Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

z3r0c00l


Administrator



Administrator
အင်တာနက်ဆိုတာဟာ တစ်ကမ္ဘာလုံးရှိ ကွန်ပျူတာအသုံးပြုသူတွေကို ချိတ်ဆက်ပေးထားတဲ့ ကွန်ရက်စနစ်ကြီးဖြစ်ပါတယ်။ အင်တာနက် မတိုင်မီအချိန်တုန်းက mainframe ကွန်ပျူတာကို ဗဟိုပြုထားတဲ့ ကွန်ရက်စနစ်အငယ်စားတွေသာ ရှိခဲ့ပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကွန်ပျူတာသုတေသနပညာရှင်တွေဖြစ်ကြတဲ့ Levi C. Finch နဲ့ Robert W. Taylor တို့ အပါအ၀င် ပညာရှင်အတော်များများကနေ Packet Switching လို့ ခေါ်တဲ့စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ကာ တစ်စစီပြန့်ကြဲနေတဲ့ ကွန်ရက်တွေကို ချိတ်ဆက်မှုပြုနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၆၀ ပြည့်နှောင်းပိုင်းနဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေ အရောက်မှာတော့ ARPANET နဲ့ X.25 စနစ်အပါအ၀င် packet switch စံညွှန်းသုံး ကွန်ရက်ချိတ်ဆက်မှုစနစ်တွေ ပေါ်ထွက်လာခဲ့ပြီး UUCP လိုမျိုး အများအသုံးပြုနိုင်တဲ့ ကွန်ရက်စနစ်တွေကိုလည်း အသုံးပြုလာကြတာကို တွေ့ရပါတယ်။ ဒါ ပေမယ့် ဒီစနစ်တွေဟာ အမျိုးအစားတူ ကွန်ရက်တွေလိုပဲ အကန့် အသတ်နဲ့ gateway ကြားခံ ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အမျိုးအစားမတူညီတဲ့ ကွန်ရက်စနစ်တွေ တစ်ခုနဲ့တစ်ခုကြား အလွယ်တကူချိတ်ဆက်မှုပြုနိုင်မယ့် Internet protocol စံညွှန်းကို အတည်ပြုသတ်မှတ်နိုင်ခဲ့ရာကနေ တစ်ကမ္ဘာလုံး လွှမ်းခြုံနိုင်မယ့် အင်တာနက်ကွန်ရက် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (ISP) တွေ ပေါ်ပေါက်လာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေအရောက်မှာတော့ အင်တာနက်က ယဉ်ကျေးမှုနဲ့ စီးပွားရေးနယ်ပယ်တွေအထိပါ လွှမ်းမိုးခြေဆန့်လာတာကို တွေ့ရပါတယ်။ အင်တာနက်ကြောင့် ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းခြင်းရာတွေကိုပါ အချိန်နဲ့ တစ်ပြေးညီ သိရှိလာနိုင်ပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း အရုပ်နဲ့အသံအသုံးပြုဆက်သွယ် ပြောဆိုမှုတွေ ပြုလုပ်လာနိုင်နေပြီ ဖြစ်ပါတယ်။ လက်ရှိနည်းပညာတိုးတက်မှု အလားအလာတွေအရ အင်တာနက်ဟာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ လူသားတွေ ရဲ့ ဘ၀ကို ထင်ဟပ်ပြသနိုင်တဲ့ အရာ တစ်ခုဖြစ်လာတာကို တွေ့ရ ပါတယ်။
အင်တာနက်မတိုင်မီကာလ
အင်တာနက်ကွန်ရက် မပေါ်ပေါက်သေးမီ ၁၉၅၀ ပြည့်လွန်နှစ် တွေနဲ့ ၁၉၆၀ ပြည့်အစောပိုင်းကာလတွေမှာ ကွန်ရက်ချိတ်ဆက်မှုစနစ်တွေဟာ အကန့်အ သတ်နဲ့ပဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။ တချို့ကွန်ရက်တွေမှာ Gateway နဲ့ bridge တွေ ကြားခံအသုံးပြု ထားကြပေမယ့် ကျယ်ပြန့်မှုမရှိသေးဘဲ အများ အားဖြင့် mainframe ကွန်ပျူတာ ဗဟိုပြုကွန် ရက်တွေကိုပဲ အသုံးပြုခဲ့ကြပါ တယ်။ ဥပမာအားဖြင့် ပြရရင် ဒီစနစ်ကို ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် Pittsburgh နဲ့ အီလီ နွိုက်ပြည်နယ် Sullivan တို့ရှိ ကွန်ပျူတာတွေကို ချိတ်ဆက်ကာ သုတေသနပညာရှင်တွေ အလိုအလျောက် သီအိုရမ်သက်သေပြမှုနဲ့ ဉာဏ်ရည်တုစမ်းသပ်မှုတွေ ပြုလုပ်နိုင်မယ့် Project RAND အတွက် အသုံးပြုခဲ့တာဖြစ်ပါ တယ်။ Packet switching မတူညီတဲ့ကွန်ရက်တွေ တစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်ပေးနိုင်ဖို့ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတွေဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အစပြုခဲ့တာဖြစ်ပါတယ်။ အဲဒီ ကာလတွေမှာ Donald Davies (NPL), Paul Baran (RAND Corporation)ာ နဲ့ Leonard Kleinrock (MIT) တို့က packet switching စနစ်ကို တီထွင်ပြီး လက်တွေ့အသုံးပြုခဲ့ကြပါ တယ်။ တချို့က အင်တာနက်ကွန်ရက်ဆိုတာဟာ နျူကလီးယားနဲ့ တိုက်ခိုက်ခံရတဲ့အခါမျိုးတွေကနေကာကွယ်ဖို့ လုပ်ဆောင်ရာကနေ ပေါ်ထွက် လာတာဖြစ်တဲ့အကြောင်း ဆိုထားကြပေမယ့် ဘယ်လို အထောက်အထားမှ မတွေ့ရပါ ဘူး။ အမှန်မှာ အစောပိုင်း နျူကလီးယား ထိန်းချုပ်မှုစနစ်တွေ အတွင်း message switch စနစ် ကို အသုံးပြုခဲ့ကြတာသာဖြစ်ပြီး အခုနောက်ပိုင်းကာလတွေမှာမှ packet switching နဲ့ connectionless စနစ်တွေကို သုံးလာခဲ့ တာဖြစ်ပါတယ်။ ARPANET တစ်ကမ္ဘာလုံး လွှမ်းခြုံချိတ် ဆက်ပေးနိုင်မယ့် ကွန်ရက်တစ်ခု အကောင်အထည်ဖော်ဖို့အတွက် ပထမဦးဆုံးသော စိတ်ကူးကို J.C.R Lickliderု ဆိုသူက စတင် စိတ်ကူးမိခဲ့တာဖြစ်ပြီး ““ကွန်ပျူတာ အများအပြားအား တစ်ကမ္ဘာလုံးအနှံ့ ချိတ်ဆက်ပေးထားနိုင်မည့် wide-band communication line များ အသုံးပြုလာနိုင်ပါက လက်ရှိစာကြည့်တိုက်များအတိုင်း လိုရာအချက်အလက်များကို အလွယ်တကူရှာဖွေရယူရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် အခြားသတင်းအချက်အလက်များ သိမ်းဆည်းခြင်းနှင့် ပြန်လည်ရယူ ခြင်းတို့အတွက်လည်း ပိုမိုအဆင် ပြေလာနိုင်မည်”” ဆိုပြီး ၁၉၆၀ ပြည့်နှစ် ဇန်န၀ါရီလတွင်း ရေးသားခဲ့သော ၎င်း၏ Man-Computer Symbiosis စာတမ်း၌ ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ် အောက်တိုဘာလအရောက်မှာ Licklider က DARPA လို့ လူသိများတဲ့ အမေရိကန်ကာကွယ်ရေးဌာန လက်အောက်ရှိ အဆင့်မြင့်သုတေသန ပရောဂျက်များအေဂျင်စီ အကြီးအကဲဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ သူက Santa Monicaက ရှိ System Development Corporation, ကာလီဖိုးနီးယား တက္ကသိုလ်ရှိ Project Genie, မက်ဆာချူးဆက်စက်မှုတက္ကသိုလ် (MIT) ရှိ Compatible Time-Sharing System ပရောဂျက်စတဲ့ ကွန်ရက် ၃ ခုကို ပေါင်းစပ်ချိတ်ဆက်ဖို့ အဆိုပြုခဲ့ပါတယ်။ အဲဒီ နောက် Robert Taylor u Licklider် ရဲ့ နေရာကို ဆက်ခံပြီး DARPA ရဲ့ သတင်းအချက် အလက် စီမံခန့်ခွဲမှုအကြီးအကဲဖြစ်လာပြီးနောက် MIT က Larry Roberts ဆိုသူကို ခေါ်ယူကာ ကွန်ရက်စနစ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ပထမဆုံး ARPANET ချိတ်ဆက်မှုကို လော့စ်အိန်ဂျလိစ်ရှိ ကာလီဖိုးနီးယားတက္ကသိုလ်နဲ့ စတန်းဖို့ဒ်သုတေသနဌာနတို့ အကြား ၁၉၆၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ မှာ စတင်နိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ အရောက်မှာ Utahာ တက္ကသိုလ်၊ Santa Barbara ရှိ ကာလီဖိုးနီး ယားတက္ကသိုလ်တို့ကိုပါ ထပ်မံချိတ် ဆက်လာနိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်အရောက်မှာတော host အရေအတွက် ၂၁၃ ခုအထိရှိလာကာ ပျမ်းမျှအားဖြင့် ရက်ပေါင်း ၂၀ လျှင် host တစ်ခုကျ တိုးတက် လာတာကို တွေ့ရပါတယ်။ အဲဒီ အချိန်ကစပြီး ARPANET ဟာ နောက်ပိုင်းပေါ်ပေါက်လာမယ့် အင်တာနက်ကွန်ရက်ကြီးအတွက် အဓိကနည်းပညာဗဟိုချက်မဖြစ် လာခဲ့ပါတယ်။ ဒါပေမယ့် နော်ဝေးငလျင်တိုင်းတာမှုစနစ် (NOR-SAR), ဆွီဒင် Tanum Earth Station နဲ့ University College London တို့ကလွဲပြီး ဥရောပအဖွဲ့ အစည်းတွေအနေနဲ့ X.25 ကွန်ရက် စနစ် အကောင်အထည်ဖော်မှုမှာ ပါဝင်ခြင်းမရှိခဲ့ကြပါဘူး။


credit to Internet Journal

z3r0c00l


Administrator



Administrator
အင်တာနက် ပေါ်ပေါက်လာမှု သမိုင်း(၂)

X.25 နဲ့ အများသုံးကွန်ရက် ARPA ရဲ့ သုတေသနနောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာဆက် သွယ်ရေးသမဂ္ဂ (ITU) ကနေ X.25 အပါအ၀င် အခြားသော packet switching ကွန်ရက်စံ ညွှန်းတွေပေါ်ပေါက်ဖို့ လုပ်ဆောင် ခဲ့ပါတယ်။ 1974 ခုအရောက်မှာတော့ နောက်ပိုင်းမှာ JANET ဖြစ်လာမယ့် ဗြိတိသျှသုတေသနဌာနတွေတစ်ခုနဲ့တစ်ခုအကြား.......................

ချိတ်ဆက်ပေးထားတဲ့ SERC net ကွန်ရက်ရဲ့ အခြေခံအဖြစ် X.25 ကို အသုံးပြုလာကြပါတယ်။ 1976 ခုနှစ် မတ်လမှာ ITU ကနေ X.25 နဲ့ပတ်သက်တဲ့စံညွှန်း တွေကို တရားဝင်လက်ခံအတည်ပြုပေးခဲ့ပါတယ်။ 1978 ခုနှစ်မှာ ဗြိတိသျှစာတိုက် (British Post Office), Western Union International နဲ့ Tymnet တို့ ပူးပေါင်းပြီး International Packet Switched Service (IPSS) လို့ခေါ်တဲ့ ပထမဆုံးသော နိုင်ငံတကာ packet switch ကွန်ရက်တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ 1981 ခုနှစ်ရောက်တဲ့အခါ ဒီကွန်ရက်ဟာဥရောပနဲ့ အမေရိကတို့အပြင် ကနေဒါ၊ ဟောင်ကောင်၊ သြစတြေးလျ၊ စတဲ့နိုင်ငံတွေအထိကျယ်ပြန့်လာခဲ့ပြီး 1990 ပြည့်နှစ်အရောက်မှာတော့ကမ္ဘာလုံးဆိုင်ရာကွန်ရက် ချိတ်ဆက်မှုစနစ်အတွက် အခြေခံဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ Telenet ကနေ X.25 ကို စီးပွား ရေးလုပ်ငန်းတွေအတွက် ရည်ရွယ် ပြီး Telemailး အီလက်ထရောနစ် စာပို့ဝန်ဆောင်မှုအဖြစ် လူအများအသုံးပြုနိုင်အောင်ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနောက် ကုမ္ပဏီအများအပြားကနေ X.25 ကို အခြေခံထားတဲ့ ကွန်ရက်စနစ်ကိုသုံးကာ အများပြည်သူအတွက် ၀န်ဆောင်မှုတွေပေးလာခဲ့ကြပါတယ်။ 1979 ခုနှစ်မှာတော့ Compu-Serve ကနေ ပီစီကွန်ပျူတာအသုံးပြုသူတွေအတွက် ပထမဆုံးသော အီလက်ထရောနစ်စာပို့ဝန်ဆောင်မှုကို ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် CompuServe ကနေပဲ 1980 အရောက်မှာ CB Simulator ကို သုံးပြီး real-time chat ၀န်ဆောင်မှုကိုပေးခဲ့ပါတယ်။ ဒီအတော အတွင်း America Online (AOL), Prodigy, FidoNet စတဲ့ အများသုံးကွန်ရက်တွေလည်းပေါ်ထွက်ခဲ့ပါတယ်။ UUCP 1979 ခုနှစ်မှာ Tom Truscott နဲ့ Jim Ellis လို့ အမည် ရတဲ့ Duke တက္ကသိုလ်ကျောင်းသားနှစ်ဦးက Borne Shell Script ကိုသုံးကာ သတင်းနဲ့ message တွေကို Chapel Hilူ မှာရှိ တဲ့ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် နဲ့ အပြန်အလှန်ပေးပို့နိုင်ဖို့ လုပ် ဆောင်ခဲ့ကြပါတယ်။ ဒီဆော့ဖ်ဝဲကို အများပြည်သူဆီ ဖြန့်ချိပြီးနောက် အသုံးပြုသူတစ်ဦးနဲ့တစ်ဦးအကြား Usenet သတင်းတွေ အပြန် အလှန်ဖလှယ်ပေးပို့မှုတွေ တိုးတက် လာခဲ့ပါတယ်။ UUCP ကွန်ရက် တွေဟာ တယ်လီဖုန်းလိုင်း၊ X.25 link နဲ့ ARPANET စနစ်တို့ကို အသုံးပြုချိတ်ဆက်နိုင်တဲ့အပြင် စရိတ်စကလည်း သက်သာတာ ကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံး ပြုလာကြပြီး အရေအတွက်အား ဖြင့် 1981 ခုနှစ်မှာ UUCP host ပေါင်း 550 ရှိခဲ့ရာကနေ 1984 ခုနှစ်အရောက်မှာ 940 အထိတိုး လာခဲ့ပါတယ်။ အင်တာနက်ကွန်ရက်စတင် ပေါ်ပေါက်လာခြင်း TCP/IP အခုလိုမျိုးကွန်ရက်စနစ်တွေ ကျယ်ပြန့်လာပေမယ့် အသုံးပြုတဲ့နည်းစနစ်တွေက တစ်ခုနဲ့တစ်ခုကွာခြားတာကြောင့် အားလုံးချိတ်ဆက် အသုံးပြုနိုင်ဖို့ဆိုတာကတော့ မလွယ်ကူသေးပါဘူး။ ဒါကြောင့် DARPA နဲ့ ARPANET့ က ပညာရှင် Robert E.Kahn နဲ့ Stanford တက္ကသိုလ်က Vinton ဃနမ် တို့ပူးပေါင်းပြီး ကွန်ရက်အားလုံးကို စုစည်းချိတ်ဆက်ပေးနိုင်မယ့် စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ 1973 ခုနှစ်မှာ ကွဲပြားတဲ့ကွန်ရက်စနစ်တွေအကြား internetwork protocol ကို အသုံးပြုခဲ့ကြပါတယ်။ ဒီစနစ်ဟာ ARPANET လိုမျိုး ချိတ်ဆက် လုပ်ကိုင်မှုအတွက် ကွန်ရက်တွေကို အဓိကမထားတော့ဘဲ host တွေကိုပဲ အဓိကထားလုပ်ဆောင် ပေးတာလို့ ဆိုပါတယ်။ တစ်နေရာနဲ့ တစ်နေရာချိတ်ဆက်မှုမှာ ကွန်ရက်တွေရဲ့အမျိုးအစားက အဓိကမဟုတ်တော့တာကြောင့် ဘယ်ကွန်ရက်မျိုးကိုမဆို တစ်ခုနဲ့တစ်ခု အလွယ်တကူချိတ်ဆက်မှုပြုလာနိုင်ကြပါတယ်။ အဲဒီနောက် နှစ်ပေါင်းအတန်ကြာ သုတေသန ပြုလုပ်ပြီးနောက် DARPA ရဲ့ အကူအညီနဲ့ ARPANET နဲ့ SF Bay ရှိ Packet Radio ကွန်ရက်တို့အကြား gateway တစ်ခုဖန်တီး နိုင်ခဲ့ကာ 1977 ခုနှစ် နိုဝင်ဘာလ 22 ရက်နေ့မှာတော့ ARPANET, Packet Radio Network နဲ့ Altantic Packet Satellite ကွန် ရက်တို့ကို ချိတ်ဆက်နိုင်ခဲ့ပါတယ်။ 1974 ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ တဲ့ TCP စံညွှန်းဟာ 1978 ခုနှစ် မှာ TCP/IP အဖြစ်ရောက်ရှိလာ ကာ 1981 ခုနှစ်အရောက်မှာ တော့ သက်ဆိုင်ရာစံညွှန်းအားလုံး ကို စုပေါင်းပြီး RFC 791, 792 နဲ့ 793 တို့အဖြစ် တရားဝင်အတည် ပြု သတ်မှတ်နိုင်ခဲ့ပါတယ်။ အဲဒီ နောက် DARPA ကနေ operating system အားလုံးမှာ TCP/IP စံညွှန်းကို လက်ခံဖို့တိုက်တွန်းလုပ်ဆောင်ခဲ့ပြီး Packet network တွေကိုလည်း TCP/IP စနစ် ဆီ ပြောင်းလဲဖို့ထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။

credit to Internet Journal

z3r0c00l


Administrator



Administrator
အင်တာနက် ပေါ်ပေါက်လာမှုသမိုင်း (၃)

ARPANET ကနေ ဖက်ဒရယ်ကွန်ရက်များ ပေါ်ပေါက်လာခြင်း
ARPA အနေနဲ့ ၎င်းရဲ့ အဓိကလုပ်ငန်းဟာ နည်းပညာသစ်များကို သုတေသနပြုလုပ် ရှာဖွေဖို့သာ ဖြစ်တာကြောင့် ARPANET ကို တခြားအဖွဲ့ အစည်းတစ်ခုဆီ လွှဲပြောင်းပေးနိုင်ဖို့ ရှာဖွေရှာခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် ဇူလိုင်လမှာ ARPANET ကို ကာကွယ်ရေး ၀န်ကြီးဌာနလက်အောက်မှာပဲရှိတဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်သွယ်ရေး အေဂျင်စီကနေ လွှဲပြောင်းယူခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ အမေရိကန်စစ်တပ်က အသုံးပြုနေတဲ့ ARPANET ရဲ့ အစိတ်အပိုင်းကို သီးခြားခွဲထုတ်ကာ MILNET အဖြစ် တည်ထောင်ပြီး နောက်ပိုင်းမှာတော့ SIPRNET လျှို့ဝှက်ကွန်ရက်နဲ့ JWICS ထိပ်တန်းကွန်ရက် တို့နဲ့အပြိုင် အသုံးပြုတဲ့ NIPR-NET ဖြစ်လာခဲ့ပါတယ်။ NIPR-NET ဟာ အများသုံးကွန်ရက်တွေနဲ့ ချိတ်ဆက်ရာမှာ Security gateway တွေကို အသုံးပြုပါတယ်။

ARPANET ဟာ အစိုးရဆီကနေ ငွေကြေးအထောက်အပံ့ ရယူထားရတာကြောင့် စီးပွားရေးအတွက် အသုံးပြုခွင့်မရှိဘဲ သု တေသနလုပ်ငန်းတွေ အတွက်ပဲ အသုံးပြုခဲ့ရပါတယ်။ ၁၉၈၀ ပြည့် လွန်နှစ်တွေမှာတော့ စစ်ရေးနဲ့ ပညာရေးဌာနတွေသာမက ကွန်ရက်အတွင်း နည်းပညာဆိုင်ရာ အထောက်အပံ့ပေးနေပြီး သုတေသနလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်နေကြတဲ့ Digital Equipment Corporation နဲ့ Hewlett-Packard တို့လည်း ပါဝင်ချိတ် ဆက်လာကြပါတယ်။ ARPA NET နောက်ပိုင်းမှာ NASA, အမေရိကန် အမျိုးသားသိပ္ပံဖောင်ဒေးရှင်း (NSF) နဲ့ စွမ်းအင်ဝန်ကြီးဌာ န (DOE) တို့ကနေ TCP/IP အခြေပြုထားတဲ့ ပထမဆုံးသော Wide Area Network တွေကို တည်ထောင်ခဲ့ကြပါတယ်။ NASA ကနေ အာကာသ သိပ္ပံပညာရှင်တွေအတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ သတင်းအချက်အလက်တွေ ရယူအသုံးပြုနိုင်မယ့် NASA သိပ္ပံကွန်ရက် (NSN) ကို တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ DECnet အခြေပြု Space Physics Analysis Network (SPAN) နဲ့ ချိတ်ဆက်ကာ ပထမဆုံးသော multiprotocol wide area network အဖြစ် NASA Science Internet (NSI) ကို တည်ထောင်ခဲ့ပါတယ်။ NSI ဟာ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်ပေါင်း ၂၀,၀၀၀ ကျော်ကို တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ချိတ်ဆက်ပြီး ကမ္ဘာမြေ၊ အာကာသနဲ့ သက်ရှိသိပ္ပံပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို သုတေသနပြုလုပ်နိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်အရောက်မှာ တော့ TCP/IP တစ်မျိုးတည်း သီးသန့်သုံးထားတဲ့ CSNET ကို ဖန်တီးပြီး ARPA-NET နဲ့ ချိတ်ဆက်ကာ တခြားရှုပ်ထွေးမှုမရှိတဲ့ ကွန်ရက်စနစ်တွေနဲ့ ပါ ချိတ်ဆက် အသုံးပြုလို့ရနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ဒီကွန်ရက် ဟာ စူပါကွန်ပျူတာစင်တာတွေကို ချိတ်ဆက်ပေးထားတဲ့ NSFNet backbone အဖြစ် ရောက်ရှိလာခဲ့ပါတယ်။

အင်တာနက်ကွန်ရက်ဆီသို့ အကူးအပြောင်း

အင်တာနက်ဆိုတဲ့စကားလုံးကို TCP Protocol နဲ့ ပတ်သက်ပြီး ပထမဆုံးထုတ်ပြန်တဲ့ RFC မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ARPANET နဲ့ NSFNet တို့ ချိတ်ဆက်မိတဲ့အချိန်လောက် မှာဖြစ်ပြီး TCP/IP ကို အသုံးပြုထားတဲ့ ကွန်ရက်တွေကို ယေဘုယျ ခေါ်ဆိုသုံးနှုန်းတဲ့စကားလုံး တစ်ခုအဖြစ် တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းကာလ တွေမှာ Internet နဲ့ Internet-work တို့ကို အပြန်အလှန်ဖလှယ် အသုံးပြုခဲ့ကြပြီး Xerox Network Services လိုမျိုး ကွန်ရက် စနစ်တွေကိုတော့ Internet protocol လို့ ခေါ်ဆိုကြပါတယ်။ ကွန်ရက်ချိတ်ဆက်အသုံးပြုမှု နဲ့ ပတ်သက်ပြီး လူအများက စိတ် ၀င်တစားရှိလာကြတဲ့အပြင် application သစ်တွေလည်း ပေါ်ထွက်လာခဲ့တာကြောင့် အင်တာနက် နည်းပညာဟာ တစ်ကမ္ဘာလုံး ပျံ့နှံ့လာခဲ့ပါတယ်။ TCP/IP ကြောင့် IPSS X.25 ကွန်ရက်တွေ ကနေ အင်တာနက်ကွန်ရက်ထဲ ချိတ်ဆက်ဝင်ရောက်အသုံးပြုနိုင်ပြီး ၁၉၈၄ ခုနှစ်မှာတော့ University College London ကနေ ၎င်းင်းရဲ့ အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ဂြိုဟ်တု ဆက်ကြောင်းကို IPSS ကနေ တစ်ဆင့် TCP/IP စနစ်နဲ့ ပြောင်းလဲ ချိတ်ဆက်ပေးလာနိုင်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ e-mail လိုမျိုး အများသုံး application တွေကို အင်တာနက်နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးနိုင်ခြင်းမရှိဘဲ UUCP နဲ့ FidoNet တို့ရဲ့ gateway တွေကို ကြားခံအဖြစ် အသုံးပြုခဲ့ကြရပါတယ်။ တချို့ gateway ၀န်ဆောင်မှုတွေကတော့ ရိုးရိုး e-mail သာမက UUCP နဲ့ e-mail တို့ကို ကြားခံသုံးကာ FTP ၀က်ဘ်ဆိုက်တွေဆီ သွားရောက်ချိတ်ဆက်နိုင်အောင် လုပ်ဆောင် ပေးနိုင်ခဲ့ပါတယ်။

credit to Internet Journal

z3r0c00l


Administrator



Administrator
အင်တာနက် ပေါ်ပေါက်လာမှု သမိုင်း (၄)

TCP/IP ကမ္ဘာသုံး အဖြစ် ရောက်ရှိလာခြင်း
အမေရိကန်ပြည်ထောင်စု ပြင်ပက ပထမဆုံး ARPANET ချိတ်ဆက်မှုကို ၁၉၇၃ ခုနှစ်မှာ နော်ဝေးနိုင်ငံ NORSAR ကွန်ရက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး များမကြာမီမှာပဲ ဗြိတိန်နိုင်ငံနဲ့ ဆက်လက်ချိတ် ဆက်မှုပြုခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် အရောက်မှာတော့ ဒီကွန်ရက်ဆက်ကြောင်းတွေကို တခြား ARPANET ကွန်ရက်တွေ အားလုံးနဲ့အတူပဲ TCP/IP အဖြစ် ပြောင်းလဲခဲ့ကြပါတယ်။

CERN နဲ့ ဒေသဆိုင်ရာ ကွန် ရက်များ ပေါ်ထွန်းလာခြင်း
၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အကြားမှာ CERN က ၎င်းင်းရဲ့ အဓိက ကွန်ပျူတာစနစ်တွေ၊ workstation တွေ၊ ပီစီတွေနဲ့ accelerator control စနစ်တို့ကို TCP/IP အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီအတောအတွင်း CERN အနေနဲ့ ၎င်းရဲ့ကိုယ်ပိုင် network protocol သုံးထားတဲ့ ကွန်ရက်တစ်ခုကို ဆက်လက် အသုံးပြုနေခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ အဲဒီတုန်းက TCP/IP က စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ တွန့်ဆုတ်နေခဲ့ကြတာကြောင့် CERN TCP/IP intranet ဟာ ၁၉၈၉ ခုနှစ်အထိ အင်တာနက်ကွန်ရက်ကြီးနဲ့ ချိတ်ဆက်မမိနိုင်သေးဘဲ သီးခြားတည်ရှိနေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ Amsterdam အခြေစိုက် CWI က Daniel Karrenberg ဟာ CERN နဲ့ TCP/IP ညှိနှိုင်းရေးမှူး Ben Segal နဲ့ တွေ့ဆုံပြီး ဥရောပတိုက်မှာ အသုံးပြုနေတဲ့ UUCP Use net ကွန်ရက်ကို TCP/IP အဖြစ် ပြောင်းလဲဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ Ben Segal။ ဟာ ၁၉၈၇ ခုနှစ်မှာကတည်းက Cisco လို့အမည်ရတဲ့ ကုမ္ပဏီငယ်လေးကနေ CERN အတွက် TCP/Ip router တွေ ၀ယ်ယူဖို့ စကားပြောဆိုပြီး ဖြစ်တာကြောင့် Kerren-berg ကို TCP/IPု နဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းပြောကြားနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ ၁၉၈၉ ခုနှစ် အရောက်မှာတော့ CERN ကနေ ၎င်းရဲ့ TCP/IP အသုံးပြု ကွန်ရက်ကို စတင်ဖွင့်လှစ် အသုံးပြုနိုင်ခဲ့ပါ တယ်။ တစ်ချိန်တည်းမှာပဲ IP ကွန်ရက် administrator တွေ စုပေါင်းပြီး RIPE (Reseaux IP Europeens) ဆိုတဲ့ အဖွဲ့တစ်ခုကို ဖွဲ့ခဲ့ကြပြီး ၁၉၉၂ ခုနှစ်မှာ ဒီ RIPE ဟာ တရားဝင်မှတ်ပုံတင်အဖွဲ့တစ် ခုဖြစ်လာခဲ့ပါတယ်။ သြစတြေးလျတက္ကသိုလ်တွေ ကလည်း ၎င်းတို့ရဲ့ X.25 နဲ့ UUCPNet နည်းပညာအသုံးပြု ကွန်ရက်တွေကို ARPA ကွန်ရက်နဲ့ ချိတ်ဆက်ပေးလာကြပါတယ်။ ဒါ ပေမယ့် ဒီကွန်ရက်တွေကို ကမ္ဘာ့ကွန်ရက်ကြီးနဲ့ ချိတ်ဆက်မှုပြုရာမှာတော့ ငွေကြေးအကုန်အကျ ကြီးမားတာကြောင့် အကန့်အသတ်နဲ့ပဲ ရှိနေခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ သြစတြေးလျတက္ကသိုလ် အများပူးပေါင်းကာ ၎င်းတို့ရဲ့ ကွန်ရက်အခြေခံစနစ်တွေကို IP protocol အဖြစ် ပြောင်းလဲအသုံး ပြုလာခဲ့ကြပါတယ်။ အာရှတိုက်အတွင်းကိုတော့ ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာမှ အင်တာနက်ကွန်ရက်ရောက်ရှိလာ ခဲ့တာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ် ကတည်းက UUCPက အခြေပြု ဂျပန်နိုင်ငံရဲ့ JUNET ဟာ ၁၉၈၉ ခုနှစ်မှာ NSFNet နဲ့ ၀င်ရောက် ချိတ်ဆက်လာခဲ့ပါတယ်။ စင်ကာပူ နိုင်ငံကတော့ ၁၉၉၀ ပြည့်နှစ်မှာ TECHNET ကွန်ရက်ကို ဖန်တီးခဲ့ ကာ ၁၉၉၂ ခုနှစ်မှာ ထိုင်းနိုင်ငံက ၎င်းရဲ့ချူလာလောင်ကွန်တက္ကသိုလ် နဲ့ UNNET တို့အကြား ကွန်ရက် ချိတ်ဆက်ပြီး အင်တာနက်ကွန် ရက်ကြီးနဲ့ စတင်ချိတ်ဆက်လာနိုင် ခဲ့ပါတယ်။

ဒီဂျစ်တယ်ကွာဟမှု
ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ အင် တာနက်ကွန်ရက်ကြီးနဲ့ အသီးသီး ချိတ်ဆက်လာနိုင်ကြပေမယ့် ဖွံ့ဖြိုး ဆဲနိုင်ငံတွေမှာတော့ နည်းပညာ ဆိုင်ရာအခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းပေးနိုင်မှု မရှိတာကြောင့် နိုင်ငံတစ်ခုနဲ့တစ်ခုအကြား ဒီဂျစ်တယ်ကွာဟမှုဟာ တဖြည်းဖြည်း ကြီးမားလာခဲ့ပါတယ်။ အာဖရိက ၁၉၉၀ ပြည့်နှစ်အစောပိုင်း ကာလတွေမှာ အာဖရိကနိုင်ငံတွေ ဟာ X.25 IPS နဲ့ 2400 baud modem UUCP link တွေကို ကြားခံပြီးမှ နိုင်ငံတကာကွန်ရက်နဲ့ ချိတ်ဆက်မှုပြုနိုင်ခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ်အရောက်မှာတော့ USAID ကနေ ရန်ပုံငွေထောက်ပံ့ ပြီး Leland initiative ကို စတင်ကာ အာဖရိကတိုက်နိုင်ငံတွေ အတွင်း အင်တာနက်ချိတ်ဆက် အသုံးပြုလို့ရနိုင်မယ့် စနစ်ကိုဖန်တီး ပေးခဲ့ပါတယ်။ အာဖရိကတိုက်ရဲ့ IP address တွေကို စီမံခန့်ခွဲဖို့ အတွက် မောရိသျှအခြေစိုက် AfriNIC ကနေ အဓိကတာဝန်ယူပြီး အင်တာနက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စည်းဝေး တိုင်ပင်ဆွေးနွေးနိုင်ဖို့အတွက် Internet Community of Operational Networking Specialists ဖိုရမ်ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ အာရှနဲ့ ပင်လယ်ကျွန်းစုနိုင်ငံများ ဒီဒေသအတွက် IP address စီမံခန့်ခွဲမှုကို သြစတြေးလျ တိုက်မှာ အခြေစိုက်တဲ့ APNIC (Asia Pacific Network Information Centre) ကနေ တာဝန်ယူပြီး APRICOT (Asia-Pacific Regional Internet Conference on Operational Technologies) လို့ အမည်ပေးထားတဲ့ ဖိုရမ်တစ်ခုကိုလည်း ဖန်တီးထားကြပါတယ်။ ၁၉၉၁ ခုနှစ်မှာ တရုတ်နိုင်ငံက Tsinghuaက တက္ကသိုလ်မှာ TUNET လို့ အမည်ရတဲ့ TCP/IP ကွန်ရက် တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီ နောက် ၁၉၉၅ ခုနှစ်မှာ Beijing Electro-Spectrometer Collaboration နဲ့ Stanford တက္ကသိုလ်ရှိ Linear Accelerator Center တို့အကြား ချိတ်ဆက်မှုပြုပြီး အင်တာနက်ကွန်ရက်ထဲဝင်ရောက် လာနိုင်ခဲ့ပါတယ်။ လက်တင်အမေရိက တခြားဒေသတွေမှာ လိုမျိုးပဲ LACNIC (Latin American and Caribbean Internet Addresses Registry) ကနေ IP addressန နဲ့ တခြားလိုအပ်တဲ့နည်း ပညာဆိုင်ရာကိစ္စတွေကို စီမံခန့်ခွဲ တာဖြစ်ပါတယ်။ ဒီ LACNIC ဟာ ဥရုဂွေးနိုင်ငံမှ အခြေစိုက်ကာ DNS root, reverse DNS နဲ့ တခြားဝန်ဆောင်မှုတွေကိုလည်း ပေးနေတာကို တွေ့ရပါတယ်။

credit to Internet Journal

z3r0c00l


Administrator



Administrator
အင်တာနက်ပေါ်ပေါက်လာမှု သမိုင်း (၅)

အင်တာနက်ကို စီးပွားရေးလုပ်ငန်းသုံးအဖြစ် ဖွင့်ပေးလိုက်ခြင်း
အစောပိုင်းကာလတွေမှာ အင်တာနက်ကို စီးပွားရေးလုပ်ငန်းအနေနဲ့ အသုံးမပြုဖို့ တားမြစ်ထားပေမယ့် အဓိပ္ပာယ်အတိအကျနဲ့ တားမြစ်ထားမှုမရှိတဲ့အပြင် အများအားဖြင့် ကိုယ်ပိုင်သဘောဆန္ဒနဲ့ပဲ အသုံးမပြုဘဲနေကြတာကို တွေ့ရ ပါတယ်။ ဥပမာအားဖြင့် UUCPNet နဲ့ X.25 IPSS တို့မှာဆိုရင် ဒီလိုမျိုး ကန့်သတ်ထားတာမရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းအတွက် အသုံးမပြုရလို့ တားမြစ်ထားတဲ့ ARPANET နဲ့ NSFNet တို့ကနေ ၎င်းတို့ကွန်ရက်ထဲ လာရောက်ချိတ်ဆက်မှုမပြုဖို့ ကန့်သတ်လိုက်တာမျိုး တွေ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် တချို့ UUCP link တွေကတော့ အင်တာနက်ကွန်ရက်ကြီးတွေနဲ့ ချိတ်ဆက်ထားမြဲရှိနေတာကို တွေ့ရပါတယ်။ ၁၉၈၀ ပြည့် နှောင်းပိုင်း ကာလတွေမှာတော့ ပထမဆုံးသော အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီ (Internet Service Provider) တွေ ပေါ်ပေါက်လာပါတယ်။ ဒီအထဲက PSINet, UUNET, Netcom, Portal Software တွေဆိုရင် ဒေသတွင်း သုတေသန ကွန်ရက်တွေအတွက်သာမက UUCP အခြေပြု e-mail နဲ့ Usenet News စတဲ့ အများပြည်သူတွေအတွက် ၀န်ဆောင်မှုတွေကိုပါ ပေးလာတာကို တွေ့ရပါတယ်။ အမေရိကန်အနောက်ဘက်ကမ်းခြေအတွက် အခုအခါ Verio လို့လူသိများနေတဲ့ Best Internet ကို ၁၉၈၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အရှေ့ဘက်ကမ်းခြေဒေသအတွက် ပထမဆုံး dial-up ကုမ္ပဏီ world.std.com ကို ၁၉၈၉ ခုနှစ် မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ARPANET စီမံကိန်းအဆုံးသတ်ခဲ့ပြီး ကွန်ရက် နည်းပညာသစ်တွေနဲ့ အစားထိုး အသုံးပြုလာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ NSFNet ကို ANSNET (Advanced Networks and Services) အဖြစ် အမည်ပေးကာ ကော်ပိုရေးရှင်းကြီးတွေအတွက် အမြတ်အစွန်းမယူတဲ့လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစိုးရဌာနတွေနဲ့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေကနေ မိမိတို့ကိုယ်ပိုင် backbone တွေကို သုံးကာ အပြန်အလှန်ချိတ်ဆက်မှုပြုလာကြပါတယ်။ နောက်ပိုင်း ဒေသတွင်း NAP (network access point) တွေ ပေါ်လာတဲ့အခါမှာတော့ ကွန်ရက်တစ်ခုနဲ့တစ်ခုကြား အလွယ်တကူ ချိတ်ဆက်မှုပြုလာနိုင်ပြီး အင်တာနက်ကို စီးပွားရေးလုပ်ငန်းမှာ အသုံးမပြုဖို့ ကန့်သတ်ချက်ဟာလည်း အဆုံးသတ်သွားခဲ့ပါတယ်။

IETF နဲ့ စံညွှန်းများအတွက် စံညွှန်းသတ်မှတ်ချက်
အင်တာနက်ကွန်ရက်ကြီးဟာ ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းကမှ ပိုင်ဆိုင်ထိန်းချုပ်ထားတာမျိုးမရှိဘဲ အလျင်အမြန်ကြီးထွားလာခဲ့ပေမယ့် ကွန်ရက်ကြီး ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်ဘဲ လည်ပတ် လုပ်ဆောင်နိုင်ဖို့အတွက် အများလက်ခံသဘောထူထားတဲ့ စံညွှန်းတစ်ခု လိုအပ်နေတယ်ဆိုတာ သိမြင်လာကြပါတယ်။ ဒီလိုအင်တာနက်စံညွှန်းသတ် မှတ်ဖို့အတွက် RFC (Request for Comments) ကနေ စတင် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကန် အစိုးရရဲ့ငွေကြေးအထောက်အပံ့နဲ့ သုတေသနပညာရှင်တွေကနေ IETF ကို စတင်ဖွဲ့စည်းခဲ့ပါ တယ်။ IETF အစည်းအဝေးကို သုံးလတစ်ကြိမ် ပုံမှန်ကျင်းပပြီး စတုတ္ထမြောက်အစည်းအဝေးမှာတော့ အစိုးရမဟုတ်တဲ့ ကုမ္ပဏီတွေကနေ ပညာရှင်တွေ ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီ နောက် IETF အစည်းအဝေးတွေကနေ လက်ခံတဲ့ စံညွှန်းတွေကို STD အဖြစ် အများက အသုံးပြုလာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် အရောက်မှာတော့ IETF ဟာ Internet Society ရဲ့ အောက်ကို ရောက်ရှိပြီး နိုင်ငံတကာစံညွှန်း သတ်မှတ်မှုများဆိုင်ရာ လွတ်လပ်တဲ့အဖွဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။

NIC, InterNIC, IANA နဲ့ ICANN
အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးကို စီမံခန့်ခွဲဖို့အတွက် Network Information Centre (NIC) ကို ကာလီဖိုးနီးယားပြည်နယ် Menlo Park ရှိ Stanford သုတေသနဌာနမှာ ဖွင့်လှစ်ခဲ့ပါ တယ်။ ၁၉၇၂ ခုနှစ်အရောက်မှာ NIC ရဲ့ စီမံခန့်ခွဲမှုကို Internet Assigned Numbers Authority (IANA) က လွှဲပြောင်းယူခဲ့ပါ တယ်။ ARPANET ဖွံ့ဖြိုးစအစော ပိုင်း ကာလတွေမှာ့ သျအ တွေကို ၎င်းတို့ရဲ့ကိုယ်ပိုင်နာမည်နဲ့ခေါ်ဆိုမှုပြုခဲ့ပြီး Stanford သုတေသနရဲ့ SRI International ကနေ အင်တာနက်အတွင်းရှိ host တွေ အားလုံးဆီ အမည်စာရင်းကို HOSTS.TXT ဖိုင်အနေနဲ့ ပေးပို့နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ရက်ကြီး ကမ္ဘာအနှံ့ ကျယ်ပြန့်လာခဲ့တဲ့အခါမှာ တော့ အခုလိုလုပ်ဆောင်ရတာဟာ အတော်ကြီးကို ခက်ခဲလာပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် Paul Mockapetris က ဒိုမိန်း အမည်ပေးစနစ် (Domain Name System) ကို ဖန်တီးခဲ့ပါတယ်။ အစောပိုင်းမှာ Stanford သုတေသနဌာနရှိ Defense Data Network- Network Information Centre (DDN-NIC) ကနေ .mil, .gov, .edu, .org, .net, .com, .us စတဲ့ top-level domain (TLD) တွေနဲ့ root nameserver စီမံခန့်ခွဲမှုတွေ၊ အင်တာနက် အမည်ပေးစနစ်တွေအားလုံးကို တာဝန်ယူခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် အရောက်မှာ ကာကွယ်ရေး သတင်းအချက်အလက်စနစ် အေဂျင်စီ (DISA) ကနေ DDNNIC ကို Government Systems Inc ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ စစ်ရေးနဲ့ မပတ်သက်တဲ့ကဏ္ဍတွေကြောင့် အင်တာနက်စနစ် တစ်ဟုန်ထိုးတိုးတက်ကြီးထားလာတဲ့ နောက်မှာတော့ အမေရိကန်ကာကွယ်ရေးဌာနကနေ .mil ဒိုမိန်း ကလွဲပြီး အင်တာနက်မှတ်ပုံတင် ၀န်ဆောင်မှုတွေအတွက် ငွေကြေးအထောက်အပံ့ပေးမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ အမေရိကန် အမျိုးသားသိပ္ပံဖောင်ဒေးရှင်းက InterNIC ကို တည်ထောင်ပြီး ကုမ္ပဏီ ၃ ခုကို လုပ်ငန်းတွေ ခွဲဝေပေးခဲ့ပါတယ်။ ဒီစနစ်အရ Network Solutions ဟာ ဒိုမိန်းမှတ်ပုံတင်ဝန်ဆောင်မှုကို တာဝန်ယူပြီး AT&T u directory နဲ့ database ၀န်ဆောင်မှုကို တာဝန်ယူရကာ General Atomics ကနေ သတင်းအချက်အလက်စနစ်အတွက် တာဝန်ယူခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်အရောက်မှာတော့ IANA နဲ့ InterNIC နှစ်ခုစလုံးဟာ ကာလီဖိုးနီးယားမှာ အခြေစိုက်တဲ့ အင်တာနက်ဒိုမိန်း မှတ်ပုံတင်ရေးအဖွဲ့ကြီး (ICANN) ရဲ့ လက်အောက်ကို ရောက်ရှိခဲ့ပါ တယ်။ အဲဒီနောက်ပိုင်းမှာ DNS စနစ်ကို ပုဂ္ဂလိကကုမ္ပဏီတွေဆီ လွှဲပြောင်းပေးခဲ့ပြီး အင်တာနက်အမည်များ စီမံခန့်ခွဲမှုကိုလည်း ကန်ထရိုက်စနစ်နဲ့ ကုမ္ပဏီတွေဆီ ချပေးခဲ့ပါတယ်။

credit to Internet Journal

ET


Moderator



Moderator
ရှိသေးရင် ဆက်ပါဥိး မသိသေးတဲ့အကြောင်းအရာဆိုတော့ အသစ်ပေါ့
ဗဟုသုတရပါတယ်စောင့်မျှော်ဖတ်ရှုနေပါတယ်

http://alinkarnya.blogspot.com/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free phpbb forum | © PunBB | Free forum support | Contact | Report an abuse | Free forum