Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

alt.332

alt.332
Administrator



Administrator
ကျွန်တော်တို့ Forum ရဲ့ မန်ဘာများအတွက် Downloading Service ကို ၁ . ၂ . ၂၀၁၀ မှစတင် ဖွင့်လှစ်ပြီဖြစ်ပါသည်။ အထက်ပါ Downloading Service ကိုအသုံးပြုဖို့အတွက် Forum ၏မန်ဘာများအနေနှင့် သိထားသင့်သော အချက်အလက်တစ်ချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မိမိတို့၏ Rank သည် MITR Reader Rank ဖြစ်ပါက New User Rank တွင်ပါရှိသော Internet , Hardware , Graphic , Computer Basic နှင့် ပတ်သက်သော Ebooks , Softwares , Portable Softwares စတာတွေက New User Rank ကလိုမျိုးမဟုတ်ပဲနဲ့ ပိုပြီး Advanced ဖြစ်တာတွေပါရှိပါမယ်။ ထို့အပြင် Programming၊ Networking နဲ့ဆိုင်တဲ့ Basic ပိုင်းဆိုင်ရာ E-book တွေ Software တွေ စတာတွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ အစရှိသည့် IT Field Data များကို DVD တစ်ချပ်စာ 4.7 GB ရှိသည့် Data များကို အခမဲ့ရရှိနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်တို့အနေနှင့် အထက်ပါ IT Field နှင့် ပတ်သက်သော Data များကို အချိုးကျကျထည့်သွင်း ပေးထားမှာဖြစ်ပါသည်။

MITR Reader Rank များအနေဖြင့် အထက်ပါ Data အပြည့်ပါသည့် DVD တစ်ချပ်ကို တောင်းဆိုလိုပါက တောင်းဆိုခွင့်ရှိမည်ဖြစ်ပြီး ၊ MITR Beginner Rank ဖြစ်သော အခါတွင်မူ နောက်ထပ် DVD တစ်ခွေ တောင်းဆိုနိုင်မည်ဖြစ်ပါသည်။ MITR Reader Rank မှတစ်ဆင့် နောက်ထပ်တစ်ဆင့် (MITR Beginner) သို့တက်ရောက်နိုင်ရန် Post အရေအတွက် 250 နှင့် အထက်ရှိရမည်ဖြစ်သည်။ MITR New User Rank နှင့် MITR Reader Rank အတွက်ပေးသော DVD (4.7Gb) နှင့် MITR Beginner Rank အတွက်ပေးသော DVD(4.7Gb) တို့မှာ လုံးတူညီခြင်းမရှိပါ။ MITR Beginner Rank DVD မှာတော့ ပိုပြီး Advanced ဖြစ်သော Data တွေပါရှိမှာဖြစ်ပါတယ်။

အထက်တွင် ဖော်ပြခဲ့သော Data များကို လာရောက်ယူဆောင်လိုပါက မိမိတို့အနေဖြင့် DVD ( 4.7 GB ) ခွေအလွတ် တစ်ခွေကို တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ပါသည်။ ထို့အပြင် လာရောက်ယူဆောင်ရမည့်နေရာများကို ဤ Topic ၏အောက်တွင် User များ အဆင်ပြေမည့်နေရာနှင့်အချိန်ကို ကျွန်တော်တို့နှင့် ညှိနှိုင်းနိုင်မည်ဖြစ်ပြီး နေ့ရက်ကတော့ အပတ်စဉ် Saturday နှင့် Sunday များတွင်သာယူဆောင်နိုင်မည်ဖြစ်သည်။

အထူးသတိပြုရမည်မှာ MITR Beginner User များအနေဖြင့် အထက်ပါ DVD ခွေကို ဤတော့ပစ်အောက်တွင် တစ်ကြိမ်သာတောင်းဆိုနိုင်မည်ဖြစ်ပြီး နောက်တစ်ကြိမ်တောင်းဆိုချင်သည်ဆိုပါက MITR Beginner Rank ဖြစ်မှသာလျှင် ထပ်မံတောင်းဆိုနိုင်မည်ဖြစ်သည်။ လက်ရှိ MITR Beginner Rank ရှိသူများက MITR New User DVD နဲ့ MITR Reader DVD ၂ ချပ်စလုံး လာရောက်ထုတ်ယူနိုင်ပါတယ်။

သို့သော် အခါအားလျော်စွာ ကျနော်တို့ Admin Team ဘက်မှ တစ်လလျှင် တစ်ကြိမ်ခန့် 700 MB ခန့် Data များကို ထပ်မံပေးသွားမည်ဖြစ်ပါသည်။

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum create on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com