Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
အခြားသောလူငယ်ဟတ်ကာ တွေလိုပါပဲ။ ဂျတ်မော့စ်ဟာ၎င်းရဲ့ ကွန်ပျူတာသမားဘ၀အစကို ကွန်ပျူတာဂိမ်းတွေကို ကော်ပီကူးရင်းစခဲ့ပါတယ်။ ဒါပေမဲ့သူဟာ အခြားသောဟတ်ကာများနဲ့မတူဘဲ သူ့ရဲ့ Social Networking Skills ကို စီးပွားရေးလုပ်ငန်းမှာ အသုံးချခဲ့ပါတယ်။ ၎င်းဟာ Defcon ကိုတည်ထောင်ခဲ့ပြီး ပထမဆုံးနဲ့ကမ္ဘာ့အကြီးဆုံး ဟတ်ကာကွန်ဖရင့်ကို ကျင်းပခဲ့သူပါ။ ယခုတော့သူဟာ အမေရိကန်အစိုးရကိုကူညီပြီး၊ အမိမြေလုံခြုံရေးဌာနရဲ့ အကြံပေးကောင်စီမှာ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

Defcon ကို ဘယ်နှစ်မှာ စဖြစ်ခဲ့တာလဲ။
၉၂၊ ၉၃ ပေါ့။ ၉၂ ခုနှစ်မှာ စ တင်အကြံပေါ်တယ်။ ၉၃ ခုနှစ်မှာ ဖြစ်လာခဲ့ပါတယ်။
အခုတော့ အခြေအနေတွေလည်း ပြောင်းကုန်ပြီပေါ့။ အခုအ ခါမှာ ဘာတွေပြောင်းလဲလာပြီ၊ ဘာတွေကတကယ့်ခြိမ်းခြောက်မှု အစစ်ဆိုတာတွေကို ပြောပြပေးပါ ဦး။
အကြီးမားဆုံး အပြောင်းအ လဲကိုပြောပါဆိုရင် ငွေကြေးပါပဲ။ ငွေကြေးဟာအရာရာကို ပြောင်း လဲပစ်တဲ့အထဲမှာပါဝင်နေပါတယ်။ တကယ်တော့ဒါဟာမမှန်ပါဘူး။ နည်းပညာက ကြီးထွားတိုးတက် နေခဲ့ပါပြီ။ ဒါကြောင့် ငွေနဲ့နည်း ပညာ နှစ်ခုပေါ့လေ။ အင်တာနက် access ကအခြေခံအားဖြင့် အခ မဲ့ရနေတယ်၊ ပြီးတော့ Unix နဲ့ ဖုန်း Call တွေကလည်း အခမဲ့ရ နေလေတော့၊ ဘယ်သူကများ Phone Call တွေကို ခိုးယူဖို့ကြိုး စားတော့မှာလဲ။
ခင်ဗျားဟာ Hacking ကို ဘယ်လိုစလုပ်ဖြစ်ပြီး၊ ကွန် ပျူတာ Security လိုင်းကို ဘယ် လိုရောက်လာတာလဲ။ ဒါတွေအား လုံးမှာ ခင်ဗျားဘယ်လိုစိတ်ဝင်စား သွားခဲ့တာလဲ။
အဲဒါနည်းနည်းတော့ ကြုံရာ ကျပန်းဆန်တယ်။ ကျွန်တော် အ ဖေက ဆန်ဖရန်စစ္စကို တက္ကသိုလ် က ဒေါက်တာတစ်ယောက်ပါ။ အဲ ဒီတက္ကသိုလ်က IBM ကွန်ပျူ တာတစ်လုံးဝယ်ရင် ပညာရေးနဲ့ ဆိုင်တဲ့ Discount တစ်မျိုးပေး တတ်တယ်။ ဒါကြောင့် သူတို့ဟာ ကျွန်တော်တို့ ကွန်ပျူတာတစ်လုံး ၀ယ်ပေးဖြစ်ခဲ့ရာက ကွန်ပျူတာနဲ့ ရင်းနှီးလာခဲ့တာပါပဲ။

အဲဒီတုန်းကအသက် ဘယ် လောက်ရှိပြီလဲ။
၁၂ နှစ်၊ ၁၃ နှစ် လောက်ပါပဲ။

အခုရောအသက် ဘယ်လောက်လဲ။
၃၉ နှစ်ပါ။ ကျွန်တော် ညီမကတော့ ငယ်ငယ်ကတည်းက ကွန်ပျူတာရခဲ့ပေမယ့်စိတ်မ၀င်စားခဲ့ဘူး။ သူကတော့ နောက်ဆုံးမှာ ဂီတကိုပဲ စိတ်ဝင်စားသွားခဲ့တယ်။ ကျွန် တော်ကတော့ ဟတ်ကာဘ၀ကို Software Pirate တစ်ဦးအ နေစခဲ့တာပါ။ ငယ်ငယ်တုန်းက တော့ ကော်ပီကူးလို့မရတဲ့ ဂိမ်းတွေ ကို ကော်ပီလိုက်ကူးရင်းနဲ့ ကျွမ်း ကျင်လာတာပေါ့လေ။ ကိုယ့်ရဲ့ CPU ကို ၃၀ သို့မဟုတ် ၄၀ ရာ ခိုင်နှုန်းပိုမြန်အောင်လုပ်တာ၊ ကွန် ပျူတာ System မှာဘာတွေပို ကောင်းအောင်လုပ်မလဲစူးစမ်းတာ မျိုးတွေပေါ့လေ။ ခြုံပြောရရင်တော့ ကွန်ပျူတာနဲ့ ကျွန်တော်ဘ၀ပတ် သက်မိတာဟာ ကြုံရာကျပန်း တိုက်ဆိုင်တဲ့သဘောပါ။ အဲဒါကံ ကောင်းပါတယ်။ ကျွန်တော့်မိဘ တွေက ကွန်ပျူတာဝယ်ပေးခဲ့လို့ Modem အကြောင်းလေ့လာ ခွင့်ရခဲ့တယ်။ ဒီနောက်တော့ Hacking လုပ်တတ်ဖို့ ကျွန်တော့် ကို သင်ပေးတဲ့သူနဲ့တွေ့ရတယ်။ ပျော်စရာတွေပါ။
Hacking နဲ့ပတ်သက်လို့ ဆဋ္ဌမအာရုံရော ခင်ဗျားမှာရှိသလား။
အင်း၊ ပြဿနာတွေကို ဖြေရှင်းဖို့တော့ ခင်ဗျားမှာလည်း ဆဋ္ဌမအာရုံရှိတတ်မှာပါ။ တစ်ယောက် ယောက်က ဒါတော့ပြဿနာရှိနေ ပြီလို့ပြောရင် နည်းပညာရှုထောင့် ကနေ System တွေကို လေ့လာ ဖြေရှင်းတာလုပ်ဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ အင်တာနက် နည်းပညာတွေနဲ့ ပတ်သက်လို့ရှိ ရင် ခင်ဗျားမှာ ကွဲပြားခြားနားတဲ့ စိတ်နေသဘောထားတွေလည်း အများကြီးလိုအပ်ပါတယ်။ အရည် အသွေးတွေလည်း လိုအပ်တယ်။ အဲဒါတွေကို ဖြေရှင်းရင်းနဲ့ပဲ ဆဋ္ဌမ အာရုံရတာလို့ ထင်တာပဲ။

ကွန်ပျူတာ Security ပိုင်းနဲ့ ပတ်သက်လို့ရော ဆွေးနွေးချင်တာများ ရှိပါသေးသလား။
ကျွန်တော်တို့ဟာ Web ပေါ်မှာ လုံးဝမှီခိုပြီး အလုပ်လုပ်နေရတယ်။ အဲဒါဟာ မလုံခြုံပါဘူး။ DNS လို့ခေါ်တဲ့ (Domain Name Systems) အပေါ်မှီခိုနေရတယ်။ အဲဒါမလုံခြုံဘူး။ အီး မေးလ်တွေကို မှီခိုနေရတယ်။ အဲဒါ လည်းမလုံခြုံပါဘူး။ ကျွန်တော်တို့ ဟာ ဒီအခြေခံအရာသုံးခုကို ဟိုးကတည်းကသုံးခဲ့ပြီး လုံခြုံမှုမရှိသလို၊ ပြဿနာတစ်ခုခုဖြစ်လာရင်လည်း ဖြေရှင်းဖို့ တွန်းအားပေးနိုင်မယ့်ပုံမပေါ်ပါဘူး။ Google, Yahoo နဲ့ YouTube စတဲ့ ကုမ္ပဏီကြီးသုံးခုဟာ ကျွန်တော်တို့ရဲ့ဘ၀တွေကို အွန်လိုင်းပေါ်တင်ထားဖို့ အားပေးနေပါတယ်။ ဒါပေမဲ့သူတို့ ရဲ့ဘက်ကို သူတို့လုံခြုံအောင်တော့ လုပ်မထားနိုင်သေးပါဘူး။

Ref: Q&A with Jeft Moss

Credit to myanmarinternetjournal

http://sidnaing.co.cc/

moeyake

moeyake
Moderator



Moderator
ကျွန်တော်တို့ဟာ Web ပေါ်မှာ လုံးဝမှီခိုပြီး အလုပ်လုပ်နေရတယ်။ အဲဒါဟာ မလုံခြုံပါဘူး။ DNS လို့ခေါ်တဲ့ (Domain Name Systems) အပေါ်မှီခိုနေရတယ်။ အဲဒါမလုံခြုံဘူး။ အီး မေးလ်တွေကို မှီခိုနေရတယ်။ အဲဒါ လည်းမလုံခြုံပါဘူး။ ကျွန်တော်တို့ ဟာ ဒီအခြေခံအရာသုံးခုကို ဟိုးကတည်းကသုံးခဲ့ပြီး လုံခြုံမှုမရှိသလို၊ ပြဿနာတစ်ခုခုဖြစ်လာရင်လည်း ဖြေရှင်းဖို့ တွန်းအားပေးနိုင်မယ့်ပုံမပေါ်ပါဘူး။ Google, Yahoo နဲ့ YouTube စတဲ့ ကုမ္ပဏီကြီးသုံးခုဟာ ကျွန်တော်တို့ရဲ့ဘ၀တွေကို အွန်လိုင်းပေါ်တင်ထားဖို့ အားပေးနေပါတယ်။ ဒါပေမဲ့သူတို့ ရဲ့ဘက်ကို သူတို့လုံခြုံအောင်တော့ လုပ်မထားနိုင်သေးပါဘူး။
အဟီး အဲလူကြီး Google, Yahoo and YouTube တွေကို ကောင်းကောင်းမွှေနိုင်မယ်ထင်တယ် Razz

C0D3R

C0D3R
MITR Master



MITR Master
အဟီး အဲလူကြီး Google, Yahoo and YouTube တွေကို ကောင်းကောင်းမွှေနိုင်မယ်ထင်တယ်

မြန်မာတွေလည်းမွေလိုတတ်ပါတယ် ကျွန်တော်တော့မပါဘူး ဆရာကြီးတွေလေ

http://www.myanmaritresource.info

moeyake

moeyake
Moderator



Moderator
မြန်မာတွေလည်းမွေလိုတတ်ပါတယ် ကျွန်တော်တော့မပါဘူး ဆရာကြီးတွေလေ

ဟုတ်မယ် ဟုတ်မယ် ဟိုတစ်လောလေးကတင် MZ မှာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော် ဒီမှာ ပြန်တင်ပေးလိုက်မယ်။


BurmeseHackers ဆိုတဲ့ မြန်မာဟက်ကာအဖွဲ့ ဒီနေ့ Georgia ရဲ့

http://www.moh.gov.ge

Home Page ကို Deface လုပ်ခဲ့ကာ server ကွန်ပျူတာအထဲအထိကို ၀င်ရောက်မွေနှောက်ခဲ့ပါတယ်။

BurmeseHackers ဆိုတာဘယ်သူတွေမှန်းမသိသလို အရင်ကလည်း မကြားဖူးပါဘူး။
သေချာတာကတော့ undergroundhackers အဖွဲ့တစ်ဖွဲ့ပါပဲ။ မေးလ်ကတော့ ughackersgroup{at}gmail.com လို့သိရပါတယ်။

သူတို့တွေက SQL Injection နဲ့ admin password ကိုရယူကာ c99 shell ကိုအသုံးပြုသွားပုံရပါတယ်။

ကွန်ပျူတာဟတ်ကာ၊ အမေရိကန် အစိုးရလုံခြုံရေးအတိုင်ပင်ခံ ဂျတ်မော့စ်နှင့်တွေ့ဆုံခြင်း[Article] 2004bp3

credit to : http://www.mysteryzillion.org

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com