Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

manawphyulay

manawphyulay
MITR Reader



MITR Reader
Caps Lock, Num Lock, Scroll Lock ကီးများကို မှားယွင်းစွာ သုံးမိပါက အသံ သို့မဟုတ် အရိပ်ပြပြီး အချက်ပေးနည်း ဖြစ်ပါတယ်။

တစ်ခါတစ်ရံ မတော်တဆ Caps Lock ကို ထိမိကာ ပွင့်နေခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် Num Lock ကီးကို ပိတ်မိရင်လည်း

Keypad ကို သုံးလို့ မရတတ်ပါ။ ထိုသို့ အမှားများ ပြုလုပ်မိပါက အရေးကြီးသော အလုပ်လုပ်မည်ဆိုရင် နှောင့်နှေးစေတတ်ပါတယ်။

ဒါကြောင့် အမှားပြုလုပ်မိပါက အသံနှင့် သတိပေးခြင်း သို့မဟုတ် မော်နီတာတွင် အချက်ပြခြင်းများ ပြုရန် တင်ပြပေးလိုက်ပါတယ်။

လိုအပ်မယ်လို့လည်း ထင်ပါတယ်။ ဒါမှမဟုတ် သိပြိးသားလည်း ဖြစ်ချင်ဖြစ်နေမှာပါ။ သိသလောက်ကို ပြောပြခြင်းသာ

ဖြစ်ပါတယ်။

၁။ Start ထဲက Control Panel ကို ဖွင့်ပါ။
၂။ အတွင်းမှ Accessibility Options ကို ထပ်မံရွေးချယ်ပါ။
၃။ Accessibility Options(BOX) ပွင့်လာပါမည်။ ကီးဘုတ် tab သို့ပြောင်းပါ။
၄။ အတွင်းမှ Toggle keys အောက်မှ Use Toggle keys မှာ အမှတ်ပေးလိုက်ပါ။
၅။ ပြီးရင် Sound(tab) ကို ပြောင်းပေးပါ။
၆။ SoundSentry အောက်မှ Use SoundSentry ကို ရွေးချယ်လိုက်ပါ။
၇။ ထိုအခါ visual warning အတွက် ရွေးချယ်စရာများကို ပြပေးထားပြီး နှစ်သက်ရာတစ်ခုခုကို ရွေးလိုက်ပါ။ ဥပမာအားဖြင့် Flash the
active caption bar, Flash the active window, Flash the desktop ဆိုပြီး ပြပေးထားရာ ယင်းမှ Flash the active window ကို
ရွေးချယ်လိုက်ပါ။
၈။ Apply ကို နှိပ်ပြီး ok ကို ထပ်နှိပ်လိုက်ပါ။
ပြီးရင် စမ်းသပ်လို့ရပါပြီ။ Caps Lock ကို ဖွင့်ကြည့်လိုက်ပါ။ ထိုအခါ အသံတစ်သံထွက်လာလိမ့်မည်။ ဒါမှမဟုတ် မော်နီတာတွင် ဖျတ်ခနဲ
အရိပ်တစ်ခုပေါ်လာမည်ကို မြင်ရပါလိမ့်မည်။ ကီးတစ်ခုခုကို မှားယွင်းစွာ နှိပ်လိုက်မိရင် သတိပေးမည့် အကြောင်းအရာကို
တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

http://www.manawphyu.net

Opera

Opera
MITR Reader



MITR Reader
wow.
nice post sis.
thanks for your contribution

C0D3R

C0D3R
MITR Master



MITR Master
အခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်ဗျာ

နောက်လည်းသိတာလေးတွေ share ပေးပါဦးနော်

+++++++++++++++++++++++++++++++++

[You must be registered and logged in to see this link.]

http://www.myanmaritresource.info

ogre

ogre
Moderator



Moderator
ဟာ good တယ်ကွာ။ Smile

http://www.myanmarhelper.co.cc

pyiphyo

pyiphyo
MITR New User



ကြိုက်တယ်ဗျာ အရမ်းပဲ တော်တော်လေးကိုသဘောကျတယ်......

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com