Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1IP Address [Problem] Empty IP Address [Problem] 9th March 2010, 9:52 am

ITCHILD

ITCHILD
MITR Reader



MITR Reader
ကျွန်တော်က အခုမှ Networking ကိုစလေ့လာနေတာပါ။
တစ်ခုလောက်မေးချင်လို့ပါ။
IP Address မှာ
Class A Number of Networks=126, Number of host per each network=16,777,1214
Class B Number of Networks=16,384, Number of host per each network=65534
Class C Number of Networks=2097,152, Number of host per each network=254

Number of Networks နှင့် Number of host per each network ကို ဘယ်လိုတွက်ရလဲ။
Thank You!
:doit :doit :doit :doit :doit

2IP Address [Problem] Empty Re: IP Address [Problem] 9th March 2010, 2:20 pm

moeyake

moeyake
Moderator



Moderator
IP တစ်ခုက 4 octet (or) 8 bit ၄-ခု (ပေါင်း 32 bit)ရှိပါတယ်။
ဒီလိုပေါ့
xxx.xxx.xxx.xxx
(2x2x2x2x2x2x2x2).(2x2x2x2x2x2x2x2).(2x2x2x2x2x2x2x2).(2x2x2x2x2x2x2x2) ဒါကြောင့် အားလုံးပေါင်း 4.5 billion ရှိပါတယ်။
minimum range က 0.0.0.0 ကနေ maximum range က 255.255.255.255 ပါ။
အဲဒီမှာမှ first octet ကိုကြည့်ပီး class ပြန်ခွဲလိုက်တယ်။
0 to 127 (Class A)
128 to 191 (Class B)
192 to 223 (Class C)
224 to 239 (Class D)
240 to 255 (Class E)
(Class A) မှာ first octet က network ဖြစ်ပြီးတော့ ကျန်တဲ့ octet ၃-ခုက host ပါ။
networks = 126, hosts = 16581375
(Class B) မှာ ပထမ octet ၂-ခုက network ကျန်တာက host
(Class C) မှာ ပထမ octet ၃-ခုက network ကျန်တာက host
အခုဟာတွေက Ipv4 (Internet Protocol version 4) အတွက်ပါ။ Ipv6 မှာ 128-bit ရှိပါတယ်။

ကျွန်တော်သိသလောက်ရှင်းပြတာ သဘောပေါက်မလားတော့မသိဘူး။ Razz

3IP Address [Problem] Empty IP Address 11th March 2010, 9:36 am

ITCHILD

ITCHILD
MITR Reader



MITR Reader
I want to know how to find the number of hosts per network in Class A,B,C.
How to get the number of hosts per network=16771214 in Class A.
I want to know calculation.
Thank You!

4IP Address [Problem] Empty Re: IP Address [Problem] 11th March 2010, 12:35 pm

xtrm

xtrm
VIP Member



VIP Member
2n-2 ( read it as 2 powered N minus 2 )

For class A, write as /8 in CIDR form, which use 8 Bits for Network and 24 bits for Hosts.
2 Power 24 = 16,777,1216 . So ( 2 Power 24 ) - 2 becomes 16,777,1214 .

For Class C, write it as /24 in CIDR form, which use 24 bits for Network and only 8 bits for Hosts.
2 Power 8 = 256 . So it become 254 which is usable number of Hosts in Class C network.

Is this clear enough for you to understand ?

5IP Address [Problem] Empty Re: IP Address [Problem] 12th March 2010, 7:09 pm

ITCHILD

ITCHILD
MITR Reader



MITR Reader
Why subtract minus 2? Please expalin to me!
:doit :doit :doit :doit :doit

6IP Address [Problem] Empty Re: IP Address [Problem] 13th March 2010, 3:31 pm

MagicEyez

MagicEyez
MITR New User



that is a equation....

- 2 means that we must remove the all 1 and all 0

7IP Address [Problem] Empty Re: IP Address [Problem] 15th March 2010, 7:55 am

xtrm

xtrm
VIP Member



VIP Member
As radiant said above, we need to subtract 'all 0' and 'all 1'.

Generally we cannot use all '1' which is considered as Broadcast address, and all '0' which is called Network Address. If you are not familiar with 4 - 3 Octet form, please start from it. You need to be good in binary calculation, binary to decimal transforming before you dive into subnetting.

8IP Address [Problem] Empty Re: IP Address [Problem] 15th March 2010, 9:30 am

caravansoe

caravansoe
MITR New User



ET ရဲ့ post မှပြန်လည်ကူးယူဖေါ်ပြလိုက်ပါတယ်



TCP/IP အကြောင်းလေး ပြောမယ််ဗျာ

(၁) IP address ဆိုတာ ဘာလဲ ?

TCP/IP = Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။
IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ ့ဖော်ပြလေ ့ရှိပါတယ် ။
decimal ဂဏန်း 1 လုံးစီဟာ 8 bits 0 to 255 (octets) ကိုကိုယ်စားပြုပါတယ် ။အဲလို ဖော်ပြတာကို “dotted decimal” လို ့ခေါ်ပါတယ် ။
Example; 140.179.220.200 (Dotted decimal)
10001100.10110011.11011100.11001000 (Binary)

(၂) အမျိုးအစား ဘယ်နှခု ရှိပါသလဲ ?

Classes အမျိုးအစားကို အခုလို ခွဲထားပါတယ် ။

Class Range of Address
A 1 to 126(127) binary 0xxx နဲ ့စ ပါတယ်။
B 128 to 191 binary 10xx နဲ ့စ ပါတယ်။
C 192 to 223 binary 110x နဲ ့စ ပါတယ်။
----------------------------------------------------------------------------
D 224 to 239 binary 1110 နဲ ့စ ပါတယ်။
E 240 to 254 binary 1111 နဲ ့စ ပါတယ်။

ကျန်နေတဲ့ 127(localhost) ကို local loopback အတွက်သုံးပါတယ် ။သင် 127.0.0.1 ကို ping ပြီးစမ်းသပ်နိုင်ပါတယ် ။
Class D addresses ကို multicasting အတွက် သုံးပါတယ်။ Class E addresses ကိုတော့ future use ဆိုပြီးသတ်မှတ်ထားပါတယ် ။အဲဒါကြောင့်
သင့်ရဲ
့ IP address ကိုရိုက်တဲ့ အခါ 1 to 223 ကနေပဲ စရိုက်လို ့ရပါတယ် ။ 224
ကနေစပြီး နောက်ပိုင်းကို ရိုက်လို ့မရပါဘူး ။ အလွယ်တကူ စမ်းသပ်
ကြည့်နိုင်ပါတယ် ။

Private Network Address ၄ ခုရှိပါတယ် ။

( Local loopback Address )- 127.0.0.1

( Class A )- 10.0.0.0
( Class B )- 172.16.0.0
( Class C )- 192.168.0.0

Class
တွေကို ပုံမှန်အားဖြင့် ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာ လေ့လာကြရအောင်- (N) က
network ကိုကိုယ်စားပြုပြီး (n) က node ကိုကိုယ်စားပြုပါတယ် ။
- Class A -- NNNNNNNN.nnnnnnnn.nnnnnnn.nnnnnnn
- Class B -- NNNNNNNN.NNNNNNNN.nnnnnnnn.nnnnnnnn
- Class C -- NNNNNNNN.NNNNNNNN.NNNNNNNN.nnnnnnnn
အဲဒါကြောင့်
Class A ကိုသုံးမယ်ဆိုရင် network (N)ပေါင်း 2^8 = 255 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ ့အောက်မှာ ကွန်ပျူတာပေါင်း (n)
255 x 255 x 255 =16581373 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။
Class
B ကိုသုံးမယ်ဆိုရင် network (N)ပေါင်း 255 x 255 =65025
ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ ့အောက်မှာ ကွန်ပျူတာပေါင်း (n)
255 x 255 = 65025 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။
Class
C ကိုသုံးမယ်ဆိုရင် network (N)ပေါင်း 255 x 255 x 255 =16581373
ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ ့အောက်မှာ ကွန်ပျူတာပေါင်း
(n)255 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

(IP address မှာ
192.168. တွေပဲ ဘာလို ့ဖြစ်နေရတာလဲ လို ့မကြာခဏ အမေးခံရပါတယ်။ကိုယ်သုံးမယ်
့ ကွန်ပျူတာ အရေအတွက်(node)ဟာ ၂၅၅ လုံးကို မကျော်ဘူး ဆိုရင် Class C ကိုပဲ
သုံးကြလို့ပါ။)
နောက်တစ်ခုကတော့ node မှာ decimal no: 0 နဲ ့ 255 ကိုထည့်လို ့မရပါဘူး။(ဥပမာ- 192.168.1.0* / 192.168.1.255* )
IP address မှာ node portion all Ones (11111111)=255 က Broadcast Address ဖြစ်ပါတယ် ။
IP address မှာ node portion all Zeros(00000000)=0 က Network Address ဖြစ်ပါတယ် ။

9IP Address [Problem] Empty Re: IP Address [Problem] 15th March 2010, 9:32 am

caravansoe

caravansoe
MITR New User



privatene0 ရဲ့ post မှ ပြန်လည်ကူးယူဖေါ်ပြပေးလိုက်ပါတယ်



စကားချီ

ဒီ
subnetting ဟာ ကျွန်တော် ကိုယ်ပိုင် မဟုတ်ပါဘူး။ forum တခုက တွေ့တာပါ။
ဒါကို ကျွန်တော် က မြန်မာလိုဘာသာ ပြန်ပေးတာပဲရှိပါတယ်။ ip address လွဲရုံက
လွဲရင် ပေါ့။ ကျွန်တော် ဒါကို ပြီးအောင် တင်ပေးပါမယ်။ ဒါက တပိုင်းပေါ့ဗျာ။
ပြီးသွားရင် တော့ ကျွန်တော် subnetting ကိုမြင်ထားတဲ့အမြင်ကို
ထပ်ပြောပေးပါမယ်။ ကျွန်တော်ဒါလေးကိုပြောချင်လို့ပါ။ နောက်ပြီး ဒီပိုစ်ကို
စတင်တုန်းက ဒီ စကားချီ မပါပါဘူး။ အရင်စလိုတင်လိုက်တာပါ။ ပြန်ခါလည်းနီး
ပိုက်ဆံကုန်ခါလည်းနီးဆိုတော့ မြန်မြန် တင်လိုက်လို့ဒါမပါတာပါ။
နားလည်ပေးနိုင်မယ်လို့မျော်လင့်ပါတယ်။ အပင်ပန်းခံပြီး ဖတ်တဲ့သူကိုလည်း
ကျေးဇူးတင်ပါတယ်။


subnetting ဆိုရင် CCNA
ဖြေမယ့်လူတိုင်းသိပါတယ်။ လူတိုင်းအတွက်မလွယ်နိုင်ပါဘူး။ ကျွန်တော်ပြောတာ
အခုမှ စလေ့လာမယ်လူအတွက်ပါ။ Geek တွေတော့မပါပါဘူး
ဒါပေမယ့် ကျွန်တော်ပြမယ့် နည်းကတော့ တော်တော်လေး လွယ်ကူပြီး တော့
အချိန်တိုလေးအတွင်းမှာပဲ အဖြေရမှာဖြစ်ပါတယ်။ နောက်တခုပြောချင်တာက ကျွန်တော်က တွက်ပုံတွက်နည်းပဲပြောမှာဖြစ်တဲ့အတွက်ကြောင့်........
IP ဆိုတာဘာလဲ။
IP အမျိုးအစားဘယ်နှစ်မျိုးရှိလဲ။
Subnet ဆိုတာဘာလဲ။
Broadcast-Address ဆိုတာဘာလဲ။
Network-Address ဆိုတာဘာလဲ။
prefix ကိုဘယ်လိုရေးလဲဆိုတာတွေကို အသေးစိတ်ရှင်းပြမှာတော့မဟုတ်ပါဘူး။

Subnetmask ဆိုတာဘာလဲ?

Submetmask နဲ့ ip address ကို network part နဲ့ host part ခွဲခြားလို့ရပါတယ်။

192.168.10.0 255.255.255.0
အပေါ်က ip ဟာ class C network ပါ။ပြီးတော့ 253 usable ips ပါပါတယ်။

Usable IP address range ဟာဆိုရင်
192.168.10.1 မှ 192.168.10.254 ဖြစ်ပါတယ်။

ပထမဆုံး ip ဖြစ်တဲ့ 192.168.10.0 ဟာ Network-Address ဖြစ်ပြီး ၊နောက်ဆုံး ip ဖြစ်တဲ့ 192.168.10.255 ဟာ Broadcast-Address ပါ။
အဲဒါကြောင့် client တွေမှာသုံးလို့မရပါဘူး။

အကယ်လို့များ ကျွန်တော်တို့က အဲဒီ network ကို

subnetmask 255.255.255.128 ကိုသုံးပြီး အပေါ်က network ကို နှစ်ပိုင်းခွဲလိုက်ရင်

192.168.10.1 - 192.168.10.127
192.168.10.128 - 192.168.10.255 ဆိုပြီးတော့ရလာမှာပါ။

အဲဒီတော့ ပထမဆုံး ဥပမာကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ network အကြီးတခုရှိပါတယ်။
အဲဒါကို subnetmask 255.255.255.128 ကိုသုံးပြီး network အသေးနှစ်ခု ခွဲလိုက်တာပါ။

အပေါ်က subnet mask 255.255.255.0 ကိုကြည့်မယ်ဆိုရင်.....
192.168.10.0 network မှာ

192.168.10.0 ------ ဟာ Network-IP ပါ။ ဒါကြောင့် client တွေမှာအသုံးပြုလို့မရပါဘူး။
192.168.10.1 ------ ဒီက နေစပြီးသုံးလို့ရပါတယ်။
192.168.10.2
192.168.10.3
192.168.10.4
192.168.10.5
.....
.....
.....
192.168.10.244 ------ ဒီအထိပဲသုံးလို့ရမှာပါ။
192.168.10.255----- ဟာ Broadcast-Address ဖြစ်တဲ့အတွက် client တွေမှာသုံးလို့မရပါဘူး။
အခု Subnetmask 255.255.255.128 နဲ့ network နှစ်ခုရပါတယ်။

ပထမဆုံး Subnet:

192.168.10.0 ----- ဟာ Network-IP ပါ။ ဒါကြောင့် client တွေမှာအသုံးပြုလို့မရပါဘူး။
192.168.10.1 ----- ဒီက နေစပြီးသုံးလို့ရပါတယ်။
192.168.10.2
192.168.10.3
192.168.10.4
192.168.10.5
.....
.....
.....
192.168.10.125
192.168.10.126 ----- ဒီအထိပဲသုံးလို့ရမှာပါ။
192.168.10.127 ----- ဟာ Broadcast-Address ဖြစ်တဲ့အတွက် client တွေမှာသုံးလို့မရပါဘူး။

ဒုတိယ Subnet:

192.168.10.128 ----- ဟာ Network-IP ပါ။ ဒါကြောင့် client တွေမှာအသုံးပြုလို့မရပါဘူး။

192.168.10.129 ----- ဒီက နေစပြီးသုံးလို့ရပါတယ်။
192.168.10.130
192.168.10.131
192.168.10..132
192.168.10.133
.....
.....
.....
192.168.10.253
192.168.10.254 ----- ဒီအထိပဲသုံးလို့ရမှာပါ။
192.168.10.255 ----- ဟာ Broadcast-Address ဖြစ်တဲ့အတွက် client တွေမှာသုံးလို့မရပါဘူး။

Subnet mask 255.255.255.0 ကို binary ပုံစံနဲ့ပြောင်းရေးရင်.......
11111111.11111111.11111111.00000000 ဆိုပြီးရပါလိမ့်မယ်။
Subnet calculation ကိုတွက်နိုင်ဖို့အတွက် ကျွန်တော်တို့ အရင်ဆုံး နားလည်ထားရမှာက၊

ပထမဆုံး octett မှာ ရှိတဲ့ 1 တွေကို ကြည့်လိုက်ရင်.......

ပထမဆုံး 1 အတွက် 128 ပါ။
ဒုတိယ 1 အတွက် 64 ပါ။
တတိယ 1 အတွက် 32 ပါ။
စတုထ 1 အတွက် 16 ပါ။
ပြင်စမ 1 အတွက် 8 ပါ။
ဆဥမ 1 အတွက် 4 ပါ။
သတ်ထမ 1 အတွက် 2 ပါ။
အဥမ 1 အတွက် 1 ပါ။

အဲဒါတွေကို အကုန်ပေါင်းလိုက်ရင် 255 ပဲပြန်ရပါတယ်။
ဆိုလိုတာက
11111111 = 255
11100000 = 224
11111000 = 248

ဒါဆိုရင်တော့ သဘောပေါက်လိမ့်မယ်ထင်ပါတယ်။ သဘောမပေါက်သေးလည်း ဆက်ဖက်ရင်းနဲ့သဘောပေါက်သွားမှာပါ။

ဥပမာ /17 ဆိုပါတော့ဗျာ။ ဒါက prefix နဲ့ရေးတာပါ။

/17 = 255.255.128.0 = 11111111.11111111.10000000.00000000 ဆိုပြီးရမှာပါ။
ပိုပြီးရှင်းသွားအောင်.......
128+64+32+16+8+4+2+1.128+64+32+16+8+4+2+1.128+0+0+0+0+0+0+0.0+0+0+0+0+0+0+0
/25 = 255.255.255.128 = 11111111.11111111.11111111.10000000 ဆိုပြီးရမှာပါ။
128+64+32+16+8+4+2+1.128+64+32+16+8+4+2+1.128+64+32+16+8+4+2+1.128+0+0+0+0+0+0+0

အကယ်လို့ မေးခွန်းက

Create a subnet with minimum 15 host IPs လိုများမေးခဲ့မယ်ဆိုရင်......
ပထမဆုံး 2 ရဲ့ power ကိုတွက်ကြည့်ရမှာပါ။ ပြီးရင် 2 ပြန်နှုတ်ရမှာပါ။
သူရဲ့ formula က
2^x-2 = number of host per subnet

2^1 = 2
2^2 = 2
2^3 = 8 ဆိုရင် မရပါဘူး။ မေးခွန်းက minimum 15 ဆိုတော့.......
2^4 = 16 ဒါဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် 2 နှုတ်လိုက်တဲ့ အခါ မှာ မရပြန်ပါဘူး
2^5 = 32 ဒါဆိုရင်တော့ ရသွားပါပြီ။
သတိထားရမှာက number of host ဆိုရင် ရလာတဲ့ result ကို 2 နှုတ်ဖို့ မမေ့ဖို့ပါ။

အဲဒါဆိုရင် subnet နောက်ဆုံး 5 bits ကို zero ဖြည့်လိုက်ပါ။

Binary နဲ့ဆိုရင်.....
11111111.11111111.11111111.11100000

Decimal နဲ့ရေးမယ်ဆိုရင်တော့
255.255.255.224

အဲဒါဆိုရင် 15 hosts အတွက် subnet mask က 255.255.255.224 ပါ။
prefix နဲ့ ရေးမယ်ဆိုရင်တော့ /27။
____________________________________________________________

နောက် example တခု။

Create a subnet with 200 host

ဒါဆိုရင် 2 ရဲ့ power ကို တွက်ကြည့်လိုက်ပါ။ ပြီးရင် 2 ပြန်နှုတ်ပါ။

2^7 = 128
2^8 = 256 ဒါဆိုရင် ရပါပြီ။ 2 ပြန်နှုတ်လည်းပဲ 254 ဆိုတော့ အဆင်ပြေပါတယ်။

အဲဒါဆိုရင် subnet ရဲ့ နောက်ဆုံး 8 bits ကို zero ဖြည့်လိုက်ပါ။

Binary နဲ့ဆိုရင်.....
11111111.11111111.11111111.00000000

Decimal နဲ့ဆိုရင်.....
255.255.255.0

ဒါဆိုရင် 200 hosts အတွက် subnet mask က 255.255.255.0 ပါ။
prefix နဲ့ ရေးမယ်ဆိုရင်တော့ /24။

ဆက်ရန်ပေါ့ဗျာ...........................

Credit To DarXide from certcollection.org
အောက်က လင့်ကတော့ မူရင် လင့်ပေါ့ဗျာ။ ကျွန်တော် ရေးတာကို မကြိုက်ရင် download ဆွဲပြီးသာဖတ်လိုက်ပါ။
Code:
[You must be registered and logged in to see this link.]

----
Broadcast Address တွက်နည်း။
တကယ်လို့ မေးခွန်းက
There is subnet 172.16.32.0/20. What is the BROADCAST ADDRESS of that Subnet?

ပထမအဆင့်အနေနဲ့
/20 ဆိုတာက 255.255.240.0

ဒုတိယအဆင့်အနေနဲ့

240 ဆိုတာက 11110000

အဲဒီတော့ နောက်ဆုံး 1 က 16 ပါ။ ကျွန်တော်ပြောတာက
(128/64/32/16/8/4/2/1)

တတိယအဆင့်အနေနဲ့

172.16.32.0 - 172.16.47.255
172.16.48.0 - 172.16.63.255
172.16.64.0 - 172.16.79.255

အပေါ်က
IPs တွေကိုကြည့်လိုက်ရင် နောက် subnet က 172.16.48.0 ပါ။ ဒါကြောင့်
172.16.32.0/20 ရဲ့ Broadcast Address ဟာ 172.16.47.255 ပါ။ ဒါကြောင့်
Broadcast Address = Ip of Before Next subnet starts
______________________________________

နောက်ဥပမာတခုကို ထပ်ကြည့်လိုက်ပါ။

192.168.152.0/26

အဲဒါရဲ့ Broadcast Address ဆိုရင်

ပထမအဆင့်အနေနဲ့
/26 = 255.255.255.192

ဒုတိယအဆင့်အနေနဲ့

192 = 11000000

နောက်ဆုံး 1 က 64 ပါ။

တတိယအဆင့်နေနဲ့

192.168.152.0 - 192.168.152.63
192.168.152.64 - 192.168.152.127
192.168.152.128 - 192.168.152.192

ဆိုတော့ နောက် subnet က 192.168.152.64 ပါ။ ဒါကြောင့် Boradcast Address က 192.168.152.63 ပါ။
__________________________________________

ပထမဆုံး address နဲ့ နောက်ဆုံး address တွက်နည်း

တကယ့်လို့ မေးခွန်းက

Calculation the first address and last address of subnet 192.168.152.48/28
ပထမဆုံး Ip ကို အဲဒီ network ရဲ့ Default Gateway အဖြစ်သတ်မှတ်လေ့ရှိပါတယ်။

ပထမအဆင့်

/28 = 255.255.255.240

ဒုတိယအဆင့်

240 = 11110000

ဒါဆိုရင် နောက်ဆုံး 1 က 16 ပါ။

ဒါဆိုရင် ဒီ subnet အတွက် ဖြစ်နိုင်တဲ့ Ip တွေကတော့......

192.168.152.48 - 192.168.152.63

ဒါဆိုရင် ပထမဆုံး ဖြစ်တဲ့ 192.168.152.48 ဟာ Network Address ဒါကြောင့် first address မဟုတ်ပါဘူး။
နောက် တခု ဖြစ်တဲ့ 192.168.152.49 က နေစရ မှာ ဖြစ်တဲ့အတွက်ကြောင့် 192.168.152.49 ဟာ first address ပါ။
နောက်ဆုံး address ဖြစ်တဲ့ 192.168.152.63 ဟာ Broadcast Address ပါ။ အဲဒါကြောင့် Last addresss မဟုတ်ပါဘူး
ဒါဆိုရင် 192.168.152.62 ဟာ Last address ပါ။
အဲဒီတော့ 192.168.152.48/28 ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး address ဟာ 192.168.152.49 နဲ့ 192.168.152.62 ဖြစ်ပါတယ်။
ဒါဆိုရင် ဒီ subnet ရဲ့ usable address ဟာဆိုရင် 14 ခုပဲရှိပါတယ်။
_________________________________________

နောက် ဥပမာတခုပါ။
172.16.32.0/22 ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး Ip ဆိုရင်

ပထမအဆင့်

/22 = 255.255.252.0

ဒုတိယအဆင့်

252 = 11111100

နောက်ဆုံး 1 က 4 ပါ။

ဖြစ်နိုင်တဲ့ Ip တွေကတော့........

172.16.32.0 - 172.16.35.255 ပါ။

ဒါဆိုရင် ပထမဆုံး address ဟာ 172.16.33.0 ဖြစ်ပြီး၊ နောက်ဆုံး address ဟာ 172.16.35.254 ပါ။
__________________________________________

ဒါဆိုရင် စာမေးပွဲမှာ မေးလေ့မေးထ ရှိတဲ့ မေးခွန်းပုံစံလေးတွေကို စမ်းပြီး ဖြေကြည့်ရအောင်ပါ။

မေးခွန်းပုံစံ (၁)
Given that you have a class B IP address network range, which of the subnet masks
below will allow for 10 subnets with 500 usable host addresses per subnet?
A. 255.255.0.0
B. 255.255.224.0
C. 255.255.254.0
D. 255.255.255.0
E. 255.255.255.224

ဒါဆိုရင် ကျွန်တော်တို့ အရင်ဆုံး လုပ်ရမှာက

2 ရဲ့ power ကို 500 အထက်ရအောင်လုပ်ရမှာပါ။
အဲဒီတော့

2^7 = 128
2^8 = 256
2^9 = 512 ဒါဆိုရပါပြီ။ 512-2 = 510

အဲဒီတော့ နောက်ဆုံးကို သုည 9 လုံးဖြည့်ရမှာပါ။

11111111.11111111.11111110.00000000

ဒါကို decimal နဲ့ပြန်ရေးမယ်ဆိုရင်.........
255.255.254.0 ပါ။ ဒါဆိုရင် အဖြေက B ပါ။

နောက်ဥပမာတခုက
Given that you have a class C address network range, which of the subnet masks
below will allow for 5 subnets with 60 usable host addresses per subnet?
A. 255.255.128.0
B. 255.255.224.0
C. 255.255.254.0
D. 255.255.252.0
E. 255.255.255.192

2 ရဲ့ power ကို 60 အထက်ရအောင်လုပ်ရမှာပါ။

2^5 = 32
2^6 = 64 ဒါဆိုရင်ရပါပြီ။ 64-2 = 62

အဲဒီတော့ နောက်ဆုံးကို သုည 6 လုံးဖြည့်ရမှာပါ။

11111111.11111111.11111111.11000000

decimal နဲ့ပြန်ရေးမယ်ဆိုရင်............
255.255.255.192 ရပါတယ်။ အဖြေက E ပါ။

ကျွန်တော့်အထင် ၅ မိနစ်တောင်မကြာဘူးလို့ထင်ပါတယ်။
__________________________________________

မေးခွန်းပုံစံ (၂)

If a host on a network has the address 172.16.45.14/30, what is the address of the
subnetwork to which this host belongs?
A. 172.16.45.0
B. 172.16.45.4
C. 172.16.45.8
D. 172.16.45.12
E. 172.16.45.18

ပထမအဆင့်

/30 = 255.255.255.252

ဒုတိယအဆင့်

252 = 11111100

နောက်ဆုံး 1 က 4 ပါ။

ဒါဆိုရင်ဒီ /30 မှာရှိတဲ့ network address တွေကို ရေးကြည့်ရင်......
172.16.45.0 - 172.16.45.3
172.16.45.4 - 172.16.45.7
172.16.45.8 - 172.16.45.11
172.16.45.12 - 172.16.45.15
172.16.45.16 - 172.16.45.19
and so on..........

ဒါဆိုရင် သူရဲ့ မေးခွန်းမေးထားတာက 172.16.45.14/30 ဟာ ဘယ် subnetwork ရဲ့အောက်မှာ ရှိလည်းမေးထားတာပါ။
အဲဒီတော့ အဖြေက D ပါ။

နောက်ဥပမာ
If a host on a network has the address 192.168.152.35/26, what is the address of the
subnetwork to which this host belongs?
A. 192.168.152.128
B. 192.168.152.0
C. 192.168.152.191
D. 172.16.45.256
E. 172.16.45.63

ပထမအဆင့်

/26 = 255.255.255.192

ဒုတိယအဆင့်

192 = 11000000

နောက်ဆုံး 1 က 64 ပါ။

ဒါဆိုရင်ဒီ /26 မှာရှိတဲ့ network address တွေကို ရေးကြည့်ရင်......

192.168.152.0 - 192.168.152.63
192.168.152.64 - 192.168.152.127
192.168.152.128 - 192.168.152.191
and so on.......

ဒါဆိုရင် သူရဲ့ မေးခွန်းမေးထားတာက 192.168.152.35/26 ဟာ ဘယ် subnetwork ရဲ့အောက်မှာ ရှိလည်းမေးထားတာပါ။
အဲဒီတော့ အဖြေက B ပါ။

ဒါကတော့ မေးခွန်းပုံစံ (၁) ထက် နည်းနည်းတော့ ကြာလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ရင်း နဲ့ မြန်လာမှာပါ။
_________________________________________

မေးခွန်းပုံစံ (၃)

Which two of the addresses below are available for host addresses on the subnet
192.168.15.19/28? (Select two answer choices)
A. 192.168.15.17
B. 192.168.15.14
C. 192.168.15.29
D. 192.168.15.16
E. 192.168.15.31
F. None of the above

ပထမအဆင့်

/28 = 255.255.255.240

240 = 11110000

နောက်ဆုံး 1 က 16 ပါ။

အဲဒီတော့ ဒီလိုရပါတယ်။

192.168.15.0 - 192.168.15.15
192.168.15.16 - 192.168.15.31
192.168.15.32 - 192.168.15.47

မေးခွန်းမှ မေးထားတာက subnet 192.168.15.19/28 ထဲမှာရှိတဲ့ host address နှစ်ခုရှာခိုင်းတာပါ။
အဖြေက A နဲ့ C ပါ။ D နဲ့ E ဟာ Network address နဲ့ Broadcast Address ဖြစ်တာကြောင့် အဲဒီနှစ်ခုကိုရွေးရင် မှားပါလိမ့်မယ်။

နောက်ဥပမာတခု

Which two of the addresses below are available for host addresses on the subnet
172.16.32.16/30? (Select two answer choices)
A. 172.16.32.34
B. 172.16.32.15
C. 172.16.32.16
D. 172.16.32.17
E. 172.16.32.18
F. None of the above

ပထမအဆင့်

/30 = 255.255.255.252

252 = 11111100

နောက်ဆုံး 1 က 4 ပါ။

အဲဒီတော့ ဒီလိုရပါတယ်။

172.16.32.0 - 172.16.32.3
172.16.32.4 - 172.16.32.7
172.16.32.8 - 172.16.32.11
172.16.32.12 - 172.16.32.15
172.16.32.16 - 172.16.32.19
172.16.32.20 - 172.16.32.23

မေးခွန်းမှ မေးထားတာက subnet 172.16.32.16/30 ထဲမှာရှိတဲ့ host address နှစ်ခုရှာခိုင်းတာပါ။
အဖြေက D နဲ့ E ပါ။ C Network address ဖြစ်တာကြောင့် အဲဒီနှစ်ခုကိုရွေးရင် မှားပါလိမ့်မယ်။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create free forum | ©phpBB | Free forum support | Report an abuse | Forumotion.com