Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Basic Post Layout Empty Basic Post Layout 28th November 2009, 10:28 am

sHa92

sHa92
Founder



Founder
ဖိုရမ်အသုံးပြုရတာ ပိုမိုလွယ်ကူစေရန်ေ၇းသားပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။
အဆင်မပြေမှုများရှိပါက ပြောကြားနိုင်ပါတယ်။

ပိုစ့် တစ်ခုကို ဘယ်လို ရေးရလဲဆိုတာတော့ သိကြမှာပါ။ အဲဒီ့အတွက် ပြန်မပြောတော့ပါဘူး။
ပိုစ့်ရေးတဲ့အခါ သုံးလို့ရတဲ့ Button လေးတွေ အကြောင်းဘဲပြောပါတော့မယ်

[You must be registered and logged in to see this image.]

A = ဒီနေရာမှာ မိမိရေးသားမယ့် ပိုစ့်ရဲ့ ခေါင်းစဉ်ကို ထည့်ပေးရမှာဖြစ်ပါတယ်။
B = ဒီနေရာလေးကတော့ မိမိရေးသားမယ့် ပိုစ့်ရဲ့ ရည်ရွယ်ချက်ကို ရေးရန်နေရာဖြစ်ပါတယ်။
C = ဒီနေရာကတော့ မိမိရေးသားလိုတဲ့ Topic ရဲ့ အရောင်ကိုပြောင်းလဲတဲ့ နေရာဖြစ်ပါတယ်။
D = bold tag button လို့ခေါ်ပါတယ်။ မိမိရဲ့ စာသားများကို ထင်ရှားစေချင်တဲ့အခါ သုံးနိုင်ပါတယ်။ (အသုံးပြုပုံ= မိမိက ထင်ရှားစေလိုတဲ့ စာသားကို အရင် select မှတ်ပါ။ ပြီးလျှင် button ကို နှိပ်လိုက်ပါ။ စာသား၏ အစနှင့်အဆုံးတွင် မိမိထင်ရှားစေလိုသောစာသား ဆိုပြီးပေါ်လာပါမည်)
E = italics tag button လို့ခေါ်ပါတယ်။ မိမိရဲ့ စာသားများကို အစောင်းပုံစံနဲ့ ရေးချင်တဲ့အခါ သုံးနိုင်ပါတယ်။ အသုံးပြုပုံကတော့ B နဲ့ တူတူပါဘဲ။
F = underlined tag button လို့ခေါ်ပါတယ်။ မိမိရဲ့ စာသားများကို လိုင်းတားချင်တဲ့ အခါသုံးနိုင်ပါတယ်။ အသုံးပြုပုံကတော့ အားလုံးတူတူပါဘဲ။
G = strikeout tag button လို့ခေါ်ပါတယ်။ စာသားကို အလယ်ကနေ မျဉ်းနဲ့ဖြတ်လိုတဲ့အခါ သုံးနိုင်ပါတယ်။
H = left align button လို့ခေါ်ပါတယ်။ မိမိရေးလိုတဲ့စာကို ဘယ်ဘက်ကနေ စပြီးရေးလိုတဲ့အခါ သုံးနိုင်ပါတယ်။
I = center align button လို့ခေါ်ပါတယ်။ မိမိရေးလိုတဲ့စာကို အလယ်မှာ ထားလိုတဲ့အခါသုံးနိုင်ပါတယ်။
J = right align button လို့ခေါ်ပါတယ်။ မိမိရေးလိုတဲ့စာကို ညာဘက်မှာ စီထားလိုတဲ့အခါသုံးနိုင်ပါတယ်။
K = justify text button လို့ခေါ်ပါတယ်။ အပေါ်အောက် ဘယ်ညာ ညီညီညာညာဖြစ်အောင် စီပေးနိုင်ပါတယ်။
L = bullet point button ဖြစ်ပါတယ်။ သူ့ကို နှိပ်လိုက်တာနဲ့ မိမိမှတ်ထားတဲ့ စာသားတွေကို bullet လေးတွေနဲ့ List လုပ်ထားသလို စီပေးပြီးသား ဖြစ်သွားပါလိမ့်မယ်။
M = bullet point button နဲ့ ဆင်တူပါတယ်။ bullet အစား နံပါတ်စဉ်နဲ့ စီပေးမှာဖြစ်ပါတယ်။
N = စာပိုဒ်ခြားပေးတဲ့ button ဖြစ်ပါတယ်။ သူ့ကို နှိပ်လိုက်ရင်တော့ လိုင်းတစ်လိုင်းခြားပေးထားပါလိမ့်မယ်။ စာပိုဒ်ပုံစံရေးရာမှာ အထူးသင့်လျော်ပါတယ်။
O = quote button ဖြစ်ပါတယ်။ အခြား တစ်ယောက်ရေးထားတာကို ပြန်လည်၍ ကိုးကားပြောဆိုလိုတဲ့ အခါသုံးနိုင်ပါတယ်။
P = code button ဖြစ်ပါတယ်။ မိမိရေးလိုတဲ့ link များ ၊ Programming Code ကဲ့သို့သော code များကို ထည့်သွင်းရေးသားနိုင်ပါတယ်။
Q = table button ဖြစ်ပါတယ်။ မိမိရေးလိုတဲ့စာသားတွေကို Table နဲ့ အသုံးပြုချင်တဲ့အခါ သုံးလို့ရပါတယ်။ မိမိ Table မှာ ထည့်မယ့် လိုသလောက် roll နဲ့ column နံပါတ်ကို ရိုက်ထည့်ပေးလိုက်ရုံပါဘဲ။
R = Upload Image button ဖြစ်ပါတယ်။ မိမိတင်လိုတဲ့ပုံများကို ဖိုရမ်ရဲ့ Default Hosting မှာ သွားတင်ပေးပါတယ်။ (**အသုံးပြုရသည်မှာ သိပ်အဆင်မပြေတော့ပါ**)
S = image button ဖြစ်ပါတယ်။ အခြား Image Hosting တစ်ခုခုမှာတင်ပြီးသားဖြစ်တဲ့ မိမိတင်လိုတဲ့ Image ရဲ့ လိပ်စာကို ဒီထဲမှာ ထည့်ပေးလိုက်ရုံနဲ့ ရပါတယ်။
T = Link button ဖြစ်ပါတယ်။ ကျနော်တို့ ဖိုရမ်မှာတော့ အသုံးပြုခွင့်မရပါ။ Link များကို code ထဲတွင်သာ ထည့်ပေးဖို့ စည်းကမ်းထုတ်ပြန်ထားပါတယ်။
U = Flash button ဖြစ်ပါတယ်။ Flash နဲ့ လုပ်ထားတဲ့ Video တွေဘာတွေရဲ့ Direct Link ကို ထည့်ပေးလိုက်ရင် အဲဒီ့ Video ပေါ်လာပါလိမ့်မယ်။
V = YouTube ဒါမှမဟုတ် အခြား တစ်နေရာရာက Video တွေရဲ့ Link ကို ထည့်နိုင်ပါတယ်။
W = Font Size Button ဖြစ်ပါတယ်။ မိမိလိုချင်တဲ့ Font အရွယ်အစားကို ချိန်နိုင်ပါတယ်။
X = Font Color Button ဖြစ်ပါတယ်။ မိမိလိုချင်တဲ့ Font Color ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Y = Font Type Button ဖြစ်ပါတယ်။ ဘယ် Font အမျိုးအစားနဲ့ သုံးမယ်ဆိုတာ ရွေးချယ်လို့ရပါတယ်။
Z = အခြား အသုံးဝင်တဲ့ Button အမျိုးမျိုးထည့်ထားပါတယ်။ သူ့ကို နှိပ်လိုက်ရင် List ကျလာပါလိမ့်မယ်။ spoiler ကို အဲဒီ့ထဲမှာတွေ့နိုင်ပါတယ်။
1 = သူ့ကို နှိပ်လိုက်ရင်တော့ BBCodes နဲ့ ပတ်သက်တာတွေကို Browser Window နောက်တစ်ခုမှာ ဖွင့်ပေးပါလိမ့်မယ်။
2 = BBCode တွေကို ပိတ်တဲ့ Button ဖြစ်ပါတယ်။
3 = WYSIWYG button ဖြစ်ပါတယ်။ default ကတော့ ဖွင့်ထားပါတယ်။ မကြိုက်ရင် ပိတ်လိုက်နိုင်ပါတယ်။
4 = smiley box ဖြစ်ပါတယ်။ နှစ်သက်ရာ အပြုံးပုံလေးများကို အသုံးပြုနိုင်ပါတယ်။
5 = Preview button ကတော့ မိမိရေးသားလိုက်တဲ့ ပိုစ့်တစ်ခုကို ဘယ်လိုပုံစံနဲ့ မြင်ရမယ်ဆိုတာ ကြိုတင်ကြည့်ရှုလိုရင် သုံးနိုင်ပါတယ်။
6 = Send Button ကတော့ မိမိရေးသားတာ ပြီးဆုံးတဲ့ အခါမှာ ဖိုရမ်ပေါ်ကို အပြီးသတ်တင်ပေးတာပါ။
7 = Message Box ဖြစ်ပါတယ်။ ရေးချင်တဲ့ စာကို ဒီနေရာမှာ ရေးလို့ရပါတယ်။

နောက်ထပ် ကျန်ရှိနေတဲ့ တစ်ပိုင်းကိုတော့ ပုံထဲမှာဘဲ ထည့်ရှင်းလိုက်ပါတော့တယ်။

[You must be registered and logged in to see this image.]

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com