Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
အွန်လိုင်းပေါ်သို့ ၀က်ဘ်ဆိုက်များလွှင့်တင်လိုသူများအတွက် Free Domain နှင့် Free hosting များကို အွန်လိုင်းပေါ်မှ အလကားပေးသောနေရာများရှိပြီး ၄င်းတို့ကိုအသုံးပြု၍ လေ့လာမှုများ၊ မိမိတို့ကိုယ်ပိုင် ၀က်ဘ်ဆိုက်များ တည်ထောင်ခြင်းတို့တွင် အသုံးပြုမူများရှိကြောင်းသိရသည်။
သင်ကြားရေးလုပ်ငန်းများလုပ်နေသော ကွန်ပျူတာကျောင်းသားများအတွက် အလွန်အသုံးဝင်သလို webpage နှင့်ပတ်သက်သော လေ့လာမှုများပြုလုပ်နေကြသူ များအတွက်လည်း အွန်လိုင်းပေါ်သို့အလွယ်တကူကိုယ်တင်ချင်သော website တက်သွားမည်ဖြစ်ပြီး hosting ကိုလည်း free ပေးထားသော ၀က်ဆိုက်များမှရနိုင်မည်ဖြစ်သည်။ “အွန်လိုင်းပေါ်မှ free ပေးတဲ့ ၀က်ဘ်ဆိုက်တွေ အများကြီးရှိပါတယ်။ Domain name ကိုအလကားရနိုင်ပါတယ်။ အသုံးများဆုံးသော free domain ၀က်ဆိုက်တွေက www.co.cc ဆိုတဲ့ website ရှိသလို www.uni.cc ဆိုက်ကလည်း free domain ရနိုင်ပါတယ်။ သူတို့ဟာ html code တွေနဲ့ဆိုက်ကိုပြုလုပ်သွားနိုင်သလို သူတို့ပေးထားတဲ့ host တွေကိုလည်း ယူသုံးလို့ရပါတယ်။ အများစုကတော့ သူတို့ရေးထားတဲ့ ၀က်ဘ်ဆိုက်ဒီဇိုင်းတွေတင်ချင်လို့ ဒီ domain တွေကို အသုံးပြုတာဖြစ်ပါတယ်” ဟု web devloper တစ်ဦးမှပြောသည်။ “Domain“ ရသွားတဲ့လူတွေ အတော်များများက web host တစ်ခုလိုအပ်လာပါတယ်။ အချို့က ၀က်ဘ်ဆိုက်ပေါ်တင်ပေးတဲ့ ဆော့ဖ်ဝဲတွေသုံးပြီးတင်ကြတယ်။ အချို့က ကောင်းတဲ့ open source hosting တွေကိုယူသုံးကြတယ်။ အွန်လိုင်းသုံးတတ်ရင် အဲဒိဝက်ဘ်ဆိုက်တွေက အသုံးဝင်ပါတယ်။ လူသုံးများတဲ့ website တွေက www.000webhost.com မှာလည်း host တွေရယူနိုင်သလို အချို့ဝက်ဆိုက်တွေမှာလည်း code တွေကိုပေးထားတတ်ပါတယ်” ဟု ကိုကျော်ကျော် (web desiger) မှသူ၏အမြင်ကိုရှင်းပြသည်။ အွန်လိုင်းပေါ်သို့ ၀က်ဘ်ဆိုက်တစ်ခုလွင့်တင်ခြင်းအတွက် အသုံးစရိတ်မှာ အနည်းဆုံးဒေါ်လာ၂၀ ခန့်အထိနှင့် လွှင့်တင်နိုင်ပြီး အချို့မှာ ထိုအလကားရသော domain website များကိုသုံးပြီး website လွင့်တင်လိုသူများကို ပေးတတ်ကြောင်းလည်း သိရသည်။

Ref: myanmarinternetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com