Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
Connection မရလို့ တခြား Cyber Café တစ်ခုကို သွားသုံးတဲ့အခါတုန်းက ကြုံတွေ့ ခဲ့ရတဲ့ အခက်အခဲလေးတစ်ခုပြောချင်ပါတယ်ဗျာ။ဘာလဲဆိုတော့ကား…. Zawgyi-font သုံးထားရက်နဲ့ 
စာလုံးတွေကို ရှင်းရှင်းလင်းလင်းမမြင်ရတဲ့ အကြောင်းလေးပါ။ကြုံဖူးကြမလားမသိဘူး..Firefox မှာ
စာလုံးတွေဝါးတားတားနဲ့ ဖြစ်နေတာ၊Gtalk ကမြန်မာစာတွေ မှာ လဲ ၀ါးတားတားဖြစ်နေတာ၊Task bar မှာ မြန်မာလိုပေါ်ရမဲ့ဟာ မပေါ်ပဲနဲလေးဒေါင့်ကွက်တွေဖြစ်နေတာ၊File or Folder တွေကို မြန်မာလို နာမည်ပေးရင် လေးဒေါင့်အကွက်တွေဖြစ်နေတာ စသည်ပေါ့ဗျာ။
ဒါတွေဟာ Zawgyi-font သုံးထားရက်နဲ့ အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်တဲ့ ပြဿနာတွေပါဗျား။တစ်ချို့  တွေတော့ကြုံဖူးကြမယ်ထင်တယ်နော်။အဲသလိုဖြစ်လာရင် Cyber ၀န်ထမ်းတွေကို ခေါ်ပြီးပြင်ခိုင်းစရာမလို
ပဲကိုယ်တိုင်ဖြေရှင်းနိုင်အောင်အချက်လေးတွေကို ပြောပါ့မယ်ဗျား။အခုလိုတင်ပေးရခြင်းအကြောင်းကတော့ အခုထိ ဒီပြဿနာလေးတွေကို ကျနော် ကြုံခဲ့ရလို့ ဖြစ်ပါတယ်။ချရာကြီးလုပ်ခြင်း မဟုတ်ပါ။နားလည်ပေးကြမယ်ထင်ပါတယ်။

ဒီအောက်ကအတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားပါ။ ။

1.Desktop>R-click>Properties>Apperance>Advance ကို အဆင့်ဆင့်သွားလိုက်ပါ

2.Advance ကိုနှိပ်ပြီးရင် Item:ဆိုပြီး အကွက်လေးမှာ ဇောက်ထိုးပုံတြွိဂံလေးကိုထပ်နှိပ်ပြီး
Active Title bar ကိုရွေးပါ။ပြီးရင် အောက်က Font: အကွက်မှာ Zawgyi-One ကိုထပ်ရွေးပါ၊
ပြီးရင် Ok နှိပ်ပါ၊

3.ပြီးရင် Advance Tab >Item: >Icon ကိုရွေး>တစ်ဆက်ထဲ အောက်က Font: မှာ Zawgyi-One ကိုထပ်ရွေးပြီး OK ကိုနှိပ်ပါ၊
4.အထက်ပါအတိုင်း Advance Tab >Item: ထဲမှာရှိတဲ့ Inactive Title Bar,Menu,Message Box,Palette Title,Selected Items,Tool Tip တစ်ခုချင်းစီကို ရွေးပြီး အောက်က Font: ကိုလဲ Zawgyi-One ကိုပြောင်းပေးပါ၊အားလုံးပြီးသွားရင် OK >Apply>Ok လုပ်ပြီးပိတ် လို့ ရပါပြီ။

အခုလိုလုပ်ခြင်းအားဖြင့် Icon,Message Box,Title Bar,Task Bar,Menu စသည်တို့ ကို မြန်မာလို နာမည်ပေးရင် လေးဒေါင့်ကွက်တွေမပေါ်ပဲမြင်ရမှာဖြစ်ပြီး မြန်မာလို လဲ နာမည်ပေးလို့ ရပါပြီ။

နောက်ပြီး…စာလုံးတွေကို ၀ါးတားတားမဖြစ်စေချင်ရင်တော့
Desktop>R-click>Properties>Apperance>Effects ကိုသွားပြီး Use the following method to smooth edges of screen fonts ဘေးကအကွက်ကို Select ပေးပြီး အောက်က အကွက်ထဲ မှာ Standard Type မထားပဲ Clear Type ကိုရွေးပြီး Ok>Apply>Ok လုပ်ပြီး
ပိတ်နိုင်ပါပြီ။ဒါက တော့ ၀ါးတားတားမဖြစ်အောင် ပြုလုပ်တာဖြစ်ပါတယ်။

အဲအဲ…
တစ်ခုကျန်သေးတယ်..၀ါးတားတားနဲ့ တော့မဆိုင်ပါဘူး..
အပျင်းပြေပေါ့
Gtalk Icon ကို Mouse နဲ့ ထောက်ကြည့်လိုက်ရင် ကိုယ်ရေးတဲ့စာလေးပေါ်ချင်တယ်ဆိုရင်
Gtalk Icon>R-click>Properties>အောက်ဆုံးက Comment ဆိုတဲ့ အကွက်ထဲကစာတွေဖျက်ပြီး..
ကြူကြမယ်ဟေ့ ကောင်းကောင်း ဘာညာပေါ့ဗျာ။ကြိုက်သလိုရေးပြီး Apply>Ok လုပ်လိုက်ပါ
ဒီပုံလိုပါ
[You must be registered and logged in to see this image.]
ပြီးရင် Gtalk ကို Mouse နဲ့ ထောက်ကြည့်လိုက်ပါ။အဆင်ပြေပါစေ။

အားလုံးပဲ ၀ါးတားတားအဖြစ်မှ ကင်းဝေးနိုင်ကြပါစေ။ ။
Thank you… 



Last edited by solakoko on 26th April 2010, 7:40 pm; edited 1 time in total

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ကဲပြောတဲ့အတိုင်း ကြူလိုက်ဦးမယ်ဗျို့........................ Razz

shinthant

shinthant
Moderator



Moderator
ကိုဆိုလာရေ ကျေးဇူးတင်ပါတယ် ကောင်းတယ်ဗျာ အဲဒါလေးက

နောက်ကိုလည်း အသစ်အဆန်းလေးတွေ့တင်ပေးပါအံုးနော်

အကိုအရမ်းကြိုက်တဲ့ မိုးယုံစံကို ကျနော်ကွာပြီးအကို ကိုယ်ပေးပါမယ်နော်

နောက်လဲတင်ပေးအုံးနော်

ET

ET
Moderator



Moderator
အော် ဂလို့ကို
အခုတော့ အဆင်ပြေသွားပြီဗျို့
ကျေးဇူး ကိုဆိုလာေ၇

http://alinkarnya.blogspot.com/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com