Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
Microsoft Corporation တွင် ‘လူဦးရေ ၅ သိန်းကျော်က အသုံးပြုသော ကမ္ဘာ့ ဘာသာစကား အားလုံးကို Microsoft Windows တွင် ထည့်သွင်းပေးရမည်’ ဆိုသည့် official policy ရှိပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် မြန်မာဘာသာမှာ မပါဝင်နိုင်သေးဘဲ ရှိနေဆဲဖြစ်ရာ၊ ယခု ကျွန်ုပ်တို့ အားလုံးမှ စုပေါင်း၍ မိုက်ခရိုဆော့ ကော်ပိုရေးရှင်းသို့ စာဖြင့် ထိရောက်အောင် မြန်မာ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း) ဘာသာ အသုံးပြုသူများ အားလုံးကိုယ်စား တောင်းဆိုမည့် အစီအစဉ် ဖြစ်ပါသည်။

လက်မှတ် ရေးထိုးသူ အသင့်အတင့် များလာပြီဆိုလျှင်၊ ဤတောင်းဆိုချက် အပြည့်အစုံကို စာရွက်ပေါ်တွင် ရိုက်နှိပ်ပြီး၊ ဘီလ်ဂိတ်နှင့် စတီး ဘော်လ်မာ တို့ထံ ပေးပို့ပါမည်။ မိုက်ခရိုဆော့တွင် အလုပ်လုပ်နေသော မြန်မာ ပညာရှင်များမှလည်း ဝိုင်းဝန်းကူညီကြမည် ဖြစ်ပါသည်။ မိမိနာမည်အပြင်၊ မိမိ ကိုယ်တိုင် ဖြည့်စွက်ပြောဆိုလိုသည်များကိုလည်း အောက်တွင် (အင်္ဂလိပ်ဘာသာဖြင့်) ဖြည့်စွက် ရေးသားနိုင်ပါသည်။

မိမိအပေါင်းအသင်း မိတ်ဆွေများကိုလည်း ဝိုင်းဝန်းလက်မှတ် ရေးထိုးပေးပါရန် သတင်းဖြန့်ပေးပါ၊ ဖြစ်နိုင်လျှင် web page, blog များမှ အောက်ပါ URL သို့ link လုပ်ပေးပါ ဟုလည်း ကျွန်ပ်တို့မှ မေတ္တာရပ်ခံလို ပါသည်။
Code:
http://myanmar-myanmar.net/microsoft/


Microsoft Corporation has official policy to include language support for all languages over 500,000 users. For various reasons, Myanmar language has not been included in Microsoft Windows. Please sign this petition asking Microsoft to include Myanmar language in Windows in next versions. We will print out and send this list of requests and send to Bill Gates and Steve Ballmar of Microsoft Corporation.
Code:
http://myanmar-myanmar.net/microsoft/

mmitpro မှ ကိုဇော်ထွဋ် Mail ပို့ ထားပါကြောင်း



Last edited by solakoko on 26th April 2010, 7:18 pm; edited 2 times in total (Reason for editing : Link ပြင်လိုက်ပါတယ်)

သီရိ

သီရိ
MITR New User



ကောင်းပါတယ်။ မြန်မာလိုဆိုတော့ ဘယ်သူမဆို ကိုင်တွယ်ရလွယ်တူတာပေါ့။
မြန်မာလိုဝင်းဒိုးကို မြင်ဖူးကြားမသိဘူး။
Linux Nano Event တုန်းက ကိုငွေထွန်းပြတုန်းက ကြည့်လိုက်ရတယ်။
ကျွန်တော်တို့လို အင်္ဂလိပ်လိုသုံးနေကြဆိုရင် သိပ်အဆင်ပြေမှာမဟုတ်ဘူး
လုံးဝ မသိ မတတ်သေးတဲ့သူတွေသုံးမှ အဆင်ပြေမယ်ထင်တယ်။
မြန်မာလိုပြန်လိုက်တော့ ဖတ်ရတာလည်းတစ်မျိုးကြီးပဲ။
ကျွန်တော့အနေနဲ့တော့သိပ်အဆင်မပြေနိုင်ဘူး။
ဒါပေမယ့် .. လက်မှတ်ထိုးလိုက်ပါမယ်။ထောက်ခံပါမယ်။
တစ်ခြား ကွန်ပျူတာလေ့လာမယ့်သူတွေအတွက်................

သီရိ

bluehack

bluehack
Moderator



Moderator
ဆရာ တရားဝင်ဝယ်သုံးတဲ့သူတွေ(၅)သိန်းလား။ဒါမှမဟုတ် ဘယ်လိုသုံးသုံ(၅)သိန်းလား။
စဉ်းစားစရာနော်။????????????????!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

Htet Naing

Htet Naing
Moderator



Moderator
အသဲကွဲလူသား wrote:ဆရာ တရားဝင်ဝယ်သုံးတဲ့သူတွေ(၅)သိန်းလား။ဒါမှမဟုတ် ဘယ်လိုသုံးသုံ(၅)သိန်းလား။
စဉ်းစားစရာနော်။????????????????!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ဟုတ်တယ်နော်။ တရားဝင်သုံးတာ ၅ သိန်းလားမသိဘူး။ License နဲ့ မဖြစ်မနေသုံးရမယ်ဆိုရင်တော့ Windows ကိုမတတ်နိုင်ပါ။ ဒါပေမယ့် မြန်မာ လိုတော့ Windows ကိုသုံးစေချင်ပါတယ်။

kyawzwathant

kyawzwathant
MITR Reader



MITR Reader
ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့ မြန်မာစာနဲ့ Windows ကိုသုံးရမယ်ဆိုတော့ ကောင်းတာပေါ့နော် .......

H3@v3n

H3@v3n
Contributor



Contributor
window မှာ မြန်မာ ဘာ သာ ပါ လာ တော. ကောင်း ပါ တယ် Windows တွင် မြန်မာဘာသာ ပါဝင်လာရန် သင့်လက်မှတ် ရေးထိုးတောင်းဆိုပါ [Article] 306903

သူ. အကျိုး နဲ. အ ပြစ် ဒွန် တွဲ ပြီး ဖြစ် လာ မှာ ပဲ

စဉ်း စား မိတာတော.
စတင် အသုံး ပြု သူ တွေ အတွက် ကောင်း ပေ မဲ. ကြာ ရှည် သုံး ခဲ. တဲ. သူ တွေ အတွက် တမျိုး ကြီး ဖြစ် နေ မလား ပဲ


window ကို License နဲ့ မဖြစ်မနေသုံးရမယ်ဆိုလာ နိုင်ပါ တယ်

ံပြီး တော. တနိုင် ငံ လုံး License နဲ့ သုံး တာ ရှားပါ တယ်

window ကို License နဲ့  မသုံး ရင် ဘာလုပ်မယ် ညာလုပ်မယ် တွေ ပေါ် ပေါက်လာရင်...................................

ပထမဆုံး ပြသာနာ တက် မှာ တော. internet cafe တွေပါ ပဲ နောက်................

window License နဲ့ တခွေကို 100,000 က နေ 300,000 ကြား မှာ ဆို တော. ..............................

နောက် ပြီး English စာ စိတ် မ၀င် စား တဲ.သူ တွေ အတွက် ပို ပြီး ဆိုး သွား နိုင် ပါ တယ်



ဘာ ပဲ ဖြစ်ဖြစ်ပေါ့ မြန်မာစာနဲ့ Windows ကိုသုံးရမယ်ဆိုတော့ ကောင်းတာပေါ.

sHa92

sHa92
Founder



Founder
Microsoft က ဘယ်လိုလုပ်သဘောတူမလဲကွယ်။

တရားဝင်လိုင်စင် ၀ယ်သုံးတာ မြန်မာမှာ အယောက် ၁၀၀ တောင် မပြည့်ဘူး။

အနည်းဆုံး အယောက် ၁ သိန်းလောက် တရားဝင်သုံးတဲ့သူ ရှိပြီးသားဆိုရင်တောင် သူတို့က စဉ်းစားဦးမှာ။

ပြီးတော့ အဲလိုလုပ်မယ်ဆိုရင် ဒီနိုင်ငံက ပညာရှင်တွေကို သူတို့လိုပြီလေ။ အဲဒီ့အတွက် လစာပေးရမယ်။
ဒါဆို သူတို့က ဒီနိုင်ငံက ပိုက်ဆံအရင်ရထားမှ ပေးချင်မှာပေါ့။

စီးပွားရေးလုပ်နေတာလေ။ လက်မှတ်ဝိုင်းထိုး (Vote) လုပ်ရုံနဲ့သာ ဟိုက လက်ခံရင် ဂိတ် တစ်ယောက် အချမ်းသာဆုံးဆိုတဲ့ ဘွဲ့ကို ဘယ်လိုလုပ်ရခဲ့မှာလဲ။
Business is very complex!!!! Normal Person can't involve. သူတို့အတွက် အကျိုးမရှိဘူးထင်ရင် ဘာမှလုပ်ကြမှာမဟုတ်ပါဘူး။

လေးစားစွာဖြင့်
$ƴǩǾ

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
သီရိ wrote:ကောင်းပါတယ်။ မြန်မာလိုဆိုတော့ ဘယ်သူမဆို ကိုင်တွယ်ရလွယ်တူတာပေါ့။
မြန်မာလိုဝင်းဒိုးကို မြင်ဖူးကြားမသိဘူး။
Linux Nano Event တုန်းက ကိုငွေထွန်းပြတုန်းက ကြည့်လိုက်ရတယ်။
ကျွန်တော်တို့လို အင်္ဂလိပ်လိုသုံးနေကြဆိုရင် သိပ်အဆင်ပြေမှာမဟုတ်ဘူး
လုံးဝ မသိ မတတ်သေးတဲ့သူတွေသုံးမှ အဆင်ပြေမယ်ထင်တယ်။
မြန်မာလိုပြန်လိုက်တော့ ဖတ်ရတာလည်းတစ်မျိုးကြီးပဲ။
ကျွန်တော့အနေနဲ့တော့သိပ်အဆင်မပြေနိုင်ဘူး။
ဒါပေမယ့် .. လက်မှတ်ထိုးလိုက်ပါမယ်။ထောက်ခံပါမယ်။
တစ်ခြား ကွန်ပျူတာလေ့လာမယ့်သူတွေအတွက်................

သီရိ
သီရိမ..... Myanmar windows ကိုဘယ်လိုပြတာလဲ။ Resource Hacker တို့ Restorator တို့လို cracking program တွေနဲ့ dll တွေကို ဖြည်ပြီး မြန်မာလိုပြောင်းရိုက်ပြီးပြတာလား?

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com