Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

USB 3.0 အကြောင်းသိကောင်းစရာ[Article]

Go down  Message [Page 1 of 1]

Htet Naing

Htet Naing
Moderator



Moderator

Net Guide 21 November 2009(ဆောင်းပါးရှင်-မိုးပျံအောင်)

Jeagate Companyဟာ ဒီနှစ် January လထဲမှာ ကျင်းပတဲ့ CES Electronic Show မှာ သူ့ရဲ့ အချက်အလက်သယ်နှုန်း မြန်ဆန်တဲ့ USB 3.0 ကို ပွဲထုတ်ခင်းကျင်းပြသခဲ့တယ်။ ဈေးကွက်ပေါ်ကို ၂၀၀၉ ခုနှစ်အကုန်မှာ ရောက်လာမယ်လို့ ခန့်မှန်းခဲ့တယ်။ USB Implementers Forum (USB- 1F) ကလည်း အခုဆိုရင် USB 3.0 တွေ ဈေးကွက်ပေါ်ကို ၂၀၁၂ ခုနှစ်မှာ ရောက်လာမယ်လို့ ဖော်ထုတ်အသိပေးခဲ့တယ်။

USB ဟာကြောက်ခမန်းလိလိ အောင်မြင်မှုရတဲ့ Interface တစ်ခုပါပဲ။ ၂၀၀၈ ခုနှစ်တစ်နှစ် တည်းတွင် USB Devices ပေါင်း သန်း ၃၀၀၀ လောက်ရောင်းချခဲ့ရတယ်။

USB 3.0 ဆိုတာဘာလဲ
USB 3.0 ကို Super speed USB လို့ ၀ိသေသပြုထားတယ်။ ဒီဂျစ်တယ်ကင်မရာ၊ ခရီးဆောင်မီဒီယာဖွင့်စက်၊ မိုဘိုင်းဖုန်း၊ External Hard drive အစရှိတဲ့ Peripheral တွေနဲ့ Computer တွေအကြား အချက်အလက်လွဲပြောင်းမှု ပိုမိုမြန်ဆန်လာအောင် လုပ်ဆောင်ပေးမှာ ဖြစ်တယ်။ လက်ရှိအသုံးပြုနေဆဲ Hi-Speed USB သို့မဟုတ် USB 2.0 တွေရဲ့ နေရာမှာ အစားထိုးမှာဖြစ်တယ်။ USB 3.0 ဟာ USB 2.0 ထက် အချက်အလက်လွဲပြောင်းနှုန်း ၁၀ဆ ပိုမြန်ပါလိမ့်မယ်။ လျှပ်စစ်ပါဝါလည်း သက်သာမယ်။ လက်ရှိဈေးကွက်မှာ ရှိနေဆဲ USB Enabled Devices မျိုးဆုံမှာလည်း သုံးလို့ရတယ်။

USB 3.0 ဟာဘယ်လောက်မြန်မလ
USB 2.0 Standard မှာ အမြင့်ဆုံးအချက်အလက် လွဲပြောင်းနှုန်း(maximum transfer rate) 480Mbps ရှိတယ်။ USB 3.0 ဟာ သူ့ထက်ဆယ်ဆပိုမြန်မယ်ဆိုတော့ အချက်အလက် လွဲပြောင်းနှုန်း 5Gbps ရှိတယ်။ မြင်သာအောင် ဥပမာပြုရမယ်ဆိုရင် 25GB File တစ်ခုကို 70 seconds အတွင်း လွဲပြောင်းနိုင်စွမ်းရှိရမယ်။ ဒီပမာဏကိုပဲ USB 2.0 နဲ့လွဲပြောင်းမယ်ဆိုရင် ၁၄မိနစ်ကြီးများတောင် စောင့်ရလိမ့်မယ်။ အဲဒီပမာဏကိုပဲ USB 1.1 နဲ့လွဲပြောင်းမှုပြုမယ်ဆိုရင် ၉နာရီလောက် ကြာလိမ့်မယ်။

USB 3.0 ဟာရေးဖတ်ကို တစ်ပြိုင်တည်း ပြုလုပ်နိုင်စွမ်းရှိ
USB 2.0 မှာရေးဖတ်ကို တစ်ပြိုင်တည်း ပြုလုပ်နိုင်စွမ်း မရှိပါဘူး။ ရေးချိန်မှာ ဖတ်ခြင်းကို မပြုနိုင်ဘူး။ USB 3.0 ကတော့ ရေးခြင်းနဲ့ ဖတ်ခြင်းကို တစ်ပြိုင်တည်း ပြုလုပ်နိုင်စွမ်း ရှိတယ်။ ဒီလိုလုပ်ဆောင်နိုင်စွမ်းရှိအောင် Data အထွက် လမ်းကြောင်းနှစ်ခုနဲ့ Data အ၀င်
လမ်းကြောင်းနှစ်ခု စုစုပေါင်း (၄) ခရှိတဲ့ USB 2.0ု Connector ရဲ့နေရာမှာ Data အထွက် လမ်းကြောင် (၄)်ခုနဲ့ Data အ၀င် လမ်းကြောင်း(၄)ခု စုစုပေါင်း (၈) ခုရှိနဲ့ ပြောင်းလဲတည်ဆောက်ခဲ့တယ်။

လျှပ်စစ်စားသက်သာစေတဲ့ USB 3.0
USB 3.0 ကို သူ့ရှေ့က နောင်တော်တွေထက် စွမ်းအင်လေလွင့်မှုနည်းအောင် ပုံစံ ပြုထားတယ်။ USB-1F အတည်ပြုချက်အရ အမြင့်မားဆုံး Bus Power ကို 500mA ကနေ 900mA ကို တိုးချဲ့ထားတယ်။ ဒီလို တိုးချဲ့လိုက်တာကြောင့် လျှပ်စစ်ပါဝါများများလိုအပ်တဲ့ Devices တွေကို သီးသန့်လျှပ်စစ်ပလပ်ပေါက်မှ ထိုးသုံးစရာမလိုတော့ပဲ USB 3.0 က လာတဲ့ လျှပ်စစ်ပါဝါနဲ့ပဲ တန်းပြီးအလုပ်လုပ်စေမှာ ဖြစ်တယ်။ USB hubs တစ်ခု
ကနေ Peripherals အတော်များများကို ချိတ်ဆက်သုံးနိုင်စေမယ်။
USB 3.0 မှာ အချက်အလက် ထုတ်လွတ်တော့မယ်ဆိုတာ တစ်ဖက်လက်ခံပေးမယ့် USB Host Controller ဆိုတာ အချက်ပြဆက်သွယ်တဲ့ Polling Protocol ပါရှိတယ်။ ဒါကြောင့် တစ်ဖက်လက်ခံတဲ့ USB Host Controller အနေနဲ့ ၀င်လာမယ့် လမ်းကြောင်းကို တစ်ချိန်လုံးဖွင့်ထားပြီး အဆင့်ဆင့်ဖြစ်နေအောင် စောင့်ဆိုင်းနေစရာ မလိုတော့ဘူး။ USB 3.0 ကို Connector မှာတပ်လိုက်တာနဲ့ Protocol နဲ့ဆက်သွယ်သတင်းပို့ဖို့ အဲဒီအချိန်ကျမှ လမ်းကြောင်းစနစ် ကို ဖွင့်ပေးလိုက်မှာ ဖြစ်တာကြောင့် မလိုအပ်ဘဲ လျှပ်စစ်အား အား အသုံးပြုနေရမှုက ကင်းလွတ်သွားရတယ်။

USB 2.0 ပုံစံဟောင်း လက်ခံစက်တွေမှာလည်း သုံးလို့ရတယ်
USB 3.0 Standard ကိုသုံးဖို့ အချက်အလက်လွဲပြောင်း သယ်ပို့ပေးမယ့် Cable ကြိုးကအစ တစ်ဖက်လက်ခံစက်တွေ အဆင့်မြင့် ပြောင်းလဲဖို့လိုအပ်တာ မှန်ပေမယ့် တစ်ကယ်လို့ မပြောင်းလဲနိုင်သေးဘူးဆိုလည်း ကမောက်ကမ မဖြစ်ရ အောင် USB 2.0 သာ လက်ခံနိုင်တဲ့ ကိရိယယများနဲ့လည်း တွဲဖက်အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။
USB 3.0 Port ပါတဲ့ ကင်မရာက အချက်အလက်တွေကို USB 3.0 Cable ကြိုးသုံးပြီးUSB 3.0 Port ပါတဲ့ကွန်ပျူတာဆီ အချက်အလက်လွဲပြောင်းမယ်ဆိုရင် မိနစ်အတော်များများ စောင့်ရမယ့်အလုပ်ကို စက္ကန့် ပိုင်းနဲ့ပြီးမြောက်စေမှာ ဖြစ်ပေမယ့် အဲဒီ USB 3.0 Port ပါတဲ့ ကင်မရာကနေ USB 2.0 Port ပါတဲ့ ကွန်ပျူတာကိုလည်း အချက်အလက်လွဲ လို့ ရပါတယ်။ ဒါပေမယ့် အချက်အလက်လွဲနှုန်းဟာ USB 2.0 ရဲ့ မြန်နှုန်းအတိုင်းသာ ဖြစ်ပါလိမ့်မယ်။

USB 3.0 ကို ဘယ်သူတွေ ထုတ်လုပ်မလဲ
လောလောဆယ်အားဖြင့် USB 3.0 Standard ပါတဲ့ ပစ္စည်းတွေ နည်းပါးနေသေးတယ်။ NECXHCI Host Controller၊ Point Grey ရဲ့ HD Video Camera Buffalo ရဲ့ Superspeed USB Hard Drive ၊ Freecom ရဲ့ External USB 3.0 Hard Drive နဲ့ ASUS ရဲ့ USB 3.0 Motherboard တွေပဲ ထွက်လာသေးတယ်။ အားလုံးဟာ လာမယ့်ဆောင်းတွင်းမှာ ကျင်းပမယ့် Intel Developer Forum (IDF) မှာ ပွဲထုတ်ဖို့တော့ရှိတယ်။ အားလုံးဟာ ကကြီးရေက အဆင့်မှာပဲ ရှိသေးတယ်။ InStat ကလေ့လာသုံးသပ်သူတွေကတော့ လာမယ့် ၂၀၁၃ ခုနှစ်မှာ USB 3.0 တွေဟာ ဈေးကွက်ရဲ့ ၂၅ ရာခိုင်နှုန်း စိုးမိုးလာမယ်လို့ ဆိုနေလေရဲ့။

Share this post on: reddit

No Comment.

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum create on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com