Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

z3r0c00l

z3r0c00l
Administrator



Administrator
Malware ဆိုတာဟာ အသုံး ပြုသူမသိရှိဘဲ ကွန်ပျူတာစနစ်ထဲ ထိုးဖောက်ဝင်ရောက်ကာ အချက် အလက်တွေ ရယူဖို့ ဒါမှမဟုတ် ဖျက်ဆီးမှုပြုလုပ်ဖို့အတွက် ရည် ရွယ်ရေးသားထားတဲ့ ဆော့ဖ်ဝဲကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ Malware ဆိုတဲ့စကားလုံး ဟာ malicious နဲ့ software တို့ ကို ပေါင်းစပ်ခေါ်ဆိုထားတာဖြစ် ပြီး ကွန်ပျူတာစနစ်ကို ဒုက္ခပေးတဲ့ ဒါမှမဟုတ် အသုံးပြုသူတွေကို စိတ်ညစ်ညူးစေတဲ့ ဆော့ဖ်ဝဲနဲ့ ပရို ဂရမ်ကုတ်တွေကို ယေဘုယျခေါ် ဆို သုံးနှုန်းခြင်း ဖြစ်ပါတယ်။

ဆော့ဖ်ဝဲတစ်ခုဟာ malware ဟုတ်မဟုတ် ၎င်းင်းရဲ့လုပ်ဆောင် ချက်တွေကို ကြည့်ရှုသတ်မှတ်ရ တာမဟုတ်ဘဲ ပရိုဂရမ်ရေးသားသူ ကနေ ဘယ်လိုရည်ရွယ်ချက်နဲ့ရေး သားလိုက်တယ်ဆိုတာကိုပဲအဓိက အခြေခံသတ်မှတ်တာဖြစ်ပါတယ်။ Malware လို့ ဆိုရာမှာ ကွန်ပျူ တာ ဗိုင်းရပ်စ်တွေ၊ worm တွေ၊ trojan horse တွေ၊ rootkit တွေ၊ Spyware နဲ့ မရိုးမသားရည်ရွယ် ချက်နဲ့ ရေးသားထားတဲ့ adware တွေအပြင် အသုံးပြုသူတွေကို စိတ်ညစ်ညူးစေတဲ့ဆော့ဖ်ဝဲတွေ လည်း ပါဝင်ပါတယ်။ မကြာသေးမီက ထုတ်ပြန် လိုက်တဲ့ Symantec ရဲ့ လေ့လာမှု တစ်ခုအရကွန်ပျူတာကိုအန္တရာယ် ပေးနိုင်တဲ့ကုတ် (malicious code) တွေနဲ့ တခြားအနှောင့် အယှက်ပေးတဲ့ ပရိုဂရမ်တွေဖြန့်ချိ တဲ့နှုန်းထားဟာ ရိုးရိုးဆော့ဖ်ဝဲ application တွေ ဖြန့်ချိတဲ့နှုန်း ထက် ပိုမိုများပြားနေတဲ့အကြောင်း သိရပါတယ်။

F-Secure ကလည်း ၂၀၀၇ ခုနှစ်အတွင်း ထွက်ပေါ်ခဲ့ သမျှ malware အရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကာလတစ် လျှောက်လုံး ထွက်ပေးခဲ့သမျှ malware အရေအတွက် စုစုပေါင်း နဲ့ နှိုင်းယှဉ်လောက်တဲ့အကြောင်း ပြောကြားထားပါတယ်။ အစောပိုင်း ဗိုင်းရပ်စ်ပရိုဂရမ် အတော်များများဟာ နာမည်ကြီးရုံ သက်သက်နဲ့ ပရိုဂရမ်စမ်းသပ်ရေး သားရုံသက်သက်အတွက်သာဖြစ် ခဲ့ပြီး နောက်ပိုင်းမှာတော့ ကွန်ပျူ တာအတွင်းက အချက်အလက် တွေကို ဖျက်ဆီးဖို့ ရည်ရွယ်ရေး သားလာကြတာ ဖြစ်ပါတယ်။

Broadband အင်တာနက်စနစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင် ကြပြီးတဲ့နောက်ပိုင်းမှာ malware တွေကို စီးပွားရေးအကျိုးအမြတ် အတွက် အသုံးပြုလာကြတာကို တွေ့ရပါတယ်။ Malware တွေကို ဗိုင်းရပ်စ်နဲ့ worm တို့လိုမျိုး ကွန်ပျူ တာထဲ ကပ်ငြိမ်နေပြီး ပျံ့နှံ့ကူးစက် တတ်တဲ့ အမျိုးအစား၊ Trojan horse တွေနဲ့ backdoor တွေလိုမျိုး ကွန်ပျူတာ စနစ်ထဲ ပုန်းအောင်းခိုကပ်နေတတ် တဲ့ အမျိုးအစား၊ spyware, botnet, keystroke logger, dialer တို့လိုမျိုး ငွေကြေးအကျိုး အမြတ်အတွက် ရည်ရွယ်ရေးသား ထားတဲ့အမျိုးအစား စသည်ဖြင့် ခွဲခြားထားနိုင်ပါတယ်။

ဗိုင်းရပ်စ် ပရိုဂရမ်တွေဟာ ကွန်ပျူတာအတွင်းရှိ နထန ဖိုင်တွေ ထဲ ၀င်ရောက်ကပ်ငြိပြီး run လိုက် တာနဲ့ တစ်ပြိုင်နက် အခြား နထန ပရိုဂရမ်တွေ ပျံ့နှံ့သွားတတ်တာ ဖြစ်ပါတယ်။ ဒါ့အပြင်ဗိုင်းရပ်စ်တွေ မှာ ကွန်ပျူတာစနစ်ကို အန္တရာယ် ပြုနိုင်အောင် စပေူသေိ လို့ခေါ်တဲ့ လုပ်ဆောင်ချက်လည်း ပါရှိလာ တတ်တဲ့အကြောင်း သိရပါတယ်။ Worm ဆိုတာကတော့ အသုံးပြု သူကနေ တစ်စုံတစ်ရာပြုလုပ်ပေး ဖို့ မလိုအပ်ဘဲ သူ့အလိုအလျောက် ပျံ့နှံ့တတ်တဲ့အပြင် ဗိုင်းရပ်စ်တွေ မှာလိုမျိုးပဲ payload ပါရှိတတ်တဲ့ အကြောင်း သိရပါတယ်။

အင်တာ နက် ကွန်ရက်ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်မီကာလတွေမှာ ဗိုင်းရပ်စ်တွေဟာ floppy disk ကနေတစ်ဆင့် ပျံ့နှံ့ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာ IBM PC နဲ့ MSDOS ဗိုင်းရပ်စ်တွေ ပေါ်ထွက်လာ ခဲ့တာဖြစ်ပါတယ်။ ကွန်ရက်ကနေ တစ်ဆင့် ပျံ့နှံ့ခဲ့တဲ့ ပထမဆုံး worm တွေဟာ ပီစီကွန်ပျူတာတွေထဲ ကူးစက်ပျံ့နှံ့ခဲ့တာမဟုတ်ဘဲ multitasking Unix ကွန်ပျူတာစနစ် တွေထဲ ပျံ့နှံ့ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ပေါ်ထွက်ခဲ့တာ Internet Worm ဟှာကည ဥှ နဲ့ ဠဗဌြှီ ကွန်ပျူတာတွေထဲ ပျံ့နှံ့ခဲ့တာလို့ ဆိုပါတယ်။ ဒီ worm ဟာ ကွန်ရကှ်နမလနမ ပရိုဂရမ် တွေရဲ့ လုံခြုံရေးအားနည်းချက်ကို အခွင့်ကောင်းယူကာ သီးခြား process တစ်ခုအဖြစ် မကည နေ တာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန် နှစ်တွေမှာတော့ Microsoft Word ရဲ့ macro language ကို အခြေခံရေးသားထားတဲ့ macro ဗိုင်းရပ်စ်တွေပေါ်ထွက်ခဲ့ပါတယ်။ အခုနောက်ပိုင်း worm တွေဟာ Linux နဲ့ Unix စနစ်တွေကို အဓိက တိုက်ခိုက်တာ မဟုတ်တော့ဘဲ Windows operating system အသုံးပြုကွန်ပျူတာတွေကို ရည် ရွယ်တိုက်ခိုက်လာကြတာ ဖြစ်ပါ တယ်။

အခုနောက်ပိုင်း malware ပရို ဂရမ်တွေဟာ အသုံးပြုသူတွေက နေ ရှာဖွေဖျက်ပစ်ခြင်းမျိုးကို မခံရ နိုင်စေဖို့အတွက် ကွန်ပျူတာစနစ် ထဲ ပုံးကွယ်ခိုအောင်းနေတတ်ကြပါ တယ်။ ဒီလိုမျိုး အန္တရာယ်ပေးနိုင် တဲ့ ပရိုဂရမ်တွေကို ရိုးရိုး application ဆော့ဖ်ဝဲတွေ ပုံစံမျိုးထင် မြင်ရအောင် Trojan horse တွေ ကနေ လုပ်ဆောင်ပေးတတ်ကြပါ တယ်။ီမသစစနမ လို့ခေါ်တဲ့ Trojan horse တွေဟာ worm တွေ ကို တခြားနေရာတွေဆီ ပျံ့နှံ့သွား အောင် ကူညီလုပ်ဆောင်ပေး တတ်ကြသလို မိမိခိုအောင်းကပ်ငြိ နေတဲ့ ကွန်ပျူတာအတွင်း တခြား အန္တရာယ်ပေးနိုင်တဲ့ ပရိုဂရမ်တွေ ကိုလည်း ငညျအေူ ပြုလုပ်တတ်ကြ တာကို တွေ့ရပါတယ်။

Rootkit တွေကတော့ ၎င်းင်းတို့ဝင်ရောက်နေ တဲ့ operating system ကို အပြောင်းအလဲပြုလုပ်ကာ malware တွေကို မမြင်တွေ့နိုင်အောင် ဖုံးကွယ်ပေးထားခြင်း၊ ကွန်ပျူတာ ရဲ့ process list အတွင်းအန္တရာယ် ပေးနိုင်တဲ့ process ကို မမြင်ရ အောင် ဖုံးကွယ်ပေးထားခြင်းနဲ့ ဖိုင် တွေကို ဖတ်ရှုလို့မရနိုင်အောင် ပြု လုပ်ပေးခြင်းတို့ လုပ်ဆောင်ကြပါ တယ်။ Rootkit ဆိုတဲ့စကားလုံး ကတော့ hacker တွေကနေ Unix ကွန်ပျူတာစနစ်ထဲ administrator (root) access ကို ရယူနိုင် အောင် အသုံးပြုတဲ့ tool တွေကို ခေါ်ဆိုရာကနေ အသုံးတွင်ကျယ် လာတာဖြစ်ပါတယ်။ Backdoor ဆိုတာကတော့ ပုံမှန်စစ်ဆေးမှု လုပ်ငန်းတွေကို ကျော်လွှားသွားနိုင် အောင် အသုံးပြုတဲ့ နည်းစနစ်ကို ခေါ်ဆိုတာဖြစ်ပါတယ်။ တိုက်ခိုက် သူတွေအနေနဲ့ ကွန်ပျူတာကို တစ် နည်းနည်းနဲ့ ထိန်းချုပ်သွားနိုင်ခဲ့ပါ က နောက်ပိုင်းမှာ အလိုရှိရာကို ခိုင်းစေနိုင်တော့မှာဖြစ်ပါတယ်။

ကွန်ပျူတာထုတ်လုပ်တဲ့ ကုမ္ပဏီ ကြီးတွေကတောင် နောက်ပိုင်းမှာ အသုံးပြုသူတွေကို နည်းပညာဆိုင် ရာ အထောက်အပံ့တွေပေးနိုင်ဖို့ အတွက် backdoor ပရိုဂရမ်တွေ ကို install ပြုလုပ်ပေးလိုက်ကြတာ ကို တွေ့ရပါတယ်။ အခုနောက်ပိုင်း malware ပရိုဂရမ်တွေအတော်များများကတော့ ငွေကြေးအကျိုးအမြတ်အတွက် အဓိကရည်ရွယ်လာကြတာကိုတွေ့ ရပါတယ်။ Spyware ပရိုဂရမ်တွေ ဟာ အသုံးပြုသူဆီကနေ အချက် အလက်တွေရယူခြင်း၊ pop-up ကြော်ငြာတွေဖော်ပြခြင်းနဲ့ Web browser ရဲ့ လုပ်ဆောင်ချက်ကို ပြောင်းလဲပစ်ပြီး spyware ရေး သားသူအတွက် ငွေကြေးအကျိုး အမြတ်ရရှိအောင် လုပ်ဆောင် ခြင်းတို့ ပြုတတ်ပါတယ်။

ငွေကြေး အကျိုးအမြတ်အတွက် ရည်ရွယ် ရေးဆွဲထားတဲ့ နောက်ထပ်ပရိုဂရမ် တစ်မျိုးကတော့ Spammer virus တွေပဲဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်တွေ ဟာ e-mail ကနေတစ်ဆင့် ပျံ့နှံ့ပြီး ဗိုင်းရပ်ကပ်ငြိဝင်ရောက်သွားတဲ့ ကွန်ပျူတာတွေထဲကနေ ဆင့်ကဲ ဆင့်ကဲ spam message တွေကို ပေးပို့သွားတာဖြစ်ပါတယ်။ ဒါ့ အပြင် တိုက်ခိုက်သူတွေအနေနဲ့ မိမိတို့ရဲ့ malware ကပ်ငြိနေတဲ့ ကွန်ပျူတာတွေကို ဘသအညနအ လို့ခေါ် တဲ့စနစ်အဖြစ် ဖန်တီးကာ တိုက် ခိုက်မှုတွေကိုတစ်ပြိုင်နက်လုပ်ဆောင် တတ်ကြပါသေးတယ်။ Key logger တွေကတော့ password, အကြေးဝယ်ကတ်နံပါတ်ဒါမှမဟုတ် အခြားအချက်အလက်တွေ ရိုက် ထည့်တဲ့အခါ ကီးဘုတ်ထဲကနေ ဘယ်စာလုံးအသုံးပြုတယ်ဆိုတာကို မှတ်သားပြီး hacker တွေဆီပေးပို့ တဲ့ ပရိုဂရမ်ဖြစ်ပါတယ်။


credit to Internet Journal

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com