Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ဖုန်းများတွင်သုံးရန် SMS ဆော့ဖ်ဝဲလ်တစ်ခုကိုဖြန့်ချီ [Mobile Article] 214dr9k

SM3 Mobile Solutions ကုမ္ပဏီမှ Touch screen ဖုန်းများတွင် အသုံးပြုနိုင်ရန်အတွက် SMS ဆောဖ်ဝဲတစ်ခုကိုဖြန့်ချိလိုက်ကြောင်း သိရသည်။
ယင်းဆော့ဖ်ဝဲကို ၈ ကြိမ်မြောက်အိုင်စီတီပြပွဲတွင် မိတ်ဆတ်ပြသခဲ့သော်လည်း ဈေးကွက်အတွင်းသို့ ယခုဖြန့်ချိလိုက်ခြင်းဖြစ်သည်။ ဇန်န၀ါရီလအတွင်း ဖြန့်ချိရန်ရည်ရွယ်ခဲ့သော်လည်း အသေးစားမွမ်းမံပြင်ဆင်မှုများကြောင့် တစ်လခန့်ကြန့်ကြာခဲ့ပြီး ယခုဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာစာ SMS စာတိုစနစ်မှာ ယခင်က ခလုတ်နှိပ့်အသုံးပြုရသောဖုန်းများတွင် အသုံးပြုနိုင်ခဲ့သော်လည်း ယခုအခါတွင် နောက်ထွက်လာသော ဖုန်းအမျိုးအစား များသည် Touch screen ဖြင့်အသုံးပြုရသော ဖုန်းများများပြားလာခြင်းကြောင့် မြန်မာစာစနစ်ကို touch ဖုန်းများတွင်ပါ အသုံးပြုလာနိုင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ ခလုတ်ဖြင့်သုံးရသော ဖုန်းများထက် Touch ဖုန်းများတွင် မြန်မာစာထည့်သွင်းရသည်မှာ ပိုမိုလွယ်ကူလာပြီး on-screen keyboard ပါရှိလာခြင်းကြောင့် အက္ခရာများကို အချိန်နှင့်တပြေးညီဖော်ပြနိုင်လာသည်။ မြန်မာစာအက္ခရာများကိုဖော်ပြပေးမည့် on-screen keyboard မှာ ပုံမှန်မြင်တွေ့နေကျ ကွန်ပျူတာလက်ကွက်မျိုးမဟုတ်ဘဲ မြန်မာစာအသုံးပြုသူများ အလွယ်တကူမှတ်မိနေသော သင်ပုန်းကြီးပုံစံလက်ကွက်မျိုးဖြစ်သည်။ ထူးခြားချက်မှာ လက်ကွက်ခလုတ် အရွယ်အစားဖြစ်သည်။ touch screen ဖုန်းနှင့်တွဲဖက်အသုံးပြုရသော touch pen အသုံးပြုရန်မလိုလောက်အောင် လက်ကွက်ခလုတ်မှာကြီးမားသည်။ လက်မကြိးသူများနှင့် လူကြီးများ အသုံးပြုရအဆင်ပြေစေရန် တမင် ဖန်တီးပေးထားခြင်းဖြစ်သည်။ Touch မြန်မာစာစာရိုက်စနစ်တွင် intelligent input စနစ်ကို ထပ်မံအဆင့်မြင့်ပေးထားရာ မြန်မာစာရိုက်ရာတွင် ယခင်ကဲသို့ မြန်မာစာတွင်ြ နှင့်ြ ၊ာ ။ နှင့်ါ ချတို့ကို အက္ခရာများ ၂ မျိုးစီ ရှိမနေတော့ဘဲ စနစ်မှ အလိုအလျှောက် ရွေးချယ်ပြောင်းလဲပေးမည်ဖြစ်သည်။ touch screen စနစ်၏ နောက်ထပ်အားသာချက်မှာ တို့ထိသုံးရုံသာမကဘဲ ခလုတ်ကို လေးဘက်လေးတန်ဖိဆွဲပြီး အသုံးပြုပါက အသတ်၊ အက္ခရာဆင့်များကိုပါ တစ်ပြိုင်နက်တွဲဖက်ပေးသည့် Combo keyboard ပါ ပူးတွဲပါရှိကြောင်းသိရသည်။ စာရိုက်စနစ်ကို ပုံမှန်ဒေါင်လိုက်ဖန်သားပြင်အပြင် မြင်ကွင်းကျယ် Landscape ပုံစံဖြင့်လည်း အသုံးပြုနိုင်သည်။ စာလုံးအရွယ်အစားကြီးမားခြင်း၊ ကြာရှည်အသုံးပြုနိုင်အောင် မျက်စိမစူးရှသော အောက်ခံအနက်ရောင် အသုံးပြုထားခြင်း အစရှိသည့် အသွင်အပြင်များလည်း မွန်းမံထည့်သွင်းထားသည်။ sm3 touch မြန်မာစာ sms ကို nokia N97, N97 mini X6, 5800, 5530, 5230, sony ericsson Satio တို့တွင် ထည့်သွင်းအသုံးပြုနိုင်ပြီး ရောင်းချသောဈေး နှုန်းမှာ ၇၅၀၀ ကျပ်ဖြစ်ပြီး ရန်ကုန် မန္တလေးရှိဖုန်းဆိုင်များတွင် life time warranty ဖြင့်ဝယ်ယူနိုင် မည်ဖြစ်ကြောင်းသိရသည်။

Ref: myanmarinternetjournal

http://sidnaing.co.cc/

soe that naing

soe that naing
MITR New User



ပြည်ပမှဘယ်လိုဝယ်ရမလဲ။ကယ်တော်မှူကြပါ..

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com