Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ကျွန်တော် ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်စက် ကို ဝင်းဒိုးသွားတင်ပေးတယ်။
သူ့စက်က drive ကcd ပဲရတာ။ ကျွန်တော့်မှာ ဆော့ဝဲလ်တွေက dvd နဲ့ဘမ်းထားတာဆိုတော့
ကျွန်တော်လည်း လိုမယ့် ဟာတစ်ချို့ကို စတစ်ထဲကို ထည့်သွားလိုက်တယ်။ ဟိုရောက်တော့ တင်လို့လည်းပြီးရော
ကျွန်တော့မှာရှိတဲ့ microsoft က 2007 ဖြစ်နေတယ်။ သူ့စက်က
နဲနဲ နိမ့်တော့ ကျွန်တော်လည်းမတင်ပေးချင်ဘူး။ ဒါနဲ့ နီးနီးနားနားမှာ ကွန်ပြူတာရှိတဲ့ သူငယ်ချင်းအိမ် ကိုသွားပြီး
သူ့ဆီက microsoft2003ကိုstick ထဲကိုထည့်ပြီး ယူလာတယ်။ပြီးတော့
ဟိုစက်မှာstickထည့် လိုက်တယ်။ ပြီးတော့ ms2003 ဖိုဒါကို ဖွင့်လို့ကို မရတော့တာ။
သိလိုက်ပြီဗိုင်ရပ်စ် ပဲဆို။ ဒ်ါနဲ့ nero ကိုအရင်ထည့် လိုက်တယ်။ ပြီးတော့neroကို ဖွင့်လိုက်တော့
“ဒီ nero ကိုအထူးပြုထားပါတယ်။သင့် ကွန်ပြူတာမှာဗိုင်းရပ်စ် ဝင်ရောက်နေလို့ uninstall လုပ်ပြီးမှ reinstallလုပ်ပါ“ ဆိုပြီပေါ်လာတယ်။
ဘယ်လိုမှလုပ်လို့ကိုမရဘူး။ ဒါနဲ့ ကျွန်တော့် စတစ်ကို cmd>F:>attribနဲ့ ဖွင့်ကြည့်လိုက်တော့ အများကြီးဆိုတော့
ဘာကဗိုင်းရပ်စ်မှန်း မသိဘူး။ ဒါနဲ့ဟိုလုပ်ဒီလုပ်နဲ့ အဲ့နေ့က စိတ်ညစ်ပြီး ပြန်လိုက်တယ်။ နောက်နေ့ ကျတော့ ms2003သွား
ယူလာတဲ့ စက်ပိုင်ရှင်ကပါ သူ့စက်က ဖုန်းထဲသီချင်းသွင်းမရ ဘုူးဆိုပြီးလာကြည့်ခိုင်းတယ်။
ဒါနဲ့ မထူးပါဘူးဆိုပြီး သူ့စက်ကို windowပြန်တင်ပေးလိုက်တယ်။ ပြီးတော့ရှိရှိသမျှ စတစ်တွေကို
format ချလိုက်တယ်။ ဒါပေမယ့်သူကမသေဘူး။ antivirus ကလဲမမိဘူး။ NOD 32ကမမိဘူး။
ဒါနဲ့ kesperကို ၀ယ်သုံးထားတဲ့ သူငယ်ချင်းဆီသွား စစ်တော့မှမိတယ်။
ဒီနေရာမှာကျွန်တော် ပြောချင်တာက xmorရဲ့ အလုပ်လုပ်ပုံပါ။ သူက ဖိုင်တစ်ဖိုင် ခြင်းကို ပြသနာ မပေးပါဘူး။
သူပေးတာ ကဖိုဒါ အခွံကိုပါ။ ဥပမာ- သီချင်းတွေကို ဖိုဒါတစ်ခုထဲ စုထဲ့လိုက်တယ်ပေါ့။ ပြီးရင် xmor ပါနေတဲ့ ဖိုင်ကို စတစ်ထဲကူးလိုက် မိတယ်။
ဒါဆိုxmor ကိုက်ပြီ။ ဒါဆိုခုနက xmorကိုက်နေတဲ့ဖိုဒါကို ဖွင့်ကြည့်။ မရတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ အဲ့ ဖိုဒါကို ဖိုဒါ အနေနဲ့ ကွန်ပြူတာ ကမသိတော့လို့ပါ။
xmor က အဲ့အလုပ်ကိုလုပ်ပါတယ်။ ကွန်ပြူတာက ဖိုဒါကို exeဖိုင် အနေနဲ့ ပဲသိတော့ program ဆိုပြီး run တော့တာပေါ့။
ပြီးတော့မှ program ထဲမှာ သက်ဆိုင်ရာ တွေမပါဘူးဆိုပြီး ပေါ်လာတော့တာပဲ။ တကယ်တော့အထဲထဲမှာ ကိုယ်ထည့်ထားတာတွေက အကောင်းကြီးပါ။
ဒါပေမယ့် ဖွင့်မရတော့ပြန် ယူလို့မရဘူး။
ဘယ်လိုပြန်ယူနိုင်လဲ ဆိုတာကို ကျွန်တော် တော့ တစ်နည်းတွေ့ထားတယ်။ အဲ့ထက်ကောင်းတာ တွေ့ရင်ပြောပေးကြဦး။
သူက 7-zip ဆော့ဝဲလ်တော့ လိုပါလိမ့်မယ်။ 7-zipကို ထည့်ပြီး right-clickကိုကိုယ်ဖွင့်ချင် တဲ့ ဖိုဒါပေါ်ထောက်ပြီး open archive ကိုနှိပ်လိုက် ပါ။
archive ပွင့်လာရင် အထဲမှာ ရှိတာတွေ ကိုယူလို့ရပါပြီ။ အပြင်မှာ ဖိုဒါတစ်ခုဆောက်ပြီး ကူးထည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ဒေတာတွေ ပြန်ရပြီပေါ့။
ဗိုင်းရပ်စ်လဲမပါတော့ပါဘူး။ ပြီးရင် စတစ်ကို format ချပါ။ ပြီးရင် cmd>F:>attrib ကို ခေါ်ကြည့်လိုက်ပါ။
xmor ကျန်နေသေးရင် antivirus ကောင်းတာလေးရှာပြီး မိတဲ့အထိ၊ မရှိတော့ တဲ့အထိ လုပ်ပြီး သတ်ပြီးမှသာ စတစ်ကိုဆက်လက်သုံးဖို့ အကြံပြုပါတယ်။
အခုလိုရေးပြပြီတော့ 7-zip နဲ့ xmor သေတဲ့ antivirus မတင်ပေးနိုင်သေးတာကို ခွင့်လွတ်ပါ။ ရှိရင်လဲဝိုင်းပြီးတင်ပေး ကြပါဦး။ အရှုပ်တွေ လုပ်ပြီး အလုပ်တွေရှုပ်နေလို့ပါ။
:cry :cry :cry :cry :cry :cry :cry



Last edited by လင်းထက် on 11th March 2010, 3:34 pm; edited 1 time in total

moeyake

moeyake
Moderator



Moderator
ကျွန်တော်တော့ အဲဒီဗိုင်းရပ်စ်မကြုံဖူးသေးဘူးဗျ။ သူ့ကိုမိတဲ့ Kaspersky က 2009 လားမသိဘူး။
အဲဒီကောင်က xmor.exe နဲ့ပဲ run တာလားအကို။

လင်းထက်

လင်းထက်
MITR Reader



MITR Reader
kespersky internet security 2010ပါ။ တခြားမိတာတွေလဲရှိ မှာပါ။ ကျွန်တော်သုံးလို့ ရတာကိုပြောတာပါ။xmor.exeနဲ့ ပဲrunတာပါ။ attribထဲမှာဝင်ရှာရင် xmor.exe နဲ့ autorun.inf ဆိုပြီးနှစ်ခု
ရှိနေမှာပါ။ affraid

လင်းထက်

လင်းထက်
MITR Reader



MITR Reader
အော် မကြုံဘူးသေးလို့ ကြုံချင်ရင်ပြောနော်။ ကူညီမယ်။ gmailသာပေး....... Razz

alt.332

alt.332
Administrator



Administrator
ကျေးဇူးပဲကိုလင်းထက်ရေ....နောက်ပိုင်း ဒီလိုကြုံရရင် ဘယ်လိုလုပ်ရမလဲသိသွားတာပေါ့...တစ်ခါတည်းလေ...ကျွန်တော် တိုက်တွန်းချင်တာလေးက အစ်ကိုတို့ ကြုံတွေ့ရတဲ့ အဲ့ဒီ့လိုမျိုး virus problem တို့ Windows problem တို့ စတဲ့ ပြဿနာတွေကို Experience Along My Life အောက်မှာ တင်ကြပါလားဗျာ.... ကိုယ်ဖြတ်သန်းခဲ့တဲ့ IT life တစ်လျှောက် ကြုံတွေ့ရတာလေးတွေကို ပေါ့.... ကျွန်တော်ကတော့ ဘာ အတွေ့အကြုံမှမရှိသေးလို့ မတင်နိုင်သေးဘူး...အစ်ကိုလင်းထက် တင်ထားတဲ့ ဒီ Post ကိုတွေ့မှ သတိရလို့ အကြံပေးတာပါ Smile

http://www.myanmaritresource.info

H3@v3n

H3@v3n
Contributor



Contributor
ကျနော် လည်း ထိဖူးတယ်

အခု လို ရှင်း ပြတော့ မှ သိတော့တယ်


Trojan Remover 6.8.1 build 2593 နဲ. မိတယ်

kaspersky 2010 နဲ. လည်း မိတယ်

*USB ကို autorun ကာ ထား ရင် လည်း မ၀င် တော့ ပါဘူး

[You must be registered and logged in to see this image.]
ကျနော် တော့ USB disk security Software သွင်းပြီတာ နဲ. ပုံလေး ထဲကအတိုင်း နှိပ် လိုက်တယ်

ဒီလို ကိုယ့် ရဲ. USB stick ထဲမှာ ပေါ် ရင် ဘယ် တော့ မှ သူများ computer ထဲက Autorun virus မ၀င် တော့ပါဘူး
[You must be registered and logged in to see this image.]

Htet Naing

Htet Naing
Moderator



Moderator
ကြုံဖူးချင်တယ်။ [You must be registered and logged in to see this link.] နော်။ ပို့ ပေးလိုက်။ တခြား virus တွေကိုရှိသေးရင် CD burn ပေးပါလား။ အခွေပြန်ပေးမယ်လေ။ ဒါမှမဟုတ်လည်း DVD ပေါ့။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com