Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Windows XP tip Empty Windows XP tip 23rd April 2009, 11:26 pm

sHa92

sHa92
Founder



Founder
Windows XP မှာ trick တွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ လွယ်ကူပြီး အများနဲ့ အသုံးဝင်နိုင်မယ့် တစ်ချို့ အချက်တွေကို ရေးပေးလိုက်ပါတယ်။

*

Win+L ကိုနှိပ်ပြီး Welcome screen ကို သွားနိုင်ပါတယ်။
*

Win+L ကိုနှိပ်ပြီး သင့်ရဲ့ workstation ကိုသွားနိုင်ပါတယ်။
*

အသုံးပြုနေတဲ့ user account ကို Welcome screen ကို ပြန်သွားစရာ မလိုပဲ change လို့ရပါတယ်။ Task Manager ကို ဖွင့်လိုက်ပါ။ Users tab ကိုရွေးခြယ်ပေးပြီး အသုံးပြုမယ့် User account ကို right click နှိပ်ပြီး connect ကိုရွေးခြယ် ပေးလိုက်ပါ။
*

File တွေ Folder တွေကို တစ်ပြိုင်ထဲ နာမည် ပြောင်းလို့ ရပါတယ်။ သင်နာမည် ပြောင်းလိုတဲ့ file တွေ folder ကို select ပြုလုပ်လိုက်ပါ။ ထို file များနှင့် folder ထဲမှ ပထမ ဦးဆုံး တစ်ခုကို right click, rename ပြုလုပ်လိုက်ပါ။ သင်ရွေးခြယ်ပေးထားတဲ့ file များနှင့် folder များ နာမည် ပြောင်းသွားပါလိမ့်မယ်။
*

Shift key ကိုဖိထားပြီး view မှာ thumbnail ပြောင်းလိုက်ရင် file name တွေ ပျောက်ကုန်ပါလိမ့်မယ်။ ပြန်ပေါ်ချင်ရင်လဲ ဒီနည်းကိုပဲ အသုံးပြုနိုင်ပါတယ်။
*

Windows XP မှာ File တွေကို Drag ပြုလုပ်ပြီး နေရာတွေ ရွှေ့လို့ရပါတယ်။ Keyboard က short cut နည်းနည်း သုံးပြီး drag လုပ်ငန်းကို ပိုပြီး အစွမ်းထက်စေနိုင်ပါတယ်။
*

Ctrl ကိုဖိထားပြီး drag ပြုလုပ်ရင် Copy ပါ။
*

Shift ကိုဖိထားပြီး drag ပြုလုပ်ရင် move ပါ။
*

Alt ကိုဖိထားပြီး drag ပြုလုပ်ရင် shortcut တစ်ခု ပေါ်လာပါလိမ့်မယ်။
*

Folder တစ်ခုထဲမှာ folder.jpg နာမည်နဲ့ ပုံတစ်ပုံ save လိုက်ပါ။ ဒီပုံဟာ သူရှိနေတဲ့ folder အတွက် thumbnail ဖြစ်သွားပါလိမ့်မယ်။
*

File သို့မဟုတ် Folder ကိုဖြတ်ပြစ်မယ်ဆိုရင် shift ကိုဖိပြီး ဖြတ်တဲ့အခါ recycle bin ထဲရောက်မသွားပဲ ပျောက်သွားပါလိမ့်မယ်။
*

အကြောင်းအရာ တစ်ခုအတွက် Yes or No မေးခွန်းများ windows မှာ ခဏခဏ ပြတတ်ပါတယ်။ Overwrite လုပ်မှာလား ဆိုတာမျိုးကို ခဏခဏ ပြတတ်ပါတယ်။ Shift ကိုဖိပြီး No သို့မဟုတ် Yes ကိုရွေးပေးလိုက်ပါ။ No to All သို့မဟုတ် Yes to All ဖြစ်သွား ပါလိမ့်မယ်။
*

သင်ကြိုက်နှစ်သက်တဲ့ Application တစ်ခုကို right click menu ထဲက send to မှာ ထဲ့ထားပြီး အလွယ် တစ်ကူ အသုံးပြုလို့ ရပါတယ်။ Documents and Settings\user\SendTo စတဲ့ folder ထဲကို short cut သွားထည့် ပေးလိုက်ပါ။
*

Task Manager ကို ctrl+shift+escape နဲ့ခေါ်ယူလို့ ရပါတယ်။
*

Explorer တွေ အများကြီး ဖွင့်ထားရင် တစ်ပြိုင်ထဲ minimize သို့မဟုတ် close ပြုလုပ်လို့ ရပါတယ်။ Ctrl ကိုဖိထားပြီး taskbar မှာ right click နှိပ်ပြီး သင့်စိတ်ကြိုက် ရွေးခြယ်လိုက်ပါ။

IREBORN မှ ကူးယူတင်ပြပေးလိုက်ပါတယ်...

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com