Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Add On for Screen Shot [Tips & Tricks] Empty Add On for Screen Shot [Tips & Tricks] 9th March 2010, 7:49 am

solakoko

solakoko
Moderator



Moderator
Internet Cafe မှာ သုံးလို့ပဲဖြစ်ဖြစ်၊ ကိုယ်အိမ်မှာ သုံးလို့ပဲဖြစ်ဖြစ် ကိုယ်သိမ်းချင်တဲ့ Web Page တွေကို အလွယ်တကူ သိမ်းလို့ရမယ့်နည်းလေးပါ။ အရင်ကတော့ doPDF သုံးပါတယ်။ ဒါပေမယ့် pdf print ထုတ်တာက Web Page ပေါ်က ဓါတ်ပုံတွေကို color မှန်အောင် မထုတ်ပေးနိုင်ပါဖူး။ ပြီးတော Frame ခွဲရေးထားတဲ Web Page တွေဆိုရင် Page တစ်ခုလုံးကို print မထုတ်ပေးနိုင်ပါဖူး။ ပိုဆိုးတာက Internet ဆိုင်မှာ သုံးဖြစ်တဲ့ အချိန်ဆိုရင် ဆိုင်က စက်မှာ doPDF Printer Driver ကို Install လုပ်လို့ မရနိုင်တာပါပဲ။ Admin Right မရှိလို့လေ။
ဒါဆို Page ကို save လုပ်ဖို့ တခြား alternative way မရှိတော့ဖူးလား။ ရှိပါတယ်။
Entire Web Page ကို Screen Shot ရိုက်ယူဖို့ဖြစ်ပါတယ်။ Windows ရဲ့ Print Screen နဲ့တော့ အဆင်ပြေမှာ မဟုတ်ပါဖူး။ Print Screen က ကိုယ်မြင်နေရတဲ့ အပိုင်းကိုပဲ Capture လုပ်လို့ ရနိုင်လို့လေ။ ဒါပေမယ့် Mozilla Firefox သုံးတဲ့ မိတ်ဆွေတွေအတွက်တော့ အဆင်ပြေပါတယ်။ ဘာ Software မှ Install လုပ်စရာမလိုတဲ့အတွက် ကိုယ်သုံးနေတဲ့ စက်မှာ Admin Right မရှိရင်တောင် အဆင်ပြေနေဦးမှာပါ။
၁. Mozilla Firefox ဖွင့်လိုက်ပါ။
၂. ပြီးတော့
Code:
http://aviary.com/install/firefox
ကို Visit လုပ်လိုက်ပါ။
၃. Firefox ရဲ့ Security Question ပေါ်လာခဲ့ရင် Allow ဆိုတဲ့ Button ကို Click လုပ်လိုက်ပါ။
၎. Installation ပြီးရင် Firefox ကို restart လုပ်လိုက်ပါ။

Aviary Screen Capture Add-on တင်ပြီးသားဖြစ်ပါလိမ့်မယ်။

ကိုယ်သိမ်းချင်တဲ့ Web Page မှာ Aviary Menu ထဲကနေ (Capture Region, Capture Visible Portion,
Capture Entire Page) ကြိုက်တဲ့ Option ကို Click နှိပ်လိုက်ပါ။ ပြီးတော့ Save to desktop ဆိုပြီး Web Page
ရဲ့ ဓါတ်ပုံ ကို Desktop မှာ သိမ်းလိုက်ပါ။ ဒါဆိုရင် ဒီဓါတ်ပုံကို ကြိုက်တဲ့ နေရာမှာ ပြန်ကြည့်နိုင်ပြီပေါ့။

ဒီလို တခြား Add-On လေးတွေကို
Code:
https://addons.mozilla.org/en-US/firefox/addon/5648
မှာ အများကြီးရှာလို့ ရပါတယ်။

[You must be registered and logged in to see this image.]

source:mmitdev

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com