Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Ubuntu အကြောင်းသိကောင်းစရာ[Article]

Go down  Message [Page 1 of 1]

Htet Naing

Htet Naing
Moderator



Moderator

History of Linux
Linux ဟာ Unix-Like ဖြစ်တဲ့အတွက် Unix Opertion Systems အကြောင်းအရင်ပြောပါမယ်။ UNIX ကို AT&T က 1969 မှာစတင်ခဲ့ပါတယ်။ Computer လောကမှာ Unix က နမည်ကြီးပြီး နေရာယူထားတဲ့အချိန်မှာ Microsoft ဟာ Unix ကို စီးပွားရေးလက်ဝါးကြီးအုပ်မှုနဲ့  1970 မှာတရားစွဲခဲ့တယ်။ အဲဒီပွဲမှာ Unix ကရှုံးသွားတော့ Unix Source တွေကို အလကား ယူသုံးကြတယ်။ နောက်(၁၀)နှစ်လောက်ကြာတော့ 1980 မှာ Unix ကအမှုကိုပြန်ပြီး အယူခံဝင်တယ်။ Unix ကခိုးသုံးသူတွေကို လျော်ကြေးတောင်းတယ်။ မပေးနိုင်တဲ့သူတွေကို Kernel သာသာလေး Computer ခေါ်ရတယ်ဆိုရုံလေး ပေးထားလိုက်တယ်။
အဲဒါကိုမကျေနပ်တော့ Andrew S. Tanenbaum ကနေ Minix(Mini Unix) ဆိုတာကို ၁၉၈၇ မှာပြင်ရေးတယ်။ Minix 1 က Unix 7 ကိုလိုက်နာတယ်။ Sun တို့ IBM တို့ TOSHIBA တို့ ကလဲ Unix ယူသုံးတာပဲ။ နောက် MS နဲ့ IBM ပေါင်းပြီး OS/2 ဆိုပြီး Unix/Xenix ထုတ်ပါသေးတယ်။ ၁၉၇၇ ခုနစ်မှာပဲ Berkeley (University of California) ကလဲ UNIX like Systems အဖြစ် BSD (Berkeley Software Distribution) ကိုရေးသားခဲ့ပါတယ်။ နောက်တော့ FreeBSD OpenBSD NetBSD Dragonfly BSD တွေဆက်ထွက်ခဲ့ပါတယ်။ ၁၉၈၄ ခုနစ်မှာ Richard Stallman ကနေပြီး GNU Project ကိုစတင်ခဲ့တယ်။ သူရဲ့ ဦးတည်ချက်က Unix မှာအသုံးပြုလို့ ရတဲ့ Software တွေကို ရေးသားပြီး အခမဲ့ပေးနိုင်ဖို့ တဲ့။ နောက်တစ်နှစ် ၁၉၈၅ မှာ FSF လို့ အခုခေါ်ကြတဲ့ Free Software Foundation ကိုတည်ထောင်ခဲ့တယ်။ GNU General Publish License (GNU GPL)ကိုလည်း ဆက်လက် ရေးသားတယ်။ Compiler တွေ၊ text editor တွေနဲ့ Windowing System တွေကို ၁၉၈၉၊၁၉၉၀ လောက်မှပြီးတယ်။
သူ့ ရဲ့  License ကို Copy left တဲ့။ သူများတွေက “c”ကိုအပေါ်က၀ိုင်းတယ်။ သူက ဆန့် ကျင်ဘက် “c”ရဲ့ ပြောင်းပြန် မြန်မာဂဏန်း “၁” လိုမျိုးလေးကို ပြန်ဝိုင်းပေးထားတယ်။ နောက် Andrew S. Tanenbaum ရဲ့ ကျောင်းသား Linus Torvalds က News Group တစ်ခုမှာ Unix လိုOSမျိုး အခမဲ့မရေးနိုင်ဘူးလား၊ အစကနေစပြီး ရေးကြရအောင်လို့  ကြွေးကြော်ပြီး စတင်ဖိတ်ခေါ်တယ်။ Linus Torvalds ကအဲဒီနောက်ကို တစ်ကောက်ကောက်လိုက်ရင်း ပထမဆုံး Linux kernel ကို C language နဲ့ ရေးပြီး ၁၉၉၁ မှာ Release လုပ်ပေးနိုင်ခဲ့တယ်။ Linux kernel ကလဲ Unix-like ဆိုတော့ Unix လိုပဲ အလုပ်လုပ်တယ်။ နှစ်ခုပေါင်းလိုက်တော့မှ တိုးတက်လာတာ အံ့မခန်းပဲ။ Unix က ၁၉၆၀ မတိုင်မီက Assembly နဲ့ ရေးပြီး ၁၉၆၀ နောက်ပိုင်းတော့ C နဲ့ ရေးတယ်။ Linux ကလဲ C နဲ့ ပဲရေးထားတာ။
ဒါပေမယ့် တစ်ခုတော့ရှိတယ်။ Linux the NOT Unix! နောက်ပိုင်း GPL license ကလဲ version 3 ထိရောက်လာတယ်။
အဲဒီမှာ Linus Torvalds က GPLv3 မှာပါတဲ့ အချို့ စည်းမျဉ်းစည်းကမ်းတွေကို မကြိုက်တဲ့အတွက် GPLv3ကိုလက်မခံနိုင်ဘူးလို့ 
ဆိုပြန်လို့  Richard Stallman က ဆီလီကွန်တောင်ကြားက Linus ရဲ့ အိမ်မှာ ၃ ရက်လောက်ဆွေးနွေးခဲ့ရတယ်။ နောက်မှ Linus Torvalds လက်ခံသွားမှ ၁၉၉၈ ခုနစ်မှာ OSS (Open Source Software)တွေ၊ OSD (Open Source Definition)တွေ အတွက် OSI (Open Source Intiactive)ဆိုတဲ့ corporation ပေါ်လာတယ်။ Eric S. Raymond ကစပြီး ၁၉၉၇ မှာစထောင်ပြီး Source တွေပါမျှဝေပေးဖို့ ရည်ရွယ်ပါတယ်။ Open Source ဆိုတဲ့အမည်ကို စသုံးတာက Netscape (Mozilla)ပါပဲ။ OSI ရဲ့  Logo က “ဂ” ပုံစံလေးပါ။ လက်ရှိ open source code တွေရယူနိုင်တာကတော့
Code:
http://sourceforge.net
နဲ့ 
Code:
 http://code.google.com/hosting/
ပါ။


Microsoft Vs Linux
Microsoft ရဲ့ Windows တွေက 95 7 ထိအောင် နာမည်ကျော်ပြီး ကောင်းမွန်ခဲ့ပါတယ်။ Linux OS ကို သိသူအသုံးပြုသူတွေ နည်းပါတယ်။ Windows ဈေးနှုန်းက Windows 7 Starter : USD $199.95
Windows 7 Home Premium : USD $259.95
Windows 7 Professional : USD $299.95
Windows 7 Ultimate : USD $319.95 ဖြစ်ပါတယ်။
Linux ရဲ့ ဈေးနှုန်းကတော့ Linux (Ubuntu Distro 9.04) Pack of 20 ကို $35.00, Pack of 100 ကို $150.00, Pack of 200 ကို $250.00 ပါ။ Linux ရဲ့ OSS(open source software) ဆိုရင် အခမဲ့ရတယ်လို့ ပဲ မြင်တယ်။ အကုန်လုံး အခမဲ့မရ နိုင်ပါဘူး။ FOSS (Free Open Source Software)ဆိုမှ လွတ်လွတ်လပ်လပ် အခမဲ့သုံးလို့ ရပါတယ်။ GPL လိုင်စင်ရဲ့ ရည်မှန်းချက်တွေကတော့ သူတို့ ရဲ့ Software တွေကို လွတ်လပ်စွာ သုံးလို့ ရမယ်။ လေ့လာသင်ကြားနိုင်မယ်။ မိမိလိုသလို ပြုပြင်ပြောင်းလဲနိုင်မယ်။ (အရင် Software ရေးတဲ့လူကို အသိအမှတ်ပြုပေးရမယ်။)့Software ကိုပြန်လည်ထုတ်ဝေခွင့် ရရှိမယ်။ အဲလိုမျိုး Software ကို မည်သူမဆို အကျိုးရှိတဲ့ဘက်က ပြုပြင်ပြောင်းလဲတာတွေ များလာမယ်။ (source code ကိုပြုပြင် ပြောင်းလဲခွင့်ကတော့ တောင်းခံခြင်း/၀ယ်ယူခြင်း ပြုလုပ်ရမှာပါ။)
What is Ubuntu?
Ubuntu ဟာ အာဖရိကန်ဘာသာနဲ့ ဆို “တဦးကိုတဦး စာနာထောက်ထားခြင်း”ဖြစ်ပါတယ်။ Mark Shuttleworth ဆိုတဲ့ တောင်အာဖရိကသားတစ်ယောက်ရဲ့ Canonical Ltd ကနေ Free Cost & Freedom ပေးထားတဲ့ Ubuntu OS လို့ သိကြပါတယ်။ DEBIAN Linux OS ပေါ်မှာ အခြေခံပြီး Euro အခြေစိုက် Canonical ဆိုတဲ့ Company ကထုတ်လုပ်ပါတယ်။ အမြဲတမ်း အခမဲ့ပေးမယ်လို့ လဲ အာမခံထားပါတယ်။ အိမ်သုံး၊ ရုံးသုံးတွေကနေ Server တွေအထိ အသုံးပြုနိုင်ပါတယ်။ သူ့ ရဲ့  မျိုးကွဲတွေအနေနဲ့ အခြေခံအားဖြင့် Kbuntu (KDE), Xubuntu (Xfce), Ebuntu (Education) ဆိုတာတွေ ရှိနိုင်ပြီး Multimedia Professional သမားတွေအတွက် Tools တွေ အစုံထည့်ပေးထားတဲ့ Ubuntu Studio Edition, ဘာသာရေးနဲ့ ကိုက်ညီအောင် ပြုလုပ်ထားတဲ့ Ubuntu ME (Muslim Edition), Ubuntu CE (Christian Edition), MythTV ကနေထုတ်တော့ mythbuntu အဲလို မူကွဲပေါင်းများစွာ ရှိပါတယ်။ ကိုယ်နဲ့ အဆင်ပြေတာကို သုံးရုံပါပဲ။ Canonical ကတော့ Customer Engineering Services, Suppor, Certification နဲ့  Training စတာတွေနဲ့  ရပ်တည်တယ်။ Application တွေ ရေးဆွဲပေးခြင်း၊ အသစ်ထွက်တဲ့ အခမဲ့ Application တွေကို အမြန်ဆုံး အရောက်ပို့ တာတို့ ရှိပါတယ်။ အဲဒါတွေကလည်း Ubuntu ပေါ်မှာ မှီခိုနေတာဆိုတော့ ရေရှည်အတွက် စိတ်ချရပါတယ်။ Ubuntu အတွက် ရန်ပုံငွေကတော့ Ubuntu Logo ရိုက်နှိပ်ထားတဲ့ Key Change, ကော်ဖီခွက်တွေကနေ T-shirt, ခရီးဆောင်အိတ်, ဦးထုပ် စတာတွေအထိ မျိုးစုံရောင်းပါတယ်။



How to Install/apply
Ubuntu Install DVD နဲ့ ဖြစ်စေ၊ CD နဲ့ ဖြစ်စေ လွယ်လွယ်လေးတင်လို့ ရနိုင်ပါတယ်။ လိုအပ်တဲ့ Partition ကို Free space က
Slide bar လေး ဘယ်ညာရွေ့ ရုံနဲ့ တင်ယူလို့ ရတယ်။ Free space တွေကပဲ ချိန်ညှိသွားတာဖြစ်လို့ ဘာ Data မှ မပျောက်စေရဘူး။ DVD နဲ့ တင်ရင် Software တွေ အစုံအလင်ပါနိုင်ပေမယ့် CD နဲ့ တင်ရင်တော့ WUBI ကိုအသုံးပြုနိုင်လို့  ပိုလွယ်ကူပါလိမ့်မယ်။ Partition မပိုင်းပဲ Folder လေးတစ်ခုထဲမှာတင် Ubuntu ကိုတင်မယ်ဆိုရင် WUBI ကိုသုံးရုံပဲလေ။ နောက်တစ်ခါ boot တက်ရင် Windows နဲ့ Ubuntu ကြိုက်ရာရွေးသုံးလို့ ရပြီ။ WUBI ဆိုတာ Windows User တွေအတွက် Ubuntu Installer လေးပါ။ size ကတော့ 1.5 MB ရှိပါလိမ့်မယ်။ Ubuntu CD မှာဆို တစ်ခါတည်းပါလာပါတယ်။ သူက Hard disk မှာ 5GB လောက် Folder လေးတစ်ခုပဲ တင်ထားမှာ။ ဒါမှမဟုတ်ပဲ Install မလုပ်ချင်သေးဘူးဆိုရင်လည်း CD ကနေပြီး တော့ပဲ Install လုပ်ထားတဲ့အတိုင်း သုံးလို့ ရတယ်။ လိုအပ်မယ့် Software တွေကိုလည်း တစ်ခါတည်း ထည့်ပေးထားတယ်။
Benefits
စာစီစာရိုက် လုပ်ချင်သူတွေအတွက် Open office, Presentation Software, Movie Player တွေ, Photoshop လိုမျိုး GIMP, Internet သုံးဖို့ Firefox Browser နဲ့ game တွေပါ ပါပြီးသားလေ။ Open office ဆိုရင် Microsoft Word 2007 နဲ့ ရိုက်ထားတဲ့ (.docx) format ကိုပါ ဖတ်နိုင်တယ်။ Gtalk, Yahoo, AIM, MSN, QQ စတဲ့ IM တွေသုံးဖို့ က Pidgin ပါမယ်။ mp4 player တွေ၊ Mobile Phone တွေဆိုရင် Windows က USB အနေနဲ့ ပဲ သိပေမယ့် Ubuntu မှာက Phone/Firmware Model ကိုပါ သိပါတယ်။ Printer, Scanner တွေကိုလဲ Autodetect သိပါတယ်။ Internet ချိတ်ထားမယ်ဆိုရင် အလိုအလျောက် Driver update လုပ်ပေးဦးမှာပါ။ Win fonts, CE fonts နဲ့ Unicode fonts တွေ ဥပမာ Myanmar2, Myanmar3, Zawgyi-One, Myazedi စတာတွေ အသုံးပြုနိုင်ပါတယ်။ Windows virus နဲ့ Trojan တွေဟာ Ubuntu မှာ အလုပ်မလုပ်နိုင်ပါဘူး။ ခက်ခဲတဲ့ အဆင့်တော်တော်များများကို User ကနေ လုပ်ပေးရင်တောင် Virus run ဖို့ မလွယ်ကူပါဘူး။ Admin, Root user, Group လို Sign in User, နောက် Employee လို Other User ဆိုပြီး (၃)မျိုးခွဲထားပါတယ်။ Setting လေးတစ်ခုချိန်းရင်တောင် Password တောင်းပါလိမ့်မယ်။ System ကိုပြောင်းလဲမယ်ဆိုရင်တော့ Root User အနေနဲ့ သာ လုပ်ဆောင်နိုင်မှာပါ။ Windows virus တွေက Ubuntu (Linux) မှာ Platform မတူတဲ့အတွက် အလုပ်မလုပ်ပါဘူး။ Linux အတွက် Virus က သပ်သပ်ရေးရတာပါ။
ဒါကြောင့် Ubuntu OS ကိုသုံးပြီး Windows virus တွေကို (Delete key) နှိပ်ပြီးဖျက်ရုံပါပဲ။ Root User ကို မလိုပဲသုံးပြီး တွေ့ သမျှ install မလုပ်ဖို့ ၊ click မလုပ်ဖို့ တော့ လိုပါတယ်။(Root User နဲ့ ဆိုရင် ဘာမှပြန်မမေးတော့ဘူး။ User ခိုင်းတဲ့အတိုင်း လုပ်ပေးပါလိမ့်မယ်။)
(Ref: Knowledge Bridge Magazine-Vol:1, No.4, October 2009)

Share this post on: reddit

No Comment.

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com