Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
Gmail,yahoo,outlook စသည်တို့ မှ Contact များကို.
Gmail Account တစ်ခုသို့  Inport ပြုလုပ်နိုင်ပါတယ်
အဲဒီထဲကမှ Gmail to Gmail သို့ ပဲ Inport ပြုလုပ်တာပဲကျနော်သိပါတယ်
ကျန်တဲ့ Yahoo တို့ ဘာတို့ ကနေ တော့သိပါဘူး (ဒါပေမဲ့ သိပ်မကွာပါဘူး)
ကျနော်လဲ နဲနဲအားနေတာနဲ့  သိတာလေးတော့ဖော်ပြပေးလိုက်ပါတယ်


မိမိ Gmail မှ Contact List များကို Backup အနေနဲ့ သိမ်းထားလို့ ရပါတယ်..
အဲဒီလိုသိမ်းထားခြင်းအားဖြင့်…အကြောင်းကြောင်းကြောင့် Gmail အခိုးခံရသည်ရှိသော် …မိမိသူငယ်ချင်းအားလုံးကို မဆုံးရှုံးပဲပြန်ရမယ်ဖြစ်ပါတယ် (Contact List)ပဲပြောတာနော်
ကျန်တာတော့သိဘူး
ပြီးတော့
Account အသစ်တွေခဏခဏလုပ်ပြီး သူငယ်ချင်းအဟောင်းတွေကို ပြန်ပြန် Add နေရတဲ့သူတွေအတွက်လဲ
ဒီနည်းက သင့်တော်မယ်ထင်ပါတယ်
ဥပမာ။ ။abc@gmail.com မှာရှိတဲ့ မိမိ သူငယ်ချင်းများစာရင်း(Contact List)ကို
အခြား [You must be registered and logged in to see this link.] ထဲသို့  (Export)တင်ပို့ ပုံလေးပါ။
ဒီလိုလုပ်ခြင်းအားဖြင့်..
Gmail Account သစ်ဖွင့်တိုင်း.. အရင်သူငယ်ချင်းဟောင်းများကို
တစ်ယောက်ချင်းစီကို လက်ညောင်းခံပြီး Invite လုပ်စရာမလိုတော့ပါဘူး

အရင်ဆုံး Gmail ထဲမှ contact list များကို မိမိကွန်ပျူတာထဲကတစ်နေရာရာမှာ သိမ်းထားကြည့်ပါ
ဘယ်လိုလဲဆိုတာ…
မသိသေးတဲ့သူတွေရှိရင် အောက်ကနည်းအတိုင်း စမ်းကြည့်ပါ
အရင်ဆုံး..
Gmail ၀င်လိုက်ပါ
ဘယ်ဘက်အခြမ်း မှာ Contact ဆိုတာကိုနှိပ်ပါ
ညာဘက်နား မှာ Export ဆိုတာကို ထပ်နှိပ်ပါ
ဒါဆို Who do you want to export? ဆိုပြီးမေးလိမ့်မယ်
အကုန်လုံးကို သိမ်းချင်တယ်ဆိုရင် Everyone (All Contacts) ဆိုတာကိုရွေးပါ
အများဆုံး ဆက်သွယ်ချင်တဲ့ လိပ်စာပဲယူချင်ရင် Only my contact ,Only most contacted ,etc,…
ကိုရွေးပါ
ပြီးရင် Google CSV format (for importing into a Google account)
ဆိုတာကို အမှန်ခြစ်ပေးပြီးတော့ Export ကိုနှိပ်ပါ
Save မှတ်ဖို့ အတွက် box ကျလာရင် filename.csv နဲ့ ကြိုက်တဲ့နေရာမှာသိမ်းနိုင်ပါတယ်
ဒါဆို Gmail acc ထဲမှ မိမိဆက်သွယ်သော လိပ်စာ စားရင်းများကို ရပါပြီ။
အဲဒိလိပ်စာ စာရင်းများ(Contact list) ကို အခြား Gmail တစ်ခုခုမှာ သွားပြီး
Inport လုပ်လို့ ရပါတယ်..ဒီ Gmail ကလူတွေကို ဟို Gmail ကိုပို့ တာပါ
(လူကုန်ကူးတာဟုတ်ဘူးနော်)
ဘယ်လိုလဲဆိုတော့ အပေါ်ကအတိုင်းပါပဲ.
Gmail>Contact>Export နေရာမှာ Inport ဖြစ်သွားပါတယ်
ပြီးရင်
Browse ကနေ ခုဏက သိမ်းထားတဲ့ဖိုင်ကို ညွန်ပေးလိုက်ပါ
နာမည်ပေးချင်ရင် Also add these imported contacts to:New Group ကို
အမှန်ခြစ်ပေးလိုက်ပါ
ပြီးရင် Inport ကိုနှိပ်ပါ
What would you like to name this group? ဆိုပြီးမေးလာရင် ကြိုက်တဲ့ နာမည်ပေးလိုက်ပါ
ပြီးရင် Ok…
Upload လုပ်နေပါလိမ့်မယ်
ပြီးရင်
Ok,Ok,
**************************...Ok ပါပြီလို့ .. **************************



Last edited by solakoko on 26th April 2010, 7:23 pm; edited 1 time in total

moeyake

moeyake
Moderator



Moderator
မိုက်တယ် အကိုဆိုလာရေ
မှတ်မိပါသေးတယ်... မသိခင်တုန်းက ကိုယ့်ဆီမှာရှိတဲ့လူအကုန်လုံးကိုပို့ချင်တာ
နာမည်အစ စာလုံးတွေကိုရိုက်နေရတာ
အဟီး အဲလောက်ကိုပိန်းတာ :doh

solakoko

solakoko
Moderator



Moderator
လူတိုင်း ဒီလိုပါပဲ
ကျနော်ဆို Chatting လောက်ပဲသိခဲ့တာပါ
ခုလဲ အရင်လိုပါပဲ.
ဟဲဟဲ

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com