Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko


Moderator



Moderator
ဆန္ဒရှိရင် ယူကြပါ

ကဲ ဒါလေးကတော့ လူတိုင်းမှာ ရှိထားသင့်ပါတယ် . ဘာ့ကြောင့်လဲဆိုရင် microsoft ကနေ ထုတ်ထားတဲ့ သူ့ရဲ့ product တော်တော်များများ အတွက် လိုင်စင်အတော်များများကို ထည့်ပေးထားပါတယ် . ကျွန်တော် ms office 2007 ၀ယ်တုန်းကဆိုရင် key တစ်လုံးပဲ ပေးလိုက်ပါတယ် . အဲ့တုန်းက keygen လေးများ ပါလာလေမလားလို့ မျှော်လင့် ကြည့်မိပါသေးတယ် . ဒါပေမယ့် မပါလာပါဘူး . အခုတော့ ကျွန်တော် ရှာလို့တွေ့ထားတဲ့ ms office 2007 အတွက် keygen ကိုပါ ထည့်ပေးထားတယ်ဗျာ . ဘာတွေပါလဲ ဆိုတာကတော့ အောက်မှာ ရေးပြထားတယ် . ရှိသင့်တယ် ထင်ရင်တော့ Download လုပ်လိုက်ပါ . နောက်ထပ် တစ်ခု ထပ်ပြောပါရစေ . ဒီစကားကို အခါတစ်ရာလဲ မကတော့ဘူးဗျာ . ကိုယ့်ရဲ့ လေ့လာမှုအားနည်းတာကို ပြန်မတွေးဘဲ ကျွန်တော့်ကိုလာပြီး အပြစ်တင်နေတယ် . " ခင်ဗျား တင်ပေးတဲ့ keygen က virus ကြီးဗျာ . ခင်များဗျာ . နည်းပညာဆိုပြီးတော့ virus တော့ တင်မပေးသင့်ပါဘူး . " တဲ့ ကဲ စဉ်းစားကြည့်ပါ . ထပ်ပြောလိုက်ပါမယ် . အဲ့ဒီ့လူလဲ မသိရင် ထပ်မှတ်သွားပါ . ကျွန်တော်ဘယ်တော့မှ စိတ်အပင်ပန်းခံ ၊ အိပ်ရေးအပျက်ခံပြီးမှ အဆဲခံရမယ့် virus ကို ဘာလို့ တင်ပေးနေမှာလဲ၊ ခင်ဗျားဆီကနေ အချက်အလက်တွေ ရလို့ကော ကျွန်တော့်ဘ၀ကြီး ချမ်းသာသွားမှာလား ၊ ဘာတွေပြောင်းလဲသွားမှာလဲ၊ အဲ့ဒါလေး သိချင်ပါတယ် . တစ်ခါတစ်လေ ကျွန်တော့်ကို အကူအညီတောင်းတဲ့ ညီအစ်ကိုများကို ကူညီဖို့ လိုက်ရှာတယ် . ရှာရုံတင်လား မဟုတ်ဘူး. အဲ့ဒီ့ program ကို စက်ထဲမှာ run ကြည့်သေးတယ် . အားလုံးအိုကေမှ အဲ့ဒီ့ program ကို တင်ပေးတာ . ကျွန်တော်ရှာတဲ့ ဆိုက်တွေထဲမှာ တစ်ခါတစ်လေ virus ပါလာတယ် . ကျွန်တော့်မှာ ကူညီချင်တဲ့ စိတ်ကြောင့် run လိုက်ခါမှ virus ဖြစ်နေတာ . window တင်ရတာလဲ အခါခါပါပဲ . အဲ့တော့ အဲ့ဒီ့လို ကိုယ်ကိုယ်တိုင် စမ်းပြီးလို့ အိုကေမှ ဆိုက်ပေါ်ကို ရောက်တာပါ . အဲ့တော့ နောက်တစ်ကြိမ် ကျွန်တော့်ကို ယုံကြည်မှုမရှိရင် . program တွေကို ၀ယ်နိုင်ပါတယ်ဆိုရင် တစ်ခြားမှာ သွားဝယ် . google ကနေ ရှာလို့ရပါတယ်ကွာ ဆိုရင်လဲ google ကနေ ရှာပါ . ကျွန်တော်မြန်မာပြည်မှာ နေစဉ်ကာလတုန်းကဆိုရင် program တစ်ခုကိုတောင်မှ 1000 ကျော် 1500 လောက်ပေးရတာပါ . ဒါတောင် ကိုလိုချင်တဲ့ version မရဘူး . အခုဆို အင်တာနက်သုံးလို့ ရတဲ့နေရာကနေ ကြိုက်တဲ့အချိန် အင်တာနက်ကိုဝင်ပြီး Download လုပ်လို့ရပါတယ် . အဆင်ပြေအောင်လဲ လုပ်ပေးနေပါတယ် . website တစ်ခုကို ရေးတယ်ဆိုတာ စိတ်အပင်ပန်း အရမ်းခံရပါတယ် . personal ပိုင်းရေးပြီးတော့ ဆိုက်လုပ်ထားတဲ့ သူအဖို့ ပြဿနာမရှိပေမယ့် . နည်းပညာပိုင်း ရေးနေတဲ့ ဆိုက်တွေအဖို့တော့ စိတ်လဲပင်ပန်း လူပဲပင်ပန်းပါ . နည်းပညာပိုင်းကို ကိုယ်ပိုင် ၀ဘ်ဆိုက်လေးလုပ်ပြီး တစ်ပိုင်တစ်နိုင် ကူညီပေးနေတာ အတော်လေးကို နဲပါသေးတယ် . လက်ချိုးပြီးတော့ ရေလို့တောင် ရပါတယ် . အဲ့ဒီ့လူတွေကို သွားမေး အဆဲခံရဖူးလားလို့ ၊ ပြောလိုက်လိမ့်မယ် . ဆဲတာခံရလွန်းလို့ အရေခွံတောင် ထူနေပြီလို့ . အဟဟ . ဒီပို့စ်မှာပဲ တစ်ခါတည်း သိသွားအောင် ပြောပြပါမယ် . gmail account ကို hack ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး . ဘာ့ကြောင့်လဲဆိုရင် ကိုယ့်ခေါင်းက တစ်လုံးထဲလေ . ဟိုမှာက ကမ္ဘာနဲ့တောင် ယှဉ်ပြိုင်နေတဲ့ ကုမ္ပဏီတစ်ခု . ဖြစ်နိုင်မဖြစ်နိုင် ဦးနှောက်နဲ့ စဉ်းစားကြပါ . ပြန်မေးလိမ့်မယ် ဒါဆိုရင် မောင်ဘယ်သူကဖြင့် gmail အကောင့် ပါသွားပါပြီ . ဘယ်ကောင်တွေကများ ဟက်တာပါလိမ့်လို့၊ အလွယ်လေး ဘယ်ကိုမှ သွားမစဉ်းစားနဲ့၊ 99.9 % ဖြစ်ဖို့က အဲ့ဒီ့လူသုံးခဲ့တဲ့ ကွန်ပျူတာကို ၀င်သုံးသွားပြီးတော့ သူ့ရဲ့ အချက်အလက်တွေကို ယူသွားတာ . လာလိုက်ရင် ကွန်ပျူတာကိုတောင် လိပ်ပတ်လည်အောင် မသုံးတတ်သေးဘူ . ဟက်မယ်ဟက်မယ် လုပ်နေတယ် . ဟက်မယ်ဆိုရင် အရင်ဆုံး ကမ္ဘာရဲ့ ထိပ်တန်း company တစ်ခုဖြစ်တဲ့ Microsoft လို ကုမ္ပဏီကို ယှဉ်ပြိုင်နေတဲ့ google ရဲ့ ၀ဘ်ဆိုက်ရဲ့ account ကို hack ဖို့ မစဉ်းစားသေးနဲ့ဦး . ကိုယ်ကိုယ်တိုင် password နဲ့ ပိတ်ထားတဲ့ win rar ဖိုင်တစ်ဖိုင်ကို program အကူအညီမပါဘဲ ကိုယ့်ဟာကို ရအောင် ဖွင့်ကြည့်လိုက်ပါ . အဲ့ဒါက hacking လုပ်တာနဲ့စာရင် မဖြစ်စလောက် hacking တစ်ခုစာလောက်ပါပဲ . စမ်းကြည့်လိုက်ပါ .

1. xp Genuine Registration
2. office 2007 keygen
3. Genuine maker (all in one)
4. xp serials 3000 ကျော်
5. window server key 50 ခုကျော်
6. Ms office serials 50 ခု ကျော်
7. window vista serials 15 ခုကျော်
download ifile
Code:
http://ifile.it/hg4ko8f
download media fire
Code:
http://www.mediafire.com/?emkvwizejkn
ref:nyinaymin



[You must be registered and logged in to see this image.]

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | © PunBB | Free forum support | Contact | Report an abuse | Free forum