Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

အွန်လိုင်းတွင် မိမိရဲ့ အကောင့်လုံခြုံရေး (၁၀) ဆင့်[Article]

Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator

[You must be registered and logged in to see this image.]

၁) မိမိ ဖွင့်သော Website သည် Official Site ဖြစ်ရန်
အွန်လိုင်းမှာ တစ်ချို့သော Website တွေက လာရောက်လည်ပတ်သူကို ဒုက္ခပေးနိုင်တဲ့ malicious code တွေ / virus တွေကို မြှပ်နှံ့ထားတတ်ပါတယ်.. ဒါကလည်း search engine နဲ့ အချို့သော Social Site တွေကနေ ၀င်လာတဲ့ Link တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ website က Official Site ဖြစ်မှသာ ပိုပြီးစိတ်ချရပါတယ်။ Official Site မှာကော malicious code တွေထည့်လို့မရဘူးလားဆိုတော့ ရပါတယ်.. ဒါပေမဲ့ ၄င်းတို့ရဲ့ Webmaster က အဲလိုလုပ်ရင် တရားစွဲခံနေရမှာပေါ့။ freehosting နဲ့ တစ်ချို့ unofficial site တွေဆိုရင် ၄င်း site က မိမိကိုဒုက္ခပေးလို့ ဘယ်သူ့ တရားစွဲရမှန်းမသိဘူးဖြစ်နေလိမ့်မယ်။ ဥပမာ (
Code:
http://www.worldwidemyanmar.com/
ဘာကြောင့် Official Site ဖြစ်တာလဲ ?
Code:
http://www.worldwidemyanmar.com/about
တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်း ကုမ္ပဏီဖြစ်ခြင်း ) နောက်တစ်ခုက အများအသိအမှတ်ပြုထားတဲ့ personal portfolio တွေ နဲ့ forums တွေ။ ဒါက အနည်းငယ်သိအောင်အကြမ်းဖြင်းရှင်းပြတာ....

၂) မှန်းဆရခက်သော password ပေးခြင်း
တစ်ချို့က password ကို ၄င်းတို့ရဲ့ name ပေးတယ်။ တစ်ချိုက name နဲ့မွေးသက္ကရာစ်ပေါင်းပေးတယ်။
နောက်တစ်ခုက keyboard က အစဉ်လိုက်ကိုပေးခြင်းပါ .. asdf123 , qwerty, နဲ့ name + 12345 စသည့်ပေးကြတယ်။
နောက်ဆုံးတစ်ခုက dictionary ကစာသားပါ။ password ပေးတော့မယ်ဆိုရင် dictionary ထဲက စာသားကို ဘယ်တော့မှမပေးပါနဲ့.. တစ်ချိုက lover, flower, angel, arsenal စသည့်ဖြင့်ပေးကြပါတယ်။
ဒီလိုမျိုး password တွေကို ကွန်ပျူတာ အသုံးပြုတာတာ ၀ါရင့်နေတဲ့သူက ခန့်မှန်းပြီး ရယူသွားနိုင်ပါတယ်။ ရိုးရှင်းတဲ့ Password အတွက် လွယ်ကူစွာပဲ bruteforce လုပ်သွားလို့ရပါတယ်။

၃) ဘယ်တော့မှ မိမိ password ကို email & chat messenger နဲ့မပို့ပါနဲ့
တစ်ခါတစ်လေမှာ တစ်ချိုက ၄င်းတို့ရဲ့ password ကို အချင်းချင်း chat တွေ mail တွေထဲမှာပို့ထားကြပါတယ်.. ဒါက အရမ်းအန္တရာယ်များပါတယ်။ နောက်တစ်ခုက official site တွေက ဘယ်တော့မှမိမိရဲ့ password ကို လှမ်းမတောင်းပါဘူး ဘယ် system မှမရှိပါဘူး။ အကယ်၍ အဲ့လို user name & password ကိုအတောင်းခံရရင် ဒါဟာ Social Engineering ထဲက Phishing Attack လုပ်တာပါပဲ။

၎) Password ကိုမကြခဏပြောင်းပါ။
ကျွန်တော်သတိထားမိသလောက် တစ်ချို့က ၄င်းတို့ရဲ့ Password ကို အမြဲတမ်းအသေထားတတ်ကြတယ် ၂ နှစ် ၃ နှစ်လောက်အထိပေါ့။ တကယ်တမ်းက ဒီလို Password ကိုခဏခဏ ပြောင်းသင့်ပါတယ်။

၅) ကိုယ်ပိုင်ကွန်ပျူတာကိုသုံးပါ။
အကယ်၍ မိမိက အများသူငှာသုံးတဲ့ Cyber & Hot spot လိုနေရာမျိုးမှာသုံးမယ်ဆိုရင် သတိထားရပါတယ်။ Banking & Online Transaction တွေဆိုရင်လုံးဝကိုမသုံးသင့်ပါဘူး။ မိမိကွန်ပျူတာတွင်ပဲသုံးပါ။ အကယ်၍ plublic နေရာတွေမှာသုံးခဲ့ရင် auto complete သို့မဟုတ် save password ဆိုတဲ့ web browser ကမေးတာကို no နဲ့သာဖြေပါ။ အသုံးပြုပြီးပါက IE ဆိုရင် Tools > Internet Options > Content > AutoComplete. Uncheck option “User names and passwords on forms” and click on “Clear Password”. Click “OK" လုပ်ပါ။ FireFox ဆိုရင် Clear Recent History or Clear Private Data ကိုလုပ်ပါ။ မိမိရဲ့ သုံးနေသောကွန်ပျူတာတွင် မည်သည့် ဟက်ကင်း software မှမရှိအောင်ကြည့်ပါ။

၆) မိမိကွန်ပျူတာတွင်း Firewall, Antivirus, Antispyware ကိုထည့်ထားပါ။
Firewall, Antivirus, Antispyware ကိုထည့်၍ အမြဲတမ်း Update လုပ်ပေးပါ။ မိမိရဲ့ ကွန်ပျူတာကို Scan ပုံမှန်ဖတ်ပါ။

၇) မိမိ user name & password ကိုဘယ်တော့မှမသယ်ဆောင်ပါနဲ့
ဒါကတော့ မိမိရဲ့ user name & password ကို တစ်ချို့က စာရွက်လေးနဲ့ ရေးပြီး မှတ်ထားပါတယ်။ ဒါကလည်း အန္တရယ်များပါတယ်။

၈) မိမိရဲ့ အကောင့်ကို စောင့်ကြည့်ရေး
ဆိုလိုတာက အကယ်၍ Gtalk သာသုံးမယ်ဆိုရင် မိမိအကောင့်ကိုဘယ်ဆီက လာသုံးတယ်ဆိုတာကို စစ်ဖို့ Last Activity on this account ဆိုတာပါပါတယ်.. ဒီလိုစစ်ခြင်းဖြင့် တစ်ခြားဘယ် IP ကလာသုံးသွားတယ်ဆိုတာ သိနိုင်ပါတယ်။
နောက်တစ်ခုက မိမိရဲ့ Inbox / Outbox တွေကို စစ်ပါ ။ ထူးခြားတဲ့ အရိပ်အရောင်တွေ့က password ကိုပြောင်းပါ။

၉) မိမိသုံးသော Browser ရဲ့ Cache ကိုဖျက်ပါ
ဘယ် site သို့မဟုတ် ဘယ်ကွန်ပျူတာပဲ သုံးသည်ဖြစ်စေ တစ်ခြားသူတစ်ယောက် မိမိရဲ့ ခြေရာကို မလွယ်တကူမလိုက်နိုင်ဖို့ cache ကိုရှင်းဖို့လိုပါတယ်။ ဥပမာ IE ဆိုရင် clicking Tools > Internet Options > Delete Cookies and Delete Files

၁၀) နောက်ဆုံး ကွန်ပျူတာ နှင့် အင်တာနက် သတင်းကို စောင့်ကြည့်ပါ
မိမိတို့က ကွန်ပျူတာ & အင်တာနက်သုံးတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ လုံခြုံရေးအတွက် သတင်းထူးများကို လုံခြုံရေးဆိုင်ရာ website တွေမှာ ပုံမှန်ဖတ်ရှုပေးပါ။

Privacy ဆိုတာ အမှန်ကိုအရေးကြီးပါတယ်။ ကျွန်တော်ပြောနေကျစကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ အလကားရတဲ့ မေးလ်၊ အကောင့်သူများသိသွား အရေးမကြီးဘူးလို့မမှတ်နဲ့ ဟက်ကာတွေ ခိုးတာ မိမိတို့ရဲ့ အကောင့်ကိုမဟုတ်ဘူး မိမိတို့ရဲ့ Info ကိုခိုးတာပါ။

ဥပမာအနေနဲ့ပြောရင် ကျွန်တော့်ရဲ့ အီးလ်မေးကိုရရင် မေးလ်တစ်ခုတည်းမဟုတ်ဘူး ၄င်းထဲမှာပါတဲ့ banking/business/domain စသည်အများကြီးပါသွားပါလိမ့်မယ်။ နောက်တစ်ခုက အဆက်အနွယ်ပါ။ ကျွန်တော့်အကောင့်ကိုသိရင် ကျွန်တော်ထိန်းချူပ်ထားတဲ့ Domain နဲ့ Hosting ကိုသိမယ်။ ကျွန်တော်ရေးတဲ့ ဖိုရမ်ကိုသိမယ် ။ ၄င်းမှတစ်ဆင့် ဖိုရမ်၊ domain၊ Hosting မှ အခြားသော member တွေရဲ့ User name နဲ့ password ကိုသိသွားပါလိမ့်မယ်။

ကျွန်တော့်ရဲ့လုပ်ထုံးတစ်ခုက အကယ်၍ ဖိုရမ်တစ်ခုဝင်ရင် အဲ့ဖိုရမ်ရဲ့ မိမိအပေါ်မှာ level အနိုပ်အမြင့်ကိုကြည့်ပြီး password ကိုပေးပါတယ်။ ဆိုလိုတာက တစ်ခြား ဖိုရမ်တွေမှာ admin123 လို့ပေးနေကျဖြစ်ရင် admin or mod အနေနဲ့ ၀င်နေတဲ့ ဖိုရမ်၊ Website၊ Hosting တွေဆိုရင် ကျွန်တော် မတူတဲ့ Password ကိုပေးထားတတ်ပါတယ်။

ဒီလိုအကြောင်းတွေကြောင့် ကျွန်တော့်ရဲ့ သက်ဆိုင်သူကိုတောင် ကျွန်တော့် Password မပေးပါဘူး။ မယုံကြည်လို့ မရိုးသားလို့တော့ မဟုတ်ပါဘူး။ မိမိအကောင့်တစ်ခုတည်းမဟုတ်ပါဘူး အခြား မိမိဆက်နွယ်တဲ့သူတွေရဲ့ privacy ဆိုတာရှိပါသေးတယ်...


Ref: worldwidemyanmar

http://sidnaing.co.cc/
Share this post on: reddit

No Comment.

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com