Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Programming လေ့လာရာဝယ် [Article]

Go down  Message [Page 1 of 1]

mgpyone

mgpyone
VIP Member



VIP Member

I want to share a post from MZ.. that's written by Ko Thar Thar

here is the original link

Code:
http://www.mysteryzillion.org/forums/showthread.php?t=4037

I hope that it may be very useful for all

==================================================================================================

Programming language ပေါင်းများစွာရှိလေသည်။ အဟောင်းဆုံးမှ
အသစ်ဆုံးထိရေတွက်သော် Assembly, Pascal, Prolog, Scheme, Ada, C, C++,
Java, Perl, Visual Basic, Java, C#, Javascript, PHP, Python, Ruby, D,
Erlang စသည်ဖြင့် များစွာရှိသည်။

ဖော်ပြပါစာရင်းထဲတွင် ကျန်ခဲ့သော programming language များရှိပေဦးမည်။
ဒါလည်း ထားတော့။ Programming language တစ်ခုကို ဟောင်းသည်ဟု မဆိုသာပေ။
စတင်ပေါ်ပေါက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော် လည်း သူ့နေရာနှင့်သူ ယနေ့ထိ
သုံးနေဆဲသော language များရှိဆဲပင်။

Programming ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာတွင် language
များများသိခြင်းမှာ တစ်ပမ်းသာပေသည်။ လုပ်ငန်းခွင်တွင် Java ပဲသိသဖြင့် VB
ကိုမသုံးလိုဟု ငြင်း၍မရ .Net ကိုမသုံးမဖြစ်သုံးရမည် ဆိုလျှင် .Net support
လုပ်သော VB သို့မဟုတ် C# ကိုသုံးရမည်။ VB မှ VB တစ်ခြား language
မတတ်ပြန်လျှင်လည်း အလုပ် လိုအပ်ချက်တွင် သုံးသော language ကို မတတ်ပါက
အလုပ်ကို လက်လွတ်ရပြန်ပေသည်။ အခက်အခဲတွေ့ရပေမည်။

အဆိုးဆုံးကား အခြား developer တစ်ယောက်က စတင် ရေးခဲ့သော code ၏ language
မှာ မိမိနှင့်မရင်းနှီး၊ ကိုယ်က ၄င်းအပိုင်းကို ဆက်လက် ကိုင်တွယ်ရမည်ဆိုပါက
ထို language ကိုမသိက အခက်တွေ့ပေမည်။ ထိုအခါ မဖြစ်မနေ လေ့လာရသော
ကိန်းသို့ဆိုက်ရောက်ရပေသည်။

Programming ကိုလုံးလုံး မသိသေးသော လေ့လာစ ပညာသင်များသာမက၊ programming
language တစ်ခုခုကို တတ်ကျွမ်းပြီးသော သူများပင် programming language
တစ်ခုကို လေ့လာရတော့မည်ဆိုလျှင် အနည်းနှင့်အများသာကွာမည်
နောက်တွန့်မိကြသည်မှာ ဖြစ်လေ့ဖြစ်ထရှိသည့် ပြသနာပင်ဖြစ်လေသည်။ လေ့လာစ
ပညာသင်များကား မသိသေးသော အကြောင်းအရာဖြစ်ခြင်း၊ တတ်ကျွမ်းသော သူများ
ပြောဆိုဆွေးနွေး လုပ်ကိုင်ပုံများ ကိုကြည့်ကာ
အထင်ကြီးလွန်းခြင်းများကြောင့် အလွန်ခက်သည်ဟု တွေးကာ နောက်တွန့်ကြလေသည်။
တတ်ကျွမ်းပြီးသော သူများ ကား မိမိ သိရှိအကျွမ်းဝင်သော language နှင့်
သက်တောင့်သက်တာ လုပ်ကိုင်ဖြေရှင်းနိုင်သည်ကို အခြား language အသစ်တစ်ခုကို
အချိန်ပေး မလေ့လာချင်ခြင်း၊ ပျင်းရိခြင်းနှင့် အခြားအခြား သော
ဆင်ခြေပေးလို့ကောင်းသည့် အကြောင်းများကြောင့် language အသစ်လေ့လာခြင်းကို
နောက်တွန့်ကြလေသည်။

ယခု post တွေ ကျွန်ုပ် ဖော်ပြလိုသည်မှာ language အသစ်ကို လေ့လာကြသူများ
(လေ့လာစ ပညာသင်များနှင့် တတ်ကျွမ်းသော သူများ) အတွက် language အသစ်ကို
လေ့လာသော အခါ အခြေခံပြုသင့်သော အချက်သုံးချက်နှင့် ကျွန်ုပ်
အတွေ့အကြုံများမှရသော အခြား အကြံပြုချက်များဖြစ်သည်။ အသုံးဝင်မည်ဟုလည်း
မျှော်လင့်ပါသည်။

Programming language တစ်ခုကို လေ့လာရာတွင် အခြေခံပြုသင့်သော
အချက်သုံးချက်မှာ

၁။ Language (လေ့လာသည့် programming ဘာသာစကား)
၂။ Libraries, Framework or packages (အသုံးချမည့် အဆင်သင့်သုံးနိုင်သည့်
library များ)
၃။ Problem solving skills (ပြသနာ တွေးတော ဖြေရှင်းနည်း)


တို့ဖြစ်ကြသည်။ အကျယ်ရှင်းအံ့။

Programming language တစ်ခုကို လေ့လာရာတွင် ၁ အချက်
အနေဖြင့်
၎င်း ဘာသာစကား ဆိုင်ရာ သုံးနှုံးနည်းများကို
လေ့လာရပေမည်။ ထိုသို့လေ့လာရာတွင် အလေးပြုသင့်သော မသိမဖြစ် သိရမည့်
အကြောင်းများမှာ...

၁။ ။ Language ကို စတင်ရေးနည်း၊ compile လုပ်နည်း၊ run နည်း
ဆိုလိုရင်းမှာ C နှင့် C++, Java တို့တွင် main method ကိုရေးခြင်းဖြင့်
စတင်သည်။ ထို့ပြင် အရေးကြီးသည်မှာ code ကို မည့်သည့် ဖိုင်တွင် ထားကာ
မည်သို့ compile လုပ်သည်။ Program ကို မည်သို့ run သည် တို့ကို
အခြေခံသိရန်လိုအပ်သည်။ ဤ နေရာတွင် IDE ကိုအားမကိုးဘဲ command line မှ
လုပ်ရမည့် နည်းအဆင့်ဆင့်ကို သိရှိစေရန် ရည်ညွှန်းသည်။

၂။ ။ Input, output
Command line မှ input လက်ခံနည်း။ Command line သို့ output ရေးထုတ်နည်း
အခြေခံကို ဦးစွာသိရပေမည်။

၃။ ။ Numbers, String and NULL (ကိန်းဂဏန်းများနှင့် String နှင့် NULL
တန်ဖိုး)

နံပါတ်များ နှင့် String များရေးနည်း။ ၄င်းတို့ကို ပေါင်းနှုတ်မြှောက်စား
လုပ်နည်း။ NULL ကို null ဟု ခေါ်သလော nil ဟု ခေါ်သလော။ String
ကိုဖြတ်ညှပ်ကပ်လုပ်နည်း။ Escape character များအကြောင်းကို
ဖတ်ရှုလေ့လာခြင်းဖြင့် variable declaration နှင့် basic data type
များအကြောင်း သိသွားပေမည်။ boolean ကား language
တိုင်းလိုလိုတွင်ရှိသည့်ပြင် ၄င်း၏ value ကား false နှင့် true
ဟုသာရေးလေ့ရှိသဖြင့် အထူးလေ့လာစရာမလိုချေ။

၎။ ။ Method creation (ကိုယ်ပိုင် method ဖန်တီးနည်း)
ကိုယ်ပိုင် method အသစ်များ ဖန်တီးနည်းကို သိရန်လိုအပ်သည်။ method
ဖန်တီးရာတွင် ၄င်း method အတွက် parameter များပေးခြင်း၊ data return
လုပ်ခြင်း။ data return မလုပ်သော အခါ void ဟုကြေငြာရန်လိုမလို
တို့အကြောင်းကိုသိရန်လိုအပ်သည်။

၅။ ။ IF statement
Control structure အကြောင်းကား မသိမဖြစ်သိရန်လိုသည်။ သို့သော် IF statement
ကိုကား သိကိုသိရပေမည်။ language ကိုစတင်လေ့လာရာတွင် CASE statement ကို
မသိလျှင်ရသေး၏။ IF ရေးနည်းကိုမသိလျှင် conditional statement ရေးလို့မရပေ။

၆။ ။ For and While loop
Loop ကိုကား code တစ်ခုကို အထပ်ထပ် ခါခါ ပြုလုပ်စေလိုသောအခါတွင် သုံးကြသည်။
For, While, Do While စသည်ဖြင့်ရှိရာတွင် For loop ကိုပထမဦးစွာ၊ While
loope ကို ဒုတိယ အနေဖြင့် သိရပေမည်။

၇။ ။ Array
Array ကား programming language တိုင်းတွင် ပါဝင်သော အခြေခံ data structure
ဖြစ်ရာ ၄င်းကို မည်သို့ကြေငြာရေးသားရသည်ကို မသိမဖြစ်သိရန် လိုအပ်ပေသည်။

အထက်ဖော်ပြပါ ၇ ချက်ကို သိလျှင် မိမိလေ့လာနေသော language အသစ်တွင် program
တစ်ခုကို ကောင်းစွာ ရေးသားနိုင်ပေမည်။ စတင်လေ့လာစ ပညာသင်များအနေဖြင့် ၄င်း ၇
ချက် ကို ကြေညက်မှသာ ရှေ့ဆက် လေ့လာရ လွယ်ကူမည်။ တတ်ကျွမ်းပြီးသော
လေ့လာသူများအနေဖြင့်မူကား ၄င်း ၇ ချက်ကို သိပြီးလျှင် ထို Language အသစ်ကို
ထက်ဝက်ခန့်တတ်မြောက်ပြီးလေပြီ။ ဤကား ၁ အချက်ပြီး၏။

နံပါတ် ၂ အချက်အနေဖြင့် language တစ်ခု ကိုလေ့လာရာတွင်
၎င်းနှင့်သက်ဆိုင်သည့် အဆင်သင့် အသုံးပြုနိုင်သော Library များ Framework
များအကြောင်းကို သိရှိရန်လိုအပ်ပေသည်။

ဘီးတစ်ခုကို အစကတီထွင်စရာမလိုပေ။ programming language ကိုရေးရာတွင်
အရာတိုင်းကို အစမှ ဖန်တီးရေးသားရန်မလိုပေ။ အခြားသူများ ရေးသားဖန်တီး
စုစည်းအပ်သော code များ၊ library များ၊ framework များကို
အသုံးချခြင်းဖြင့် အချိန်ကုန်သက်သာ၊ အလုပ်တွင်ကျယ်ပေသည်။

အစပိုင်းတွင် ၄င်းတို့အကြောင်းကို လေ့လာခြင်းဖြင့် အချိန်
အနည်းငယ်ပေးရသော်လည်း၊ နောက်ပိုင်းတွင် ၄င်းတို့ကို
သိရှိအသုံးချခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးကားပိုများပေသည်။

ဥပမာ C နှင့် C++ တွင် STL (Standard Library) အကြောင်းကား
မသိမဖြစ်သိရပေမည်။ Ruby တွင် gems များကို မည်သို့ အသုံးချနိုင်သည်ကို
သိသင့်ပေသည်။ ထို့နည်းတူ language တိုင်းတွင် ၄င်းတို့နှင့် သက်ဆိုင်သည့်
မသိမဖြစ် library များရှိကြသည်။

အကြံပေးလိုသည်မှာ Input Output library, Mathematic library, Utility
library များကို အလေးထားကာ လေ့လာစေလိုသည်။ Input Output library တွင် File
တစ်ခုကို ဖန်တီး ပြုပြင်သည့် function များပါ၏။ Mathematic library တွင်
အသုံးများသော သင်္ချာ function များပါ၏။ Utility library တွင် အထွေထွေ
အသုံးချ data structure များ၊ date, time function များပါဝင်၏။

Language အလိုက် ပါဝင်သော function အနည်းနှင့်အများသာကွာပေမည်၊ သို့သော်
ထို library သုံးမျိုးကား ပါဝင်လေ့ရှိသည်။ လေ့လာသူသည် အဖျဉ်းဆုံး Text File
တစ်ခုကို ဖန်တီး ပြုပြင်ခြင်း ကို လုပ်ဆောင်နိုင်သင့်ပေသည်။ ထိုနည်းဖြင့်
Input Oput library မှာ function အချို့ကို တီးခေါက်မိပေမည်။

ဤ အချက် ၂ ကို ပြီးမြောက်လျှင် ထို programming language ကိုတတ်ကျွမ်းရန်
လမ်းစ သို့ရောက်ပြီဟုဆိုနိုင်သည်။ သို့သော် ကျွမ်းကျင်သည့်
အဆင့်ရောက်ရန်ကား အထပ်ထပ်အခါခါ အသုံးချမှု လေ့ကျင့်မှုလိုအပ်ပေသည်။

တတိယ အချက်မှာမူ programming languague ကိုသုံးကာ ပြသနာ
ဖြေရှင်းနည်းပင်ဖြစ်သည်။
real world problem (ဖြေရှင်းလိုသော
မူရင်းပြသနာ) ကို computer program အသွင်ပြောင်းကာ code
ရေးသားဖြေရှင်းရာတွင် language အလိုက် ကွာခြားချက်များရှိပေသည်။

ဆိုကြပါစို့ Text File တစ်ခုကို ဖွင့်ကာ ၄င်းထဲမှာ text ကိုဖတ်ရာတွင် C
ကိုသုံးမည်ဆိုပါက stdio, stdlib, cstring library တို့ကိုသုံးကာ File
handle တစ်ခုကို ဖန်တီးပြီး fgets method နှင့် while loop ကိုသုံးကာ
စာကြောင်းတစ်ကြောင်းခြင်းကို ဖတ်ရှုရပေမည်။ ထို့ပြင် C တွင် string ကို
character array အဖြစ် ကြေငြာကာ သုံးရပြီး ကြေငြာထားသော array ၏ size
ပေါ်မူတည်ကာသာ text data ကိုရယူနိုင်ပေသည်။ ဤပြသနာအတွက် code
ဆယ်ကြောင်းခန့်ရေးရပေမည်။

ထိုပြသနာကို Ruby language သုံးကာ ဖြေရှင်းမည်ဆိုပါက FileUtils library
ကိုခေါ်ကာ File object နှင့် readlines method ကိုသုံးပြီး စာကြောင်းများကို
Ruby ၏ String object များအဖြစ် Array ထဲတွင် ထည့်သွင်းရယူနိုင်ပေသည်။
ဤပြသနာအတွက် code ၂ ကြောင်းတည်းနှင့်ပြီး၏။

ထောက်ပြလိုသည်မှာ ဖြေရှင်းလိုသည့် ပြသနာအတွက် code ကိုရေးရာတွင် language
ကိုလိုက်ကာ ဖြေရှင်းနည်း ကွာခြားခြင်းပင်ဖြစ်သည်။ ထည့်သွင်းစဉ်းစားရမည့်
အချက်များမှာ၊

၁။ Language တွင်ရှိသော limitations များ
၂။ Language တွင်ရှိသော library function များ
၃။ Language အလိုက် ပြသနာအတွက် လုပ်ထုံးလုပ်နည်းများ (standard practice)

ဖြစ်ကြသည်။ ၄င်းတို့ကို အခြေခံစဉ်းစားကာ ပြသနာကိုဖြေရှင်းရပေသည်။ Problem
solving skill ကား သင်၍မရပေ။ စာသင်သား၏ အချက် ၁ နှင့် ၂ တို့ကြေညက်မှု၊
စဉ်းစား တွေးခေါ်မှုနှင့် အတွေ့အကြုံ၊ အလေ့အကျင့်တို့ပေါ်မူတည်ကာ
တစ်ဦးနှင့်တစ်ဦး ကွားခြားသွားပေသည်။

ထိုကြောင့် များများ လေ့လာ၊ လေ့ကျင့်ရန်သာ အကြံပေးနိုင်ပါသည်။ ဤကား အချက် ၃
ပြီး၏။

ကျွန်ုပ်၏ အတွေ့အကြုံအရ အခြား အကြံပေးလိုသည် အချက်များမှာ

၁။ ရှာဖွေ၊ ဖတ်ရှု၊ မေးမြန်း၊ ကူးချ ရေးသားနည်း။
၂။ Database သို့ connect လုပ်ခြင်း။
တို့ဖြစ်သည်။

Programming language တစ်ခုကို လေ့လာရာတွင် တိုးတက်နေသော ခေတ်ကြီးနှင့်အညီ
၎င်းနှင့်သက်ဆိုင်သော အကြောင်းအရာများမှာ နေ့စဉ်နှင့် အမျှတိုးပွားနေရာ၊
အားလုံးကို သိရှိမှတ်ထားရန် မလွယ်ကူချေ။ ထို့ကြောင့် အကြောင်းအရာ တစ်ခုကိ
သိရှိရန် လိုအပ်သော အခါတွင် ရှာဖွေတတ်ရန် လွန်စွာ အရေးကြီးလေသည်။

မိမိလေ့လာ နေသော Language နှင့်ဆိုင်သည့် official website, mailing list,
forum နှင့် blog များ ကို search engine များအားကိုးနှင့် လိုအပ်သည်များ
ကို ရှာဖွေတတ်၊ ဖတ်ရှုလေ့လာ၊ ကူးချပြီး မိမိ၏ လိုအပ်ချက်အတိုင်း
ပြုပြင်ရေးသားတတ်သင့်လေသည်။ ဤသည်လည်း လေ့ကျင့်အပ်သော အတတ်ဖြစ်ပြီး search
engine တွင် ဘာရိုက်ထည့်ရှာသင့်သည်ကို သိရန်လည်း အလေ့အကျင့်လိုအပ်သည်။
အတွေ့အကြုံများလေ မြန်မြန်နှင့် ထိထိရောက်ရောက် ရှာတတ်လေ ဖြစ်သည်။

Programming language များတွင် အများအားဖြင့် database နှင့်
ဆက်သွယ်နည်းများရှိကြသည်။ ယခု ခေတ်တွင် data များစွာသိမ်းဆည်းရန် လိုအပ်သော
အခါ database မှာ မရှိမဖြစ် စံအဖြစ် အသုံးပြုကြရာ၊ မိမိ လေ့လာနေသော
language တွင် database ကိုမည်သို့ connect လုပ်ကာ အသုံးချသည်ကို
သိရှိရန်လည်း လိုအပ်လေသည်။

ထိုသို့ connect လုပ်နည်းကား ၄င်းကိုဆောင်ရွက်ပေးနိုင်သည့် library
အကြောင်းကိုသိရှိရန်လိုအပ်သလို၊ အသုံးချနည်းကို ရေးသားထားသော resource
များကို ရှာဖွေ၊ ဖတ်ရှု၊ မေးမြန်း၊ ကူးချနည်းဖြင့် လေ့လာနိုင်ပေသည်။

အချိန်ပေးနိုင်ပါက မိမိလေ့လာနေသော language သည် Object Oriented
Programming support လုပ်လျှင် OOP ကိုမည်သို့အသုံးချရမည်ကိုလည်း
လေ့လာသင့်ပေသည်။ ထို့ပြင် language များတွင် Multi threading, Net
connection နှင့် socket programming တို့မှာ စိတ်ဝင်စားဖွယ် ကောင်းသော
အပိုင်းများဖြစ်သလို၊ အလွန်လည်း အသုံးဝင်လှပေသည်။ သို့သော်
လေ့လာရန်အကြောင်းပေါ်လာမှသာ အကြံပေးသော အချက် ၁ ကိုသုံး၍ ရှာဖွေ၊ ဖတ်ရှု၊
ကူးချခြင်းဖြင့် လုံလောက်ပေသည်။ လိုအပ်မှ လေ့လာပါ။

အထက်ပါ အခြေခံ သုံးချက် ကို ဦးတည်ကာ လေ့လာခြင်းဖြင့် programming language
တစ်ခုကို မြန်မြန် တတ်မြောက်နိုင်သလို၊ ၄င်း language ၏ အသိပညာကို
တိုးချဲ့ရာတွင် ဆက်လက်ဖော်ပြသော အကြံပေးချက် နှစ်ခုမှာ အသုံးဝင်မည်ဟု
မျှော်လင့်ပါသည်။

http://www.mgpyone.net
Share this post on: reddit

nyein nyein

Post 7th December 2009, 3:43 pm by nyein nyein

ကို mgpyone ကို ကျေးဇူးတင်ပါတယ်နော်။ အခုလိုတစ်ဆင့်ပြောပြပေးတဲ့အတွက်ပါ။ အသုံးလည်းဝင်တဲ့အတွက် သေချာမှတ်ထားလိုက်ပါတယ်။ [You must be registered and logged in to see this image.]

good တယ်ဗျာ။ [You must be registered and logged in to see this image.] ကျေးဇူးတွေအများကြီးတင်ပါတယ်။ ကျွန်တော် programming ကို သင်ခဲ့ဘူးပေမဲ့ ဘာဆိုဘာမှန်းကို မသိဘူး။ အခုဆို mgpyone ကြောင့်တော်တော် ကြီးနားလည်သွားပါပြီ။ [You must be registered and logged in to see this image.] နောက်လည်း ရေးပါဦးနော်။ ကျွန်တော်စောင့် ဖတ်နေမယ်။

C0D3R

Post 7th December 2009, 7:08 pm by C0D3R

ကောင်းတယ်ကိုပြုံး နောက်လည်းဆက်ရေးနော်

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com