Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1၁၅ ခွန်း [Freetalk] Empty ၁၅ ခွန်း [Freetalk] 3rd May 2010, 10:20 pm

sHa92

sHa92
Founder



Founder
သူငယ်ချင်းတို့အတွက် စကားလေး ၁၅ခွန်းပြောပြချင်တယ်...

1. အချစ်ဆိုတာ အပြုံးတွေနဲ့ စတယ်… အနမ်းတွေနဲ့ ရှင်သန်လာပြီး… မျက်ရည်တွေနဲ့ အဆုံးသတ်ရတယ်…

2. ကိုယ့်အတွက် ဘယ်တော့မှ ငိုမယ့်လူမဟုတ်တဲ့သူအတွက် ကိုယ်က ငိုနေစရာအကြောင်းတော့မရှိဘူး

3. သူငယ်ချင်းကောင်းဆိုတာ တွေ့ဖို့ခက်သလို ထားခဲ့ဖို့လဲခက်တယ်… မေ့ဖို့ဆိုတာလဲ မလွယ်လှပါဘူး

4. ကိုယ်ကြိုးစားထားတဲ့ အတိုင်းအတာအထိပဲ ကိုယ်ခရီးရောက်နိုင်မယ်...

5. အပြုအမူတွေက စကားလုံးတွေထက်ပိုပြီး တာသွားတာ (ခရီးရောက်တာ) လူတိုင်းအသိပါ…

6. ကိုယ်ချစ်တဲ့လူကို ကြည့်သာကြည့်ခွင့်ရပြီး မပေါင်းရပဲ… တခြားတယောက်ကို ချစ်ဖို့ ကြိုးစားရတာ ဘ၀မှာအခက်ဆုံးပဲ…

7. အတိတ်ဆိုတဲ့ အရိပ်ကြီးက ကိုယ့်ကိုမဆွဲထားစေနဲ့… ပစ္စုပန်မှာရှိတဲ့ ပျော်ရွှင်စရာ တွေနဲ့လွဲရလိမ့်မယ်…

8. ဒီလိုပဲ… ဘ၀ဆိုတာ အချိန်တိုတိုလေးရယ်… ကိုယ်သိမြင်စရာရှိတာတွေကို အချိန်ရှိတုန်း မကြည့်ထားမိရင် နောင်အခွင့်အရေး ထပ်ရမှာမဟုတ်ဘူး…

9. ကိုယ့်ပေါ်မှာ တကယ်ကောင်းတဲ့ သူငယ်ချင်းဆိုတာ မြတ်ပင်တွေကြားမှာပေါက်လေ့ရှိတဲ့ အမွှာ(အရွက်)သုံးမွှာနဲ့ အပင်လေး(ကံကောင်းပင်)လိုပဲ… ရှာရခက်တယ်… ပိုင်ဆိုင်ရပြီဆိုရင်လည်း တကယ်ကံကောင်းလို့ပဲ…

10. ကိုယ့်ရဲ့  ဘ၀ကြီးက အဓိပါယ်မရှိတော့ဘူးလို့ ထင်လာရင် သေချာပြန်တွေးကြည့်လိုက်ပါ… ကိုယ်က အဓိပါယ်မရှိဘူးလို့ ထင်တဲ့ ဘ၀ဟာ ကိုယ်တိုင်ပိုင်ဆိုင် ချယ်လှယ်လို့ရတဲ့ဘ၀လား … တယောက်ယောက်ကြောင့် အမြဲ စိတ်ဆင်းရဲနေရတဲ့ဘ၀လားလို့ပေါ့… ဒါဆိုရင် အဲဒီတယောက်ယောက်ကြောင့် ကိုယ့်ဘ၀ အဓိပါယ်မမဲ့ပါစေနဲ့နော်…

11. နောက်လှည့်ကြည့်ဖို့ခက်ခဲပြီး… ရှေ့ ဆက်တိုးဖို့ ကြောက်ရွံ့  နေတဲ့အချိန်… အရှေ့ တွေအနောက်တွေမကြည့်ပဲ ကိုယ့်ဘေးနားလေးကိုပဲ လှည့်ကြည့်လိုက်ပါ… သူငယ်ချင်းကောင်း တယောက်ယောက် ဒါမှမဟုတ်… ကိုယ့်အပေါ်တကယ်ကောင်းတဲ့ ချစ်သူတယောက်ယောက်ကို တွေ့လိမ့်မယ်…

12. သူငယ်ချင်းကောင်းဆိုတာ ဟိုးကောင်းကင်ပေါ်က ကြယ်လေးတွေလိုပဲ… ကိုယ်အမြဲ မကြည့်နိုင်ပေမယ့် သူတို့ ရှိနေတယ်ဆိုတာတော့ ကိုယ်အမြဲသိနေတယ်…

13. စိတ်ဓာတ်ကျပြီး မမဲ့လိုက်ပါနဲ့ … ကိုယ့်ရဲ့  အပြုံးလေး တပွင့်ကို ကြွေနေတဲ့လူမရှိဘူးလို့ ဘယ်ပြောနိုင်မလဲ…

14. တွေးကြည့်မိလား… ကိုယ့်ကိုအမြဲ အငိုတိတ်အောင် စွမ်းဆောင်နိုင်သူက ကိုယ့်ကို ငိုအောင်လုပ်တဲ့လူဖြစ်လာတဲ့တနေ့ ကိုယ်ဘယ်လိုဖြစ်မလဲလို့… အဲဒီအခါ ကိုယ်ကိုယ်တိုင်ပဲ ကိုယ်အငိုတိတ်အောင် စွမ်းဆောင်ရတော့မှာလေ…

15. စိတ်ဓာတ်မကျလိုက်နဲ့ဦး… အဆုံးသတ်မှာ အရာအားလုံးက အဆင်ပြေသွားမှာပါ… အဆင်မပြေသေးဘူးဆိုရင် အဲဒါအဆုံးကို အရောက်သေးဘူးလို့ပဲမှတ်… အားတင်းထားလိုက်ပါနော်…

Code:
http://yaminohmar.blogspot.com/2010/04/blog-post_24.html

http://www.myanmaritresource.info

water

water
MITR Reader



MITR Reader
NO.1 ကို ကိုယ် တွေ့ ကြုံခဲ့ရပြီး NO.2 ကိုစဉ်းစားရင်း ဖြေသိမ့် ခဲ့ရဘူးတယ် [You must be registered and logged in to see this image.] ..... နောက်ဆုံးတော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေက NO.6 ဆီက နေ ဖယ်ခွာ ဘို့ ကြိုးစားရင်....................... [You must be registered and logged in to see this image.]

စိတ်ထဲရှိရာ ရေးထားတာနော်.... [You must be registered and logged in to see this image.]
တကယ် ထင် နေဦးမယ်... [You must be registered and logged in to see this image.]

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com