Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

အနာဂတ် ၏ အိုင်တီခေါင်းဆောင်များသို့[Article]

Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder

ကျွန်တော့်ရဲ့ ညီငယ်လေးနှင့် အခြားသော အိုင်တီလောကမှ ခေါင်းဆောင်များထံသို့......

၂၁ ရာစု အိုင်တီလုပ်ငန်းတွေမှာ အမိန့်ပေးခိုင်းစေတာထက် ဝန်ထမ်းတွေကို သူ့တို့ကိုယ်တိုင်တီထွင်ဖန်တီးမှုရှိအောင် တွန်းအားပေးရမယ်။ ဝန်ထမ်းတိုင်းတက်ကြွစွာနဲ့ တာဝန်ယူလုပ်ကိုင်နိုင်အောင် ဖန်တီးပေးရမှာပါ။

လက်ရှိအချိန်မှာ IT လောကဟာ ကွဲပြားခြားနားတဲ့ အရည်အသွေးတွေနဲ့ ခေါင်းဆောင်သစ်တွေကို လိုအပ်နေပါပြီ။ နှစ်ပေါင်းများစွာကြာအောင်ကိုပဲ ကျွန်တော်တို့ဟာ IT ခေါင်းဆောင်တွေရဲ့အခန်းကဏ္ဍမှာ အဓိကအပြောင်း အလဲကြီးတွေ ဖြစ်ပေါ်လာခဲ့တာ တွေ့ခဲ့ရပါတယ်။

ခေါင်းဆောင်ဆိုတာ ဘယ်လိုလူမျိုးပါလိမ့်။ သူအလုပ်က နာမည်အမျိုးမျိုး၊ ဘွဲ့၊ ရာထူးအဖုံဖုံနဲ့ တည်ရှိနေမှာပါ။ ကွန်ပျုတာဌာနခွဲအကြီးအကဲ data processing မန်နေဂျာ ဒါမှမဟုတ် head of computing လို့ခေါ်တဲ့ရာထူးမျိုး ဒါမှမဟုတ် IT director ဒါမှမဟုတ်ပြန်ရင်လည်း chief information officer လို့ခေါ်တဲ့ CIO စသဖြင့် ဒါတွေအားလုံး အိုင်တီ ခေါင်းဆောင်တွေကို အမည်နာမ အမျိုးမျိုးနဲ့ခေါ်ထားတာပါပဲလေ။ အခုအခါမှာတော့ တစ်ချို့ကပြောနေကြတယ်။ ကျွန်တော်တို့နည်းပညာနဲ့ အကျွမ်းတဝင်ကြီးပြင်းလာတဲ့ မျိုးဆက်တစ်ဆက်ရှိလာနေတာမျိုး၊ ဒီမျိုးဆက်က စီးပွားရေးက ခေါင်းဆောင်ပိုင်းနေရာ ဝင်ယူလာရင်၊ ဒီအိုင်တီခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ IT နယ်ပယ်မှာ စပယ်ရှယ်လစ်ဖြစ်အောင် အထူးလုပ်ယူစရာမလိုတော့ဘူးတဲ့။ ဒါပေမယ့် ကမ္ဘာကြီးကို IBM ရဲ့ပုံစံက လွှမ်းမိုးထားတဲ့အတွက် IT ဆိုတာ အရင်းအနှီး ကြီးကြီးမားမားမြှုပ်နှံရတဲ့ စီးပွားရေးလုပ်ငန်းဖြစ်နေပါတယ်။ ဒီတော့ ဒီလိုအခြေအနေမျိုးမှာ အရည်အသွေးရှိတဲ့ programmer တွေဟာ ခေါင်းဆောင်တွေပဲပေါ့။ System analysis နဲ့ design နယ်ပယ်ကလာတဲ့ ခေါင်းဆောင်တွေဟာ ရှေ့တန်းကိုရောက်လာနေပါပြီ။

Web ရဲ့ဖွံ့ဖြိုးလာမှုဟာ information reader တွေရဲ့အခန်းကဏ္ဍအပေါ် ရှေ့ဆက်အကျိုးသက်ရောက်မှုတွေ ရှိလာဦးမှာပါ။ Server တွေ၊ network တွေကို ကုမ္ပဏီတွေဟာ ယခုအခါအင်တာနက်ကနေ customer တွေနဲ့အ လုပ်တွေ လျင်လျင်မြန်မြန်လုပ်လို့ရလာပြီး၊ CIO တွေအဖို့လည်း အ ရည်အသွေးတွေအများကြီး တိုးတက်လာစေပါတယ်။ ဒါကြောင့်ပဲ ယနေ့ ခေတ်ရဲ့ CIO တွေဟာ စီးပွားရေးနဲ့ပတ်သက်လို့ ငွေကြေးအကျိုးအမြတ် တွေအကြောင်း ပြောတတ်ရမှာဖြစ်သလို၊ လက်ရှိခေတ်စားဆဲ နည်းပညာ အနာဂတ်မှာခေတ်စားလာမယ့် နည်းပညာတွေကိုပါ ထဲထဲဝင်ဝင်သိထား ရပါတော့မယ်။

အဓိကပြောရရင်တော့ လက်ရှိကျွန်တော်တို့ရဲ့ IT အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံအနေအထားပါပဲ။ IT အဖွဲ့အစည်းတွေရဲ့ဖွဲ့စည်းပုံအ နေအထားဟာ အမိန့်ပေး၊ ထိန်းချုပ်မောင်းနှင်တဲ့၊ အထက်ကနေ အောက်ကိုလမ်းညွှန်တဲ့ hierarchy စနစ်ပါပဲ။ အဖွဲ့အစည်း၊ ကုမ္ပဏီတွေရဲ့ဘုတ်အဖွဲ့ဟာ ဥာဏ်ကြီးရှင်တွေပါပဲ။ အဖွဲ့ရဲ့ရည်မှန်း ချက်တွေချမှတ်မယ်။ ပေါ်လစီအတွက် စီမံကိန်းတွေချမှတ်ပေးတာ၊ ရင်းမြစ်တွေကိုအသုံးချခိုင်းစေတာ၊ ကွပ်ကဲတာတွေကိုလုပ်ပါတယ်။ ဒီ လိုဖွဲ့စည်းပုံဟာ ၂ဝ ရာစုထဲမှာကျန်ခဲ့ပါပြီ။ အခု ၂၁ ရာစုထဲမှာတော့ IT လုပ်ငန်းအပေါ်အမြင်တွေက အစပြောင်းလဲကုန်ပြီမို့ ဖွဲ့စည်းပုံတွေလည်း ပြောင်းလဲရတော့မှာပါ။ ကုမ္ပဏီတွေဟာ ဝန်ထမ်းတွေကို အမိန့်ပေး command လုပ်ပြီးခိုင်းတာထက်၊ သူတို့ဘာသူတို့ တီထွင်ဖန်တီးမှုရှိဖို့ creativity ဖြစ်အောင် တွန်းအားပေးရပါမယ်။ အောက်ခြေကလူတွေအားလုံးတက်ကြွစွာနဲ့ တာဝန်ယူလုပ်ကိုင်တဲ့ လုပ် ငန်းဖြစ်ရပါမယ်။ ဒီအတွက် ခေါင်းဆောင်သစ်တွေအတွက် information ဟာ မရှိမဖြစ်အရေးကြီးလာပါပြီ။ ဒါကြောင့်အနာဂတ် IT ခေါင်းဆောင်တွေဟာ နည်းပညာအသစ်တွေ၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ပုံအသစ်တွေ၊ အဖွဲ့အစည်းရဲ့ပါရာဒိုင်းအသစ်တွေကိုပါ ရှေးရှုတီထွင်လုပ်ဆောင်နိုင်သူတွေ ဖြစ်ရပါမယ်။ ဒါကြောင့်ကျွန်တော်တို့ဟာ ဆရာကြီးလောက်ဇီရဲ့စကားကိုပြန်ပြောရင်တော့
' အကောင်းဆုံးခေါင်းဆောင်တွေဆိုတာဟာ သူ့လူတွေက ကျုပ်တို့ကိုယ့်ဘာသာလုပ် လိုက်မယ်လေလို့ တာဝန်ယူပြီးပြောသူတွေကို ပိုင်ဆိုင်ထားတဲ့သူတွေပါပဲ'

မှတ်ချက်။ ။ ဤဆောင်းပါးကိုရေးသူ ဒေးဗစ်ချန်သည် လန်ဒန်စီးတီးတက္ကသိုလ်ရှိ center for Information Leadership မှ ဒါရိုက်တာဖြစ်သလို၊ BBC ၏ Business Systems အကြီးအကဲဟောင်း တစ်ဦးလည်းဖြစ်သည်။

Ref: Technology Chief must evolve into Information Leaders

အားလုံးကို သိစေချင်တဲ့အတွက် ဒီ ဆောင်းပါးလေးကို ရတနာပုံ Web Portal မှ ကူးယူတင်ပြလိုက်ရပါတယ်။
ဒီလို ဆောင်းပါးမျိုး ကိုယ်တိုင် ရေးပေးဖို့ အကြိမ်ကြိမ် ကြိုးစားကြည့်ပါသော်လည်း အရေးအသားက မကောင်းတော့ သိပ်မရေးနိုင်ခဲ့ဘူး။ အခုတော့ အခွင့်သင့်တုန်း ၊ ရှာတွေ့တုန်းလေး ပြန်လည် မျှဝေလိုက်ရပါတယ်။
ကျွန်တော်ကတော့ တကယ်ကို ကောင်းမွန်တဲ့ ဆောင်းပါးလေး တစ်ပုဒ်အဖြစ် မှတ်ချက် ချလိုက်ပါတယ်။

http://www.myanmaritresource.info
Share this post on: reddit

တော်တော် ကောင်းတဲ့ ပိုစ့် တစ်ခုပါပဲ .. ဖတ်ရတဲ့ သူအတွက်လည်း တော်တော် အကျိုးရှိပါတယ်...

အလွန်ကောင်းပါတယ်။ ဒီလိုဆောင်းပါးမျိုး များများတင်ပေးပါ။
Thank You.

:shout :shout :shout :shout :shout :shout :shout :shout :shout

ဟုတ်ကဲ့။
အချိန်ရရင်ရသလို ကိုယ်တိုင်လည်း ဆောင်းပါးလေးတွေ ရေးချင်တာ အများကြီးရှိပါတယ်။
ခက်တာက ကိုယ်တိုင်က သိပ်ပြီး အရေးအသား မကောင်းလေတော့ သူများရေးတာလေးတွေ ၊ ဖတ်လို့ကောင်းရင် ပြန်ရှဲပေးရုံအဆင့်ဘဲရသေးတယ်။ Sad

အခုလိုအချိန်ပေးပြီးတင်ပေးတဲ့ ညီလေးနောက်လည်းတင်ပေးဦးနော်

မိုက်တယ် ။ အချို့ logic တွေ တော်တော် ကောင်းတယ်

ဟုတ်တယ်ဗျ။
တော်တော်လေးလည်း မှတ်သားစရာတွေပါတယ်။
ကျွန်တော့်မှာ အဲလိုဆောင်းပါးကောင်းလေးတွေ ရှိပါသေးတယ်။
အားရင်အားသလို Type ပြီးတင်ပေးမယ်။ အကုန်လုံးက စာအုပ်တွေထဲကလေ။ Very Happy

အားရင်တင်ပေးပါ။ ကောင်းပါတယ်။

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com