Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ကျနော်က Hardware (or) Network သမားလည်း မဟုတ်တော့ သိပ်တော့ မသိပါဘူး။ အခုလည်း မေးလာတဲ့သူရှိတာနဲ့ IDCS တက်တုန်းက သင်ခန်းစာထဲမှာပါလို့ ဖတ်ဖူးမှတ်ဖူးတာလေးကို ကျနော်နားလည်ထားသလို ပြန်ရှင်းပြပေးတာပါ။ အမှားအယွင်းများရှိပါက ဖြည့်စွက်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျနော်ရေးပေးတာကို နားမလည်တဲ့သူတွေ အနေနဲ့လည်း ပွင့်ပွင့်လင်းလင်း ပြန်လည်မေးမြန်းနိုင်ပါတယ်။ အတတ်နိုင်ဆုံး နားလည်သည်အထိ ရှင်းပေးသွားပါမယ်။ ကျနော်မရှင်းနိုင်ရင်တောင် ဆက်လက်လေ့လာလို့ရနိုင်တဲ့နေရာတွေကို ညွှန်းပေးပါမယ်။ အပြန်အလှန် အပြုသဘောဆောင်ပြီး ဆွေးနွေးချင်သူများကိုလည်း ၀မ်းသာစွာနဲ့ ဖိတ်ခေါ်လျက်ပါ။
ပြန်လည်မျှဝေပေးချင်တော့ ဖိုရမ်ကို Credit ပေးစေချင်ပါတယ်။

RAID အကြောင်းမပြောခင် Drive Array (RAID System) တွေ ဘယ်လိုပေါ်ပေါက်လာရတယ်ဆိုတာ အရင်ဆုံးပြောပြပါမယ်။

အရင်အချိန်တွေတုန်းက အခုလို HDD တွေရဲ့ storage size က သိပ်မကြီးသေးတော့ အကယ်လို့များ Data တွေကို တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲ ထားဖို့ဆိုရင် မဖြစ်နိုင်ခဲ့ပါဘူး။ HDD တွေ ခွဲပြီးတော့ Data သိမ်းထားရတာမျိုးတွေ ဖြစ်လာပါတယ်။
HDD အားလုံးကို စက်မှာ အသေတပ်ထားဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ တစ်လုံး ၊ နှစ်လုံးဆိုတော်သေးတယ်။ ၁၀ လုံး ၊ ၁၅ လုံးဖြစ်လာရင်ကျတော့... ဘယ်မှာတပ်မလဲ??? ဟီး။ HDD ၁၀ လုံးတပ်လို့ရမယ့် MB တော့ မရှိလောက်ဘူးနော့်။
အဲဒီ့လို ပြဿနာကို ဖြေရှင်းဖို့အတွက် Drive Array ဆိုတာပေါ်ထွက်လာခဲ့ပါတယ်။

တကယ်တော့ Drive Array ရဲ့ Idea က ကျနော်တို့တစ်တွေ WAN ဖြစ်ဖြစ် ၊ LAN ဖြစ်ဖြစ် ချိတ်ထားတယ်ဘဲထားပါတော့။ အဲဒါဆိုရင် ကျနော်တို့ရဲ့ PC တွေအချင်းချင်း HDD တွေ ၊ အခြား resources တွေကို အပြန်အလှန်မျှဝေသုံးစွဲနိုင်ကြပါတယ်။
အဲဒီ့ IDEA ကို တစ်မျိုးပြန်စဉ်းစားကြည့်ပါ Drive အများကြီးကို Network ပေါ်မှာ ချိတ်ထားတာဟာ Drive အများကြီးကို Controller တစ်ခုပေါ်မှာ တပ်ပြီးဆောင်ရွက်နေတာနဲ့ အတူတူဘဲ မဟုတ်ပါလားဗျာ။ ဒါဆိုရင် Several Different Drive Units operating under A Single Controller လို့ခေါ်လိုက်ရင်တော့ အဲဒါဟာ Drive Array ဘဲပေါ့။
အောက်မှာတော့ Drive Array ကို မျက်စိထဲမြင်အောင်ပုံနဲ့ ပြပေးထားပါတယ်။

တကယ်တော့ Drive Array တွေကို အိမ်သုံးအတွက်ရည်ရွယ်တာမဟုတ်ပါဘူး ၊ Client/Server အတွက်ရည်ရွယ်တာပါ။
Network ပေါ်က မူရင်းနေရာတစ်ခုကနေပြီးတော့ လိုချင်တဲ့ အချက်အလက်တွေ အများကြီးကို User တွေက စိတ်ကြိုက်အချက်အလက်ကို တောင်းယူကြည့်ရှုနိုင်ဖို့ဖြစ်ပါတယ်။

ကဲ ဒါဆိုရင် Drive Array တွေ (RAID System)တွေ ဘယ်လိုပေါ်ပေါက်လာရတယ် ၊ ဘယ်မှာ သုံးဖို့ရည်ရွယ်တယ်ဆိုတာ သိလောက်ပြီပေါ့နော်။
အဲ တစ်ခုပြောဖို့ မေ့သွားတယ်။
ကျနော်တို့အနေနဲ့ Drive Array ကို Data Backup System တစ်ခုအနေနဲ့ လည်း အသုံးပြုလို့ရပါသေးတယ်။ အဲဒီ့နည်းကိုတော့ Mirror Drive Array လို့ခေါ်ပါတယ်။
Mirror Drive Array ဆိုတာဟာ သူ့မှာ တပ်ဆင်ထားတဲ့ Drive တိုင်းမှာ ပုံစံတူ Data တွေရှိနေတာကို ဆိုလိုတာပါ။ အကယ်လို့များ Drive တစ်ခုခုက Data တွေ ချို့ယွင်းပျက်ဆီးသွားမယ်ဆိုရင်တော့ အခြား Drive တစ်ခုခုကနေ ဆက်လက် အလုပ်လုပ်ဆောင်နိုင်စေဖို့အတွက်ပါ။
နောက်ထပ် Drive Array မှာမှ Striped Drive Array ဆိုတာလည်းရှိသေးတယ်။ အဲဒါတော့ ကျနော်လည်း အသေးစိတ်မသိလို့ မရေးတော့ဘူး။ နာမည်ဘဲမှတ်မိတော့လို့ ၊ လေ့လာချင်တဲ့သူတွေအနေနဲ့ ဆက်လေ့လာနိုင်အောင်လို့ ပြောပြပေးထားတာပါ။ သူ့ကိုတော့ Speed မြန်စေဖို့အတွက် သုံးတယ်လို့ထင်တာဘဲ။ အောက်မှာ RAID အကြောင်းရှင်းရင်းနဲ့တော့ ပါလာပါလိမ့်မယ်။

အခု RAID System အကြောင်းစပြောပါမယ်။

RAID system က Drive Array တွေထဲမှာမှ အသုံးအများဆုံး system တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အရှည်ကောက်ကတော့ Redundant Arrays of Inexpensive Disks ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Independent for Inexpensive ဆိုပြီးပြောင်းလဲ ခေါ်ဝေါ်လာခဲ့ပါတယ်။
RAID System မှာ level (၅) မျိုးရှိပါတယ်။ အဲဒီ့ထဲက လူသိများတဲ့ Level ၃ မျိုးကို အောက်မှာ ဆက်လက်ရှင်းပြပေးသွားပါမယ်။

RAID 0 (Striped Disk Array without Fault Tolerance)
သူကတော့ အပေါ်မှာတုန်းက ကျနော်မရှင်းပြခဲ့တဲ့ Striped Drive Array System တစ်ခုပါ။
Data သိမ်းဆည်းမှု ၊ ရယူသုံးစွဲမှု မြန်ခြင်းကို ဦးစားပေး ထားတာဖြစ်ပါတယ်။
သူ့ကို အသုံးပြုမယ်ဆိုရင်တော့ အနည်းဆုံး Drive ၂ ခုတော့ လိုပါလိမ့်မယ်။
အကယ်လို့ Data တစ်ခုကိုများ သိမ်းဆည်းတော့မယ်ဆိုရင် သူက အဲဒီ့ Data ကို တစ်ဝက်အတိ ၀က်ပါတယ်။ ပြီး၇င် Drive အမျိုးမျိုးစီမှာ ခွဲသိမ်းပါတယ်။ အဲဒီ့လို ခွဲသိမ်းလိုက်တော့ Data အကြီးကြီးကို Single Drive ဆီကို ကူးမယ့်အစား ၊ Data နည်းနည်းစီကို Multiple Drive ကို ခွဲသိမ်းလိုက်တော့ Speed အနေနဲ့ နှိုင်းယှဉ်လို့မရအောင်ကို မြန်ပါလိမ့်မယ်။
ဒါပေမယ့် သူ့ရဲ့ အားနည်းချက်ကတော့ တော်တော်လေး ဆိုးရွားပါတယ်။ အကယ်လို့များ Drive တစ်ခုခုသာ ပျက်ဆီးခဲ့မယ်ဆိုရင်တော့ ငိုပေတော့။ ဘယ်ကမှ ပြန်အဖတ်ဆယ်လို့ ရနိုင်တော့ဘူး။ Razz
RAID 0 ရဲ့ အလုပ်လုပ်ပုံကတော့ အောက်ကအတိုင်းပါ။
[You must be registered and logged in to see this image.]

RAID 1 (Mirroring and Duplexing)

ကျနော် အပေါ်မှာ ပြောခဲ့တဲ့ Mirror Drive Array ဆိုတာကို မှတ်မိမယ်ထင်ပါတယ်။ အခု ဒီ RAID 1 ကတော့ အဲဒီ့ အမျိုးအစားစနစ်တစ်ခုဖြစ်ပါတယ်။
Data သိမ်းဆည်းမှု လုံခြုံစေဖို့ကို ဦးစားပေးဆောင်ရွက်ပါတယ်။
Storage Size တူညီတဲ့ Drive ၂ ခုရှိတယ်ဆိုပါတော့။ အဲဒီ့ Drive ၂ ခုလုံးဟာ တူညီတဲ့ Data တွေကို သိမ်းဆည်းပေးထားပါတယ်။
Drive တစ်ခုဟာ အခြား Drive တစ်ခုရဲ့ Backup အနေနဲ့ အမြဲတမ်းအဆင်သင့်ဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် သူ့မှာလည်း အားနည်းချက်တော့ ရှိတာပါဘဲ။ ကျနော်တို့အနေနဲ့ Data အားလုံးကို Drive ၂ ခုလုံးမှာ သိမ်းထားရတာ ဖြစ်တဲ့အတွက် Data Read လုပ်ရင်ဖြစ်ဖြစ် Write လုပ်ရင်ဖြစ်ဖြစ် အချိန်အားဖြင့် အတော်လေးကြာပါတယ်။
Write လုပ်မယ်ဆိုရင်လည်း နှစ်ခုလုံးမှာ Write သွားလုပ်တာဆိုတော့ အချိန်အတော်ပေးရပါတယ်။ Read လုပ်ပြန်တော့လည်း Drive ၂ ခုလုံးရဲ့ Sector တွေကနေ သွားဖတ်ရတဲ့အတွက် အချိန်ကြာပြန်ပါလေရောဗျာ။
အောက်မှာတော့ RAID 1 ရဲ့ ပုံဖြစ်ပါတယ်။

[You must be registered and logged in to see this image.]

ထို့အပြင် RAID တွေကိုလည်း တွဲဖက်အသုံးပြုနိုင်ပါသေးတယ်။ RAID 1 + RAID 0 ၊ RAID 0 +
RAID 1 အစရှိသဖြင့်တွဲနိုင်ပါတယ်။ တွဲဖက်အသုံးပြုခြင်းအားဖြင့်
ကောင်းမွန်တဲ့ Performance တွေ ရနိုင်ပါတယ်။

RAID 5 (Independent Data Disks with Distributed Parity Blocks)
သူ့အကြောင်းကတော့ နည်းနည်းရှင်းရမှာ ရှည်လို့ ဒီနေ့ အချိန်မရတော့လို့ နောက်နေ့မှ ဆက်ရှင်းပေးပါမယ်။

မကြာမီလာမည် မျှော်....

http://www.myanmaritresource.info

kyawkhine

kyawkhine
MITR New User



ဟား လုပ်ပါဗျာ ဖတ်လို့ကောင်းတုန်း အခန်းဆက်နဲ့တိုးနေတယ် lol! ဟဲဟဲ အရမ်းကောင်းပါတယ် ဆက်ရေးပေးနော် ....

udku

udku
MITR New User



ဆက်ရေးပေးပါဦးအစ်ကိုရယ်..ညီလည်းသင်တန်းမှာအဲဒါကိုမမှီလိုက်ဘူး..သူငယ်ချင်းတွေပြန်ရှင်းပြခိုင်းရင်လည်းအဲ့လောက် ဒီတေး မကျလို့ပါအစ်ကို..ကျေးဇူးတင်ပါတယ်ခင်ဗျာ..ဆက်လက်ရေးသားပေးပါဦးခင်ဗျာ..

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com