Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
လုပ်ငန်းနယ်ပယ်အသီးသီးအတွက် Software Solutions 2010 4nk2p

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် MCF မှကြီးမှူး၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) တို့ပူးပေါင်းကာ software & soltuions Exhibition 2010 ကို ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ မြန်မာအင်ဖိုတက် Function Hall 1, Function Hall 2 နှင့် Conference Hall တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြပွဲတွင်ကုမ္ပဏီပေါင်း ၂၀ ကျော်မှ ပြခန်းပေါင်း ၃၀ ကျော်ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြပွဲ၃ရက်အတွင်း ပြပွဲ၊ Product Presentation နှင့် အလုပ်ရုံဆွေးနွေးပွဲ၊ ဆုပေးပွဲဟူ၍ ကဏ္ဍ (၃) မျိုးပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲပြခန်းများကို Function Hall 1,2 တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Proudct Presentation နှင့် အလုပ်ရုံဆွေးနွေးပွဲများကို Main building အတွင်းရှိ Conference Hall နှင့် Room 205 တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲစတင်မည့် ပထမနေ့တွင် e-government နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးသွားမည်ဖြစ်သဖြင့် e-government day (မှတ်ချက်။ နေ့တစ်နေ့အဖြစ် သတ်မှတ်ချင်းမဟုတ်၊ e-government နှင့်ပတ်သက်သည့် အ ကြောင်းအရာများကိုသာ ဆွေးနွေးမည်ဖြစ်သဖြင့် ပွဲအတွင်းသတ်မှတ်ထားခြင်းသာဖြစ်) အဖြစ်သတ်မှတ်ထားသည်။ Product Presentation နှင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပရာ၌ Conference Hall တွင် E-government KOTRA E-Government, Manufacturing, Hotel and Tourism, General, Security နှင့်ပတ်သက်သော အကြောင်းအရာများကို ဟောပြောဆွေးနွေးရန်စီစဉ်ထားပြီး Room 205 တွင် Bonking, E-Education, Retail, Construction, Fisheries, Hospital and Clinics, Logistics နှင့်ပတ်သက်သော အကြောင်းအရာများကို ဟောပြောဆွေးနွေးရန်စီစဉ်ထားကြောင်း သိရသည်။ ပြပွဲတွင် ကျောင်းသားကျောင်းသူများ၊ ပညာရှင်များ၊ တီထွင်သူလူ ငယ်များအား အခွင့်အရေးပေးဆောင်ရွက်သည့်အနေဖြင့် ပြခန်းများ၏ထိပ်တွင် ၎င်းတို့တီထွင်ဖန်တီးထားသော Open Source, R and D (Research and Development), Academic Project များကို အခမဲ့ပြသခွင့်ပြုထားသည်။
Software & Solvtions Exhibitions 2010 တွင် မြန်မာအိုင်စီတီဆုပေးပွဲ ၂၀၀၉ ခုနှစ် (Education Project ပြိုင်ပွဲ Mobile Application of the year, website of the year) ကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

Ref: myanmarinternetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com