Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum
You are not connected. Please login or register
View previous topic View next topic Go down  Message [Page 1 of 1]
ဘီလူး
ဘီလူး
Reviewer
Reviewer
ကွန်ပျူတာတစ်လုံးမှာပါဝင်တဲ့ hardware ပစ္စည်းများကိုမပြောခင် hardware ဆိုတာဘာလဲဆိုတာကိုအရင်ပြောပါ့မယ်။လွယ်လွယ်ပြောရရင်hardware ဆိုတာကကွန်ပျူတာ မှာထိကိုင်လို့ ရတဲ့ပစ္စည်းအားလုံးကိုပြောတာပါပဲ။အဲဒီပစ္စည်းတွေမှာဘာတွေပါလဲ။ဘယ်လိုအလုပ်လုပ်ကြတာလဲ ကြည့်ရအောင်.................
၁. Monitor ကွန်ပျူတာရဲ့ output တွေကို user တွေသုံးလို့ မြင်လို့ ရအောင်ဖော်ပြပေးတဲ့ပစ္စည်းပါ
၂.Motherboard ကွန်ပျူတာရဲ့ အဓိက circuit board ပါ ။အခြားအပိုပစ္စည်းတွေကိုလည်း Motherboard ပေါ်မှာပဲတတ်ဆင်ပါတယ်။
၃.Processor ကွန်ပျူတာရဲ့ အဓိကအသည်းနှလုံးလို့ ပြောလေ့ရှိပါတယ်။ကွန်ပျူတာကိုခိုင်းသမျှကိစ္စတွေကို processor မှာပဲလုပ်ဆောင်ပါတယ်။ CPU (central processing Unit )လို့ လဲခေါ်ပါတယ်။
၎.Memory လူတော်တော်များများကတော့memory ကိုမှတ်ဥာဏ်လို့ သိထားကြပါတယ်။ဒါပေမယ့်ကွန်ပျူတာမှာ memory ကဒီသဘောအလုပ်လုပ်တာမဟုတ်ပါဘူး။ memory ဟာ processor ပေါ်မှာအလုပ်လုပ်နိုင်ဖို့ data တွေကိုခဏသိမ်းထားတဲ့အလုပ်ကိုပဲလုပ်နိုင်ပါတယ်။ processor ကအသုံးလိုတဲ့ data တွေကို memory ထဲမှာအဆင်သင့်ပြင်ထားတာပါ။
၅.Harddisk Hard disk ကတော့ ကွန်ပျူတာမှာရှိတဲ့ software တွေ Os တွေကိုမှတ်သားထားတဲ့ပစ္စည်းပါ။အမှန်ပြောရရင်ဒါကမှ data သိမ်းတဲ့ပစ္စည်းပါ။
၆.PSU(Power Supply Unit) ဒါကတော့ကွန်ပျူတာမှာရှိတဲ့ပစ္စည်းတွေကို motherboard ကနေ လိုအပ်တဲ့ power တွေကိုဖြန့် ပေးတာပါ။လိုအပ်တဲ့ voltage တွေကို လည်းပျောင်းပေးပါတယ်။
၇.Casing ကတော့ ကွန်ပျူတာပစ္စည်းအားလုံးကိုထည့်ထားတဲ့ပုံးလို့ ပဲခေါ်ရတော့မှာပေါ့နော်
ဒါကတော့အခြေခံပစ္စည်းတွေပါနောက်မှပဲကျန်တာတွေကိုထပ်တင်ပေးပါ့မယ်။
အားလုံးပဲပျော်ရွှင်နိုင်ပါစေ
thantzinmin
thantzinmin
MITR New User
အခုလိုရှင်းပြပေးထားတာ ကျေးဇူးတင်ပါတယ်။ ဒီထက်မကပိုပြီးတော့
ရှင်းပြပေးစေလိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် Hard Disk တွေရဲ့ပုံတွေနဲ့တကွ
အဲဒီ Hard Disk က ဘယ်လိုလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးတယ်ဆိုတာကို
ရှင်းပြပေးပါလို့ ဒီဝက်ဘ်ဆိုဒ်ကိုလာကြတဲ့ ဧည့်သည်တွေအားလုံးနဲ့ member
တွေ ကိုယ်စားတောင်းဆိုလိုက်ပါတယ်။.......
ဘီလူး
ဘီလူး
Reviewer
Reviewer
အစ်ကိုရေ................ harddisk က ဘာလုပ်လဲဆိုတော့ ကွန်ပျူတာမှာရှိတဲ့ OS ကအစ File တွေ သီချင်းတွေ ဗီဒီယိုတွေ အားလုံးသော ဆော့ဝဲတွေကိုသိုလှောင်ထားတဲ့ Drive တစ်ခုပါ......
harddisk ကို data transfer port တွေကို လိုက်ပြီးတော့ နှစ်မျိုးခွဲနိုင်ပါတယ်..........
[You must be registered and logged in to see this link.] မှာ down ပါ..........
အစဉ်ပြေပါစေ....................
IT လောကမှာအောင်မြင်ကြပါစေ............. :p_a1:
Last edited by ထက်နိုင် on 23rd April 2010, 6:35 pm; edited 1 time in total (Reason for editing : စည်းကမ်းချက် နံပါတ် ၅ နှင့် အညီ ပြင်သည်။)
alt.332
alt.332
Administrator
Administrator
Hard disk ဆိုတာက ကွန်ပျူတာမှ Data storage အနေနဲ့လုပ်ဆောင်တဲ့ Device ဖြစ်ပါတယ်....Windows တွေ နဲ့ အခြား Software တွေက Hard disk ထဲကနေပြီးတော့ ခေါ် Run ပြီးတော့ Memory ပေါ်ကိုပို့ပါတယ်... Memory ကမှတဆင့်...Monitor ပေါ်ကိုပို့ပေးတာဖြစ်ပါတယ်...Hard disk မှာ Sata ရယ် IDE ရယ်ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်....ဘာကွာကလဲဆိုတော့ Data Transfer rate ကွာပြီးတော့ နောက်က Cable ကြီုးချင်းလည်းမတူပါဘူး...Data Transfer က Sata က ပိုပြီးတော့ မြန်ပါတယ် IDE ထက်....နောက်မှပုံနဲ့တကွတင်ပေးပါ့မယ်အခုက...အချိန်သိပ်မရလို့ပါ...ကျွန်တော့်ထက်ပိုသိတဲ့သူတွေရှိရင်လည်းဝင် ရေးပေးကြပါလို့...
http://www.myanmaritresource.info
sHa92
sHa92
Founder
Founder
ကျနော်ကတော့ SATA Hard Disk အကြောင်းဆွေးနွေးပေးပါ့မယ်။(ကျနော်က Hardware သမားမဟုတ်တော့ အမှားပါခဲ့လို့ရှိရင်လည်း ခွင့်လွှတ်ပေးကြပါ)
SATA အကြောင်းမဆွေးနွေးခင် ATA hard disk
drives အကြောင်းကို ပြောပါ့မယ်။ATA ဆိုရဲ့ အရှည်ကောက်ကတော့ Advanced Technology Attachment လို့ အဓိပ္ပါယ်ရပါတယ်။သူက Serial ကော Parallel IDE Format ကော နှစ်မျိုးလုံးနဲ့ လာတတ်ပါတယ်။
Serial ATA ကို SATA လို့ခေါ်ပါတယ်။ SATA ရဲ့ နည်းစနစ်ကို စတင်ပြီးတော့ မိတ်ဆက်ခဲ့တာကတော့ ၁၉၈၆ လောက်တုန်းကဖြစ်ပါတယ်။အဲဒီ့ နည်းပညာကို အတည်ပြု (အသိအမှတ်ပြုခဲ့တာကတော့) 2002 ခုနှစ်လောက်တုန်းက ANSI အဖွဲ့ကနေပြီးတော့ အသိအမှတ်ပြု ပေးခဲ့ပါတယ်။
SATA ရဲ့ ကောင်းတဲ့ အချက်ကတော့ Main Board နဲ့ Drive ကို Point to Point Communication လုပ်လို့ရတယ်လို့ ဖတ်ဖူးပါတယ်။ (*Point to Point Communication ဆိုတာ ဘာလဲတော့ ကျနော်လည်းသိဘူးဗျ)Parallel ATA (PATA) မှာတော့ ကြိုးတစ်ကြိုးတည်းမှာ master slave အရောကို Support လုပ်ပြီးတော့ Drives ၂ ခု ကြိုးတစ်ချောင်းနဲ့ ချိတ်လို့ရတဲ့ နည်းပညာပါ တယ်လို့ သိရပါတယ်။
SATA ကို RAID လုပ်ရာမှာလည်း သုံးလေ့ရှိတယ်လို့ လေ့လာဖူးပါတယ်။ SATA ကို စပြီးတော့ Design ထုတ်လိုက်ရတဲ့ အကြောင်းအရင်းက တော့ Data Transfer Rate အတွက်ဖြစ်တယ်လို့လည်း ဖတ်ဖူးပါတယ်။ DATA Transfer လုပ်ရာမှာ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ Device လို့လဲဆိုနိုင်ပါတယ်။ သူကတော့ Data တွေကို half duplex နည်းနဲ့ transfer လုပ်ပါတယ်။
Speed အနေနဲ့ဆိုရင်တော့ ၁ စက္ကန့်ကို 1.5 GB ပမာဏအထိ Data Transfer လုပ်နိုင်တယ်လို့လေ့လာမိပါတယ်။
SATA II ကိုတော့ ၂၀၀၃ မှာ ထပ်မံမိတ်ဆက်ပါတယ်။ သူကတော့ Speed အနေနဲ့ ၁ စက္ကန့်ကို 3 GB လောက်အထိကို Data Transfer လုပ်နိုင်ပါတယ်။ Parallel ATA Drive တွေအနေနဲ့ 18 လက်မ အကျယ်ရှိတဲ့ ကြိုးပြားတွေကို သုံးလေ့ရှိပြီးတော့ Serial ATA (SATA) တွေ အနေနဲ့ ကတော့ အရှည် ၁ မီတာလောက်အထိရှည်တဲ့ ကြိုးတွေကိုသုံးပါတယ် အကျယ်ကတော့ လက်မဝက်လောက်တောင်မရှိပါဘူး။အဲဒီ့ အချက်က PATA တွေနဲ့ နှိုင်းယှဉ်ရင် SATA ရဲ့ နောက်ထပ် ကောင်းတဲ့အချက်လို့ဆိုရပါလိမ့်မယ်.. Casing ထဲမှာကြိုးရှုပ်ထွေးမှုကို ရှောင်ရှားနိုင်လို့ပါ။
SATA တွေ အနေနဲ့ အခြား Hard Disk တွေလိုဘဲ External တွေ ရှိပါတယ်။ သူ့ကိုတော့ eSATA လို့လည်း ခေါ်ပါတယ်။ နောက်တစ်နည်း ခေါ်တာကတော့ External Direct Attached Storage for Notebook လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်လို့ ဖတ်ရှုဖူးပါတယ်။External SATA တွေ အစား အခြား External သုံးလို့ရတာတွေ ရှိပါသေးတယ် အဲဒါတွေကတော့ USB တွေနဲ့ IEEE 1394 တွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီ့ Device တွေက SATA တွေလောက် Data Transfer Rate မမြန်ပါဘူး။
External SATA သုံးတာတွေရဲ့ ကောင်းတဲ့အချက်တွေကတော့ ::
-သူက အခြား Device တွေထက် Data ပို့တာ ၆ ဆလောက် မြန်ပါတယ်။
-အကြမ်းခံပါတယ်။ အသုံးပြုသူတွေအတွက်လည်း လွယ်ကူစွာအသုံးပြုနိုင်ပါတယ်။
-Performance ကောင်းတဲ့ အပြင် ကုန်ကျစရိတ်အနေနဲ့လည်း ပေးရတာသက်သာတယ်လို့ဆိုရပါမယ်။
-အကောင်းဆုံးကတော့ Portable ဖြစ်တာနဲ့ ၊ ၂ မီတာလောက်ရှည်တဲ့ သေချာ ပြုလုပ်ထားတဲ့ ကြိုး ကြောင့် အသုံးပြုရတာ လွယ်တဲ့အချက်ဘဲဖြစ်ပါတယ်။
ကျနော့်ရဲ့ ဆွေးနွေးမှုကို ဒီမှာတင် အဆုံးသတ်ပါမယ်။
IDE နဲ့ ပတ်သက်ပြီးတော့လည်း တင်ပေးချင်ပါသေးတယ်.... ကျနော်က Hardware နဲ့ ပတ်သက်ရင် အတွေ့ အကြုံမရှိလို့ အမှားလေးတွေပါရင် တော့ သည်းခံဖတ်စေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
~SYKO~
http://www.myanmaritresource.info
ဝေယံ
ဝေယံ
MITR New User
ကျွန်တော်လဲစိတ်ဝင်စားပါတယ်..
ထပ်ပြီးဆွေးနွေးပေးပါဦးဗျာ
zawmin
avatar
MITR Reader
MITR Reader
ဆွေးနွေးပေးချင်ပါတယ်...
နောက်တော့ပေါ့.....
ကျူရှင် ကစာမေးပွဲ ကြီးက ရေရေလည်လည် ဖြေနေရလို့ ဗျ......
thantzin12
thantzin12
MITR New User
ကျနော် အတွေ့ကြုံလေး တစ်ခု တင်ပြပါရစေ..။ ကျနော့်ဘော်ဒါတချို့ရဲ့ စက်မှာပေါ့ SATA hard disk နဲ့ IDE နှစ်မျိုးလုံး တစ်လုံးစီ တပ်ထားပါတယ်။ မီးအား ကမောက်ကမ ဖြစ်တဲ့အခါ IDE က ဘာမှမဖြစ်ပါဘူး။ SATA က ဂန့်သွားပါတယ်။
တစ်ခါထဲ ဖြစ်တာမဟုတ်ပါဘူး။ တော်တော်လေး ကြုံဖူးပါတယ်။ ဒီအတွက် မီးအား ကမောက်ကမဖြစ်မှု ဒဏ်ကိုကျတော့ SATA က သိပ်မခံနိုင်ဘူး လို့ ကောက်ချချတာ မှန်မလား ခင်ဗျာ.... ကျနော်ကတော့ အဲသလိုပဲ ယူဆမိတယ်။ IDE ကတော့ မီးအားကမောက်ကမဒဏ်ကို တော်တော်လေး ခံနိုင်တယ်ခင်ဗျ.. [You must be registered and logged in to see this image.]
sanwinoo125
sanwinoo125
MITR New User
A+
သင်တန်းကောင်းတာလေးညွန်ပြပေးပါ့လား
Sponsored content
View previous topic View next topic Back to top  Message [Page 1 of 1]
Permissions in this forum:
You cannot reply to topics in this forum
Make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com