်...

http://sidnaing.co.cc/

14M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 8th March 2010, 12:26 pm

z3r0c00l

z3r0c00l
Administrator



Administrator
mars wrote:အမှတ်တရဖြစ်မယ့် ဘယ်အရာကိုမဆို လက်ခံပါတယ်ဗျာ... အားလုံးအတွက် အကောင်းဆုံးနည်းလမ်းလေးကို အမြန်ဆုံးရှာပါဦး... အချိန်က မရှိတောဘူးနော်...
ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းက ဟိုသူတော်ကောင်းလေးနှစ်ယောက် ရဲ့စာမေးပွဲနဲ့ သိပ်ကပ်နေတယ်ဗျ။ သူတို့ကို စာကျက်မပျက်စေချင်ဘူး။ အဲဒီတော့ ကျွန်တော် Topic အသစ်ဖွင့်လိုက်မယ်။ အဲဒီမှာကိုယ်လုပ်ချင်တာ လေးတွေဝိုင်းရေးကြရအောင်။

15M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 8th March 2010, 5:19 pm

Htet Naing

Htet Naing
Moderator



Moderator
z3r0c00l wrote:အခွေ ၂၀ ဆိုတာ မန်ဘာတွေချည်းပဲဟုတ်တယ်မဟုတ်လား။ Admin Team ကလူတွေက ကိုယ့်အခွေကိုယ်ပေးပြီးယူရင် ရတယ်မဟုတ်လား Razz
ဟုတ်ပါတယ်။ member တွေပါပဲ။ Admin, moderator, contributor နဲ့ ကျန်တဲ့လူတွေအတွက် သပ်သပ်ပေးမှာပါ။ ဘယ်တော့လဲဆိုတာတော့ မပြောနိုင်သေးဘူးနော်။
Thingyan မတိုင်ခင်ရအောင် ကြိုးစားပေးပါမယ်။
ကဲ...လာမယ့်စနေနေ့ (March 14) အချိန်က နေ့ လည်(၂)နာရီမှ(၃)နာရီအတွင်း Tokyo Donuts မှာအခွေ(၂၀) အနည်းဆုံးပေးပါမယ်။ Member တွေနော်။

16M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 9th March 2010, 7:30 am

moeyake

moeyake
Moderator



Moderator
ကဲ...လာမယ့်စနေနေ့ (March 14) အချိန်က နေ့ လည်(၂)နာရီမှ(၃)နာရီအတွင်း Tokyo Donuts မှာအခွေ(၂၀) အနည်းဆုံးပေးပါမယ်။ Member တွေနော်။

ကိုထက်ရေ စာတိုက်ကပို့ပေးလို့မရဘူးလား :cry

17M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 9th March 2010, 2:23 pm

zay

avatar
MITR New User



MITR ကိုဝင်မယ် ကြံလိုက်..... အလုပ်မဟုတ်တဲ့ အလုပ်တွေကပေါ်လာလိုက်တာ့... ချာလပတ်ရမ်းနေတုန်းမှာပဲ....
ဝမ်းသာစရာလေးက.... MITR က တစ်နှစ်ပြည့်သွားပြီဆိုတော့...... အထိမ်းအမှတ်လေးတော့လုပ်သင့်တယ် ထင်တာပဲ.... အကျိုးရှိမဲ့ပွဲလေး တစ်ခုပေါ့ ဗျာ.....
ဝမ်းနည်းစရာလေး တစ်ခုက ၁၄ ရက်နေ့ က ကျွန်တော်စာမေးပွဲချိန်ကြီးဗျ...... လာလို့ ရတော့ ဘူး.... ငိုချင်လာပြီနော်... အဟင့် :cry
Code:
ဘာလိုလိုနဲ့ တစ်နှစ်ပြည့် ပြီပဲ

18M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 9th March 2010, 5:38 pm

Htet Naing

Htet Naing
Moderator



Moderator
moeyake wrote:
ကဲ...လာမယ့်စနေနေ့ (March 14) အချိန်က နေ့ လည်(၂)နာရီမှ(၃)နာရီအတွင်း Tokyo Donuts မှာအခွေ(၂၀) အနည်းဆုံးပေးပါမယ်။ Member တွေနော်။

ကိုထက်ရေ စာတိုက်ကပို့ပေးလို့မရဘူးလား :cry
ရပါတယ်။ ဒါနဲ့ ကျွန်တော်က ထက်နိုင် ပါ။ kohtet က တစ်ခြားတစ်ယောက်ရှိပါသေးတယ်။

19M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 10th March 2010, 8:35 am

သီရိ

သီရိ
MITR New User



အားပေးပါတယ်။ တတ်နိုင်သလောက်ကူညီပါ့မယ်။
အကူအညီလိုရင်ပြောပါ။
ကဲ...လာမယ့်စနေနေ့ (March 14) အချိန်က နေ့ လည်(၂)နာရီမှ(၃)နာရီအတွင်း Tokyo Donuts မှာအခွေ(၂၀) အနည်းဆုံးပေးပါမယ်။ Member တွေနော်။
စာမေးပွဲရက်ပဲ၊ တိုက်ဆိုင်နေပြီ။
ဒါပေမယ့် ၂ နာရီဆိုတော့ လာဖြစ်မယ်ထင်တယ်။
စာမေးပွဲက တစ်ခုပဲဖြေမှာဆိုတော့ ၁၂ နာရီနဲ့ပြီးမယ် ထင်တာပဲ။

သီရိ

20M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 10th March 2010, 8:53 am

z3r0c00l

z3r0c00l
Administrator



Administrator
ကိုထက်နိုင်....သေသေချာချာပြန်ချိန်းဦးနော်.
မတ်လ 14 ရက်နေ့က စနေ မဟုတ်ဘူး...တနင်္ဂနွေကြီးနော်။ ဘယ်ဟာအမှန်လဲ
မတ်လ 14 ရက်အမှန်လား
စနေ အမှန်လား
အကုန်လွဲကုန်ဦးမယ်

21M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 10th March 2010, 9:02 am

sHa92

sHa92
Founder



Founder
အင်းနော်။ ဟုတ်သား။ ကျွန်တော်တောင် ခုလေးတင် စဉ်းစားနေတာ။
စနေ ၂ နာရီဆို ကျွန်တော် လာလို့မရဘူးဆိုတာလေ။

တနင်္ဂနွေ တကယ့် ၁၄ ရက်နေ့ အမှန် မှာလုပ်မယ်ဆိုရင်တော့ လာလို့ရတယ်။ Very Happy

http://www.myanmaritresource.info

22M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 10th March 2010, 9:56 am

Htet Naing

Htet Naing
Moderator



Moderator
z3r0c00l wrote:ကိုထက်နိုင်....သေသေချာချာပြန်ချိန်းဦးနော်.
မတ်လ 14 ရက်နေ့က စနေ မဟုတ်ဘူး...တနင်္ဂနွေကြီးနော်။ ဘယ်ဟာအမှန်လဲ
မတ်လ 14 ရက်အမှန်လား
စနေ အမှန်လား
အကုန်လွဲကုန်ဦးမယ်
sorry sorry
မှားသွားလို့ ပါ။ ပြောချင်တာကတော့ စနေပါ။ ကဲ...တောင်းပန်တဲ့ အနေနဲ့ စနေ(March 13)ကော တနင်္ဂနွေ(March 14)ကောပေးမယ်။ အချိန်ကတော့အတူတူပဲနော်။ Tokyo Donuts

23M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 10th March 2010, 10:04 am

sHa92

sHa92
Founder



Founder
OK. ဒါဆို ကျွန်တော် တနင်္ဂနွေ ၀င်ကူမယ်။ Smile

http://www.myanmaritresource.info

24M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 10th March 2010, 10:16 am

sHa92

sHa92
Founder



Founder
အော်။ ပြီးတော့ ဒီမှာ တစ်ခါတည်း ကြေငြာထားလိုက်ဦးမယ်။ ကျွန်တော်တို့ Anniversary လေးကို မဖြစ်ဖြစ်အောင် လုပ်ကြဖို့ တိုင်ပင်နေကြပါပြီ။

အခု CD ဝေတာကိုတော့ ကိုထက်နိုင် ဦးဆောင်နေပြီ။

အဲဒီ့ အခု နောက်ထပ် စီစဉ်နေတဲ့ ပွဲတစ်ခုကိုလည်း ဖြစ်မြောက်လာအောင်တော့ အကောင်းဆုံး တိုင်ပင်နေကြပါတယ်။ ဖြစ်လာမယ်လို့လည်း ကျွန်တော်ထင်ပါတယ်။

http://www.myanmaritresource.info

25M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 10th March 2010, 10:23 am

Htet Naing

Htet Naing
Moderator



Moderator
Ubuntu CD ကိုလိုချင်ပေမယ့် နယ်မှာနေတဲ့ User တွေကို စာတိုက်ကနေပို့ ပေးဖို့ စီစဉ်ပေးပါမယ်။ နဲနဲတော့ကြာမယ်နော်။

26M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 11th March 2010, 5:27 pm

iTGenius

iTGenius
MITR New User



ကျွန်တော်လာ ခဲ့မယ် ကိုsyko ...... အကိုက လှိုင်သာယာမှာ IT တက်နေတာမလား.....
ကျွန်တော်က သန်လျင် မှာ PE တက်ပါတယ်....
ကျွန်တော်တို့ Barcamp မှာဆုံဖူးတယ်....မှတ်မိလားတော့မသိဘူး...
ကျွန်တော် laptop ပေါင်ပေါ်တင်သုံးလို့ အကိုတို့တောင် (------)လို့ပြောလိုက်သေးတယ်လေ..
ပြောရင်းပြောရင်း နဲ့ topic တောင်လွဲသွားပြီ... sorry.... လာရင်ဘာတွေပေးမှာလဲ???
ဟီးဟီး.. စတာ... ဘာကူညီရမလဲ !!! အကို !! ကျွန်တော်လဲ စာမေးပွဲ :read ရှိ တော့ သိပ်တော့အချိန်မရဘူး!! ဒါပေမဲ့ 2ရက်ထဲကတစ်ရက်ကတော့ရပါတယ် cheers
အဲပြီးတော့ nick name ပြောင်းချင်လို့ ဘယ်လိုလုပ်ရမလဲ ???

27M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 11th March 2010, 5:32 pm

alt.332

alt.332
Administrator



Administrator
ပြောင်းချင်တဲ့ nick name ကိုကျွန်တော့် ဆီ PM ပို့လိုက်ပါအစ်ကို...ကူညီပေးမယ်လို့ ကြားရတဲ့အတွက် ၀မ်းသာပါတယ်အစ်ကို ကျေးဇူးလည်းတင်ပါတယ်။

http://www.myanmaritresource.info

28M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 11th March 2010, 5:58 pm

Htet Naing

Htet Naing
Moderator



Moderator
Ubuntu CD ပေးမယ့်နေ့ မှာ အင်္ကျီ အနက်ဝတ်လာပြီး CD တွေကို မြင်သာအောင် စားပွဲပေါ်မှာ တင်ပြီးထိုင်နေပါ့မယ်။

29M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 11th March 2010, 6:01 pm

Htet Naing

Htet Naing
Moderator



Moderator
Ye` Yint Aung wrote:ကျွန်တော်လာ ခဲ့မယ် ကိုsyko ...... အကိုက လှိုင်သာယာမှာ IT တက်နေတာမလား.....
ကျွန်တော်က သန်လျင် မှာ PE တက်ပါတယ်....
ကျွန်တော်တို့ Barcamp မှာဆုံဖူးတယ်....မှတ်မိလားတော့မသိဘူး...
ကျွန်တော် laptop ပေါင်ပေါ်တင်သုံးလို့ အကိုတို့တောင် (------)လို့ပြောလိုက်သေးတယ်လေ..
ပြောရင်းပြောရင်း နဲ့ topic တောင်လွဲသွားပြီ... sorry.... လာရင်ဘာတွေပေးမှာလဲ???
ဟီးဟီး.. စတာ... ဘာကူညီရမလဲ !!! အကို !! ကျွန်တော်လဲ စာမေးပွဲ :read ရှိ တော့ သိပ်တော့အချိန်မရဘူး!! ဒါပေမဲ့ 2ရက်ထဲကတစ်ရက်ကတော့ရပါတယ် cheers
အဲပြီးတော့ nick name ပြောင်းချင်လို့ ဘယ်လိုလုပ်ရမလဲ ???
သန်လျင် PE လား။ ကျွန်တော်က EP ရှေ့နဲ့ နောက်ပဲနော်။ B.Tech(first)ကပါ။

30M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 11th March 2010, 6:13 pm

iTGenius

iTGenius
MITR New User



me 2 !! B.Tech 1st
i will wear black !!! Smile

31M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 11th March 2010, 7:08 pm

sHa92

sHa92
Founder



Founder
ITidiot wrote:ကျွန်တော်လာ ခဲ့မယ် ကိုsyko ...... အကိုက လှိုင်သာယာမှာ IT တက်နေတာမလား.....
ကျွန်တော်က သန်လျင် မှာ PE တက်ပါတယ်....
ကျွန်တော်တို့ Barcamp မှာဆုံဖူးတယ်....မှတ်မိလားတော့မသိဘူး...
ကျွန်တော် laptop ပေါင်ပေါ်တင်သုံးလို့ အကိုတို့တောင် (------)လို့ပြောလိုက်သေးတယ်လေ..
ပြောရင်းပြောရင်း နဲ့ topic တောင်လွဲသွားပြီ... sorry.... လာရင်ဘာတွေပေးမှာလဲ???
ဟီးဟီး.. စတာ... ဘာကူညီရမလဲ !!! အကို !! ကျွန်တော်လဲ စာမေးပွဲ :read ရှိ တော့ သိပ်တော့အချိန်မရဘူး!! ဒါပေမဲ့ 2ရက်ထဲကတစ်ရက်ကတော့ရပါတယ် cheers
အဲပြီးတော့ nick name ပြောင်းချင်လို့ ဘယ်လိုလုပ်ရမလဲ ???

အော်ဟုတ်ကဲ့
လာမယ်ကြားလို့ ၀မ်းသာပါတယ်။

ကျွန်တော်ကတော့ တနင်္ဂနွေမှ လာဖြစ်မယ်။ ကိုထက်နိုင်ကတော့ ၂ ရက်လုံးလာမယ်တဲ့။ Smile

B.Tech တွေက အစ်ကိုခေါ်နေတော့ အားတောင်ငယ်လာပြီ။ ကျွန်တော်က ၀င်ပါ့မလားတောင် သိသေးဘူး။ Smile

http://www.myanmaritresource.info

32M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 12th March 2010, 7:20 am

Htet Naing

Htet Naing
Moderator



Moderator
$ƴǩǾ wrote:
ITidiot wrote:ကျွန်တော်လာ ခဲ့မယ် ကိုsyko ...... အကိုက လှိုင်သာယာမှာ IT တက်နေတာမလား.....
ကျွန်တော်က သန်လျင် မှာ PE တက်ပါတယ်....
ကျွန်တော်တို့ Barcamp မှာဆုံဖူးတယ်....မှတ်မိလားတော့မသိဘူး...
ကျွန်တော် laptop ပေါင်ပေါ်တင်သုံးလို့ အကိုတို့တောင် (------)လို့ပြောလိုက်သေးတယ်လေ..
ပြောရင်းပြောရင်း နဲ့ topic တောင်လွဲသွားပြီ... sorry.... လာရင်ဘာတွေပေးမှာလဲ???
ဟီးဟီး.. စတာ... ဘာကူညီရမလဲ !!! အကို !! ကျွန်တော်လဲ စာမေးပွဲ :read ရှိ တော့ သိပ်တော့အချိန်မရဘူး!! ဒါပေမဲ့ 2ရက်ထဲကတစ်ရက်ကတော့ရပါတယ် cheers
အဲပြီးတော့ nick name ပြောင်းချင်လို့ ဘယ်လိုလုပ်ရမလဲ ???

အော်ဟုတ်ကဲ့
လာမယ်ကြားလို့ ၀မ်းသာပါတယ်။

ကျွန်တော်ကတော့ တနင်္ဂနွေမှ လာဖြစ်မယ်။ ကိုထက်နိုင်ကတော့ ၂ ရက်လုံးလာမယ်တဲ့။ Smile

B.Tech တွေက အစ်ကိုခေါ်နေတော့ အားတောင်ငယ်လာပြီ။ ကျွန်တော်က ၀င်ပါ့မလားတောင် သိသေးဘူး။ Smile
ဝင်ပါတယ်ကွာ။သိပ်မစိုးရိမ်ပါနဲ့ ။ ငါတို့ လည်း ဒီလိုနဲ့ ပဲ ၀င်သွားတာပဲ။

33M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 13th March 2010, 1:49 pm

Htet Naing

Htet Naing
Moderator



Moderator
အော်....Ubuntu 9.10 CD တွေလည်း ဒီနေ့ စနေနေ့ မှာ ဘယ်သူမှလဲမယူဘူး။
ဒါကြောင့် တနင်္ဂနွေနေ့ (March 14,2010)မှာပေးဦးမှာနော်။
စမ်းသုံးချင်ကြရင်လည်း လာယူနိုင်တယ်နော်။ MITR နှစ်ပတ်လည်အနေ နဲ့ ပေးတာ။

34M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 14th March 2010, 7:16 pm

iTGenius

iTGenius
MITR New User



:exciting Thank You So Much !!! for everything today !! All of the colleagues......

35M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 17th March 2010, 11:32 am

sHa92

sHa92
Founder



Founder
ခုနလေးကတင် ကို Mars က ကျွန်တော့်ကို အကြံတစ်ခုပေးလာပါတယ်။

mars wrote:အကိုအခုပြောချင်တာက ဒီလိုပွဲမျိုးဆိုတာ ဒီတစ်နှစ်ထဲလုပ်မှာမဟုတ်ဘူးနော်...
ပြီးတော့ လုပ်တိုင်းကိုလည်း အခုလို လိုက်ပြီးတော့ စုရုံးနေရရင် အချိန်လည်းကုန်မယ်... နောက်ပြီးတော့ အကိုတို့လို လူမျိုးတွေအတွက်ကျတော့ ငွေလွှဲတာတွေက နည်းနည်း ခက်တယ်... အိမ်ကိုတောင် ငွေလွှဲလို့ အဆင်ပြေမယ့် အခါမျိုးတွေကျမှ စုပြီး ပေါင်းပြီးလွှဲတာ.. လူကြုံနဲ့ငွေထည့်ပေးတာမျိုးလေးတွေလုပ်နေရတာဆိုတော့ အကိုဖြစ်စေချင်တာက (ဒီဖိုရမ်က ရေရှည်သွားမယ့် စီမံကိန်းလည်းဖြစ်နေလို့ ပြောတာပါ)
ဖိုရမ်နာမည်နဲ့ ဘဏ်အကောင့်တစ်ခုလုပ်ထားလိုက်ပါလို့ အကြံပေးချင်တာပါ...
နောက်ပြီး မန်ဘာတွေဆီကမကောက်ချင်တာ $ƴǩǾ ဘာလို့မကောက်ချင်တာလဲဆိုတာကို အကိုသိတယ်... ဒါပေမယ့် သူတို့ဘက်ကနေ ပြန်ပြီးတော့ စဉ်းစားပေးချင်တယ်...
အဆင်မပြေလို့ ၊ နောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် မထည့်တာ ကိစ္စမရှိဘူး... ထည့်ဝင်ချင်ပြီးဖိုရမ်နဲ့ တစ်စိတ်တည်းတစ်သားတည်းဖြစ်ချင်တဲ့ မန်ဘာမျိုးတွေအတွက်ကျတော့ သူတို့ကိုနေရာမပေး ဘေးဖယ်ထားရာရောက်သလို ခံစားမရနိုင်ဘူးလား... အကိုက သူတို့နေရာကနေ၀င်ပြောတာပါ...
နည်းတယ်များတယ်မဟုတ်ပဲ အားလုံးဝိုင်းပြီး ပွဲလေးပြီးသွားမယ်..
နောက်ပွဲတွေအတွက်ပါ အချိန်မရွေး အတွက် ရန်ပုံငွေပုံစံလေးတွေလုပ်ထားမယ်ဆိုရင် ဖိုရမ်ရဲ့ရှေ့ဆက်မယ့်ကဏ္ဍမှာ နည်းနည်းချောသွားမယ်ထင်တယ်... စိတ်သွားတိုင်းကိုယ်ပါနိုင်မယ်ထင်တယ်...

Member အားလုံးကလည်း ကို mars ပြောတာကို နားလည်ကြမယ်ထင်တယ်။
ကျွန်တော်ကတော့ ကျွန်တော်စဉ်းစားမမိခဲ့တာကို ကို mars က စဉ်းစားပေးခဲ့လို့ အရမ်းကျေးဇူးတင်သွားတယ်။

မန်ဘာတွေဆီကမကောက်ချင်တာ $ƴǩǾ ဘာလို့မကောက်ချင်တာလဲဆိုတာကို အကိုသိတယ်... ဒါပေမယ့် သူတို့ဘက်ကနေ ပြန်ပြီးတော့ စဉ်းစားပေးချင်တယ်...
အဆင်မပြေလို့ ၊ နောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် မထည့်တာ ကိစ္စမရှိဘူး... ထည့်ဝင်ချင်ပြီးဖိုရမ်နဲ့ တစ်စိတ်တည်းတစ်သားတည်းဖြစ်ချင်တဲ့ မန်ဘာမျိုးတွေအတွက်ကျတော့ သူတို့ကိုနေရာမပေး ဘေးဖယ်ထားရာရောက်သလို ခံစားမရနိုင်ဘူးလား... အကိုက သူတို့နေရာကနေ၀င်ပြောတာပါ...

အဲဒီ့အချက်ကို ကျွန်တော် မေ့သွားတယ်ဗျာ။
ကျွန်တော်က နောင်တစ်ချိန်မှာ အရှုပ်အရှင်းကင်းအောင် လို့ ဘယ်သူ့ဆီကမှ ငွေမကောက်ချင်တာပါ။ ပြီးတော့ ဒီ Forum က ကုန်ကျစရိတ် အသက်သာဆုံး ဖွဲ့စည်းထားတဲ့ ဖိုရမ်ဖြစ်တာနဲ့ အညီ ၊ သိပ်ပြီးလည်း အကုန်အကျမများတော့ တော်ကြာ ၊ Member တွေဆီက ပိုက်ဆံကောက်ရင် သုံးစရာလည်းမရှိဘဲ ကောက်တယ်ဆိုတာမျိုးပြောခံရမယ်လေ။ ကိုယ်ကတော့ ကောင်းစေချင်လို့ လုပ်ပေမယ့် ၊ အဲလိုအပြောခံရရင်တော့ ကျွန်တော်လည်း ကြိုက်ဘူး။ Smile အဲဒါကြောင့် မကောက်တာပါ။

အခု ကို mars ပြောတော့လည်း ဟုတ်ပါတယ်။
ပြောတုန်းကတော့ မိသားစုပုံစံဆိုပြီး အမြဲပြောနေတဲ့ ကျွန်တော် ၊ အခုကျမှ ဘာလို့ အဲဒီ့အချက်ကို မေ့သွားတယ်မသိဘူးဗျာ။
ကျွန်တော်တို့နဲ့ တစ်သားတည်း ၊ တစ်စိတ်တည်း ၊ တစ်ဝမ်းတည်း ရှိချင်တဲ့သူတွေ ၊ ရှိနေတဲ့သူတွေကို ကျွန်တော်တို့က ဘာမှ ပေးမလုပ်ရင် ၊ ဘေးဖယ်ထားရာ ရောက်နေတာ အမှန်ဘဲပေါ့။

အဲဒီ့တော့ အကယ်လို့များ Member တွေထဲက အလှူငွေထည့်ချင်ပါသည်ဆိုသည့်သူများ (ထပ်ပြောမယ်နော်။ အတင်းကောက်တာ မဟုတ်ဘူး။ လိုလိုလားလားနဲ့ ကူညီလိုတဲ့သူများကိုပြောတာပါခင်ဗျာ။) အတွက် ကျွန်တော်တို့ စီစဉ်ပေးပါမယ်။

အားလုံးကို စာရင်းဇယားနဲ့ တိတိကျကျလုပ်ပေးမယ်ဆိုတာလည်း တစ်ခါတည်းကြေငြာထားပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ကို mars ကိုလည်း ကျေးဇူးပါ

http://www.myanmaritresource.info

36M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 17th March 2010, 12:52 pm

ပိစိလေး

ပိစိလေး
MITR Reader



MITR Reader
ဒါနဲ့  Ubuntu လေးကို ကျနော် အခုမှလာယူလို့ မရဘူးလားဟင်...
အချိန်ကတော့ ကျော်သွားပြီ အခု မှ စာမေးပွဲပြီးလို့ ဝင်ဖြစ်တာ...
ရှိသေးတယ်လို့ ထင်တာပဲ... ဘယ်နားကို လာယူရင် အဆင်ပြေမလဲမသိဘူး...

http://forum.mmitd.com/pixielay

37M.I.T.R First Anniversary Empty Re: M.I.T.R First Anniversary 17th March 2010, 12:59 pm

z3r0c00l

z3r0c00l
Administrator



Administrator
ပိစိလေး wrote:ဒါနဲ့  Ubuntu လေးကို ကျနော် အခုမှလာယူလို့ မရဘူးလားဟင်...
အချိန်ကတော့ ကျော်သွားပြီ အခု မှ စာမေးပွဲပြီးလို့ ဝင်ဖြစ်တာ...
ရှိသေးတယ်လို့ ထင်တာပဲ... ဘယ်နားကို လာယူရင် အဆင်ပြေမလဲမသိဘူး...

ကိုပိစိလေး နည်းနည်းလောက်စောင့်နိုင်သေးရင် ဖိုရမ် နှစ်ပတ်လည်နေ့ပွဲ ကျမှ ယူလို့ရမလားခင်ဗျ။ ပေးတဲ့အစ်ကိုကလဲ စာမေးပွဲနဲ့နီးနေပြီဆိုတော့ နှစ်ဖက်စလုံးအဆင်မပြေမှာစိုးလို့ပါ။ ကျွန်တော်တို့ ဖိုရမ် နှစ်ပတ်လည်ပွဲကျရင်လဲ Ubuntu CD တွေပေးဦးမှာပါ။ အဆင်ပြေမလားခင်ဗျ။ အဆင်ပြေတယ်ဆိုရင်တော့ Announcement ထဲမှာ ဖိုရမ်နှစ်ပတ်လည်ပွဲအတွက် အစီအစဉ်လေးတွေဖတ်ကြည့်ပြီး စာရင်းလေးသွားပေးလိုက်ဖို့ အကြံပြုပါရစေခင်ဗျာ။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com